22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 14, 2012

အီတလီ လူငယ် တိုက်စစ်မှူး ဘီရာဒီကို ဂျူဗင်းတပ်စ်နှင့် အပြိုင် မန်ယူကြိုးပမ်း

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဆယ်ကျော်သက် လူငယ် တိုက်စစ်မှူးလေး တစ်ဦးကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။


အီတလီ စီးရီးဘီ ကလပ်အသင်း ဆက်ဆူအိုလို အသင်းမှ အသက်(၁၈)နှစ်အရွယ် လူငယ် ကစားသမားလေး ဒိုမီနီကို ဘီရာဒီအား ခေါ်ယူရန် မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အထူးတလည် စိတ်ဝင်စားနေကြောင်း သက်ဆိုင်ရာ အသင်း၏ အထွေထွေ ဒါရိုက်တာက ပြောကြားခဲ့သည်။ လက်ရှိတွင် ဘီရာဒီသည် စီးရီးဘီတွင် တောက်ပသော ရာသီအစကို ဖြတ်သန်းနေပြီး (၁)ဂိုး သွင်းကာ အသင်းဖော်များ ဂိုးသွင်းနိုင်အောင် (၂)ကြိမ် ဖန်တီး ပေးထားပြီး ဖြစ်သည်။

ဘီရာဒီအား စီးရီးအေ လက်ရှိ ချန်ပီယံ ဂျူဗင်းတပ်စ်ကလည်း မျက်စိကျလျှက် ရှိနေသည်။ ဆက်ဆူအိုလို အသင်းမှ အထွေထွေ ဒါရိုက်တာ နီရီရို ဘိုနာတိုက အင်္ဂလန်နှင့် အီတလီတို့၏ အစဉ်အလာ အကြီးမားဆုံး ကလပ်ကြီးများက မိမိတို့ ကစားသမားကို စောင့်ကြည့်နေကြောင်း အတည်ပြုခဲ့သော်လည်း ခိုင်မာသည့် ကမ်းလှမ်းမှု မရှိသေးဟု ပြောကြားသွားသည်။ "မန်ယူဆီက စိတ်ဝင်စားမှု အကြောင်းလား။ ဟုတ်ကဲ့။ သူ့ကို မန်ယူ၊ ဂျူဗင်းတပ်စ်တို့အပြင် ကလပ်အသင်း တော်တော်များများက စိတ်ဝင်စား နေတယ်။ မကြာသေးခင်က ပွဲစဉ်တွေမှာ ဥရောပ ကလပ်တွေက ဘီရာဒီရဲ့ ခြေစွမ်းကို လာကြည့်ကြပါတယ်။ ကျွန်တော် ပြောနိုင်တာက လောလောဆယ် ဘယ်အသင်းကမှ ခိုင်ခိုင်မာမာ မကမ်းလှမ်း သေးပါဘူး။ ကျွန်တော်တို့ ခုချိန်မှာ ဘီရာဒီရဲ့ တိုးတက်မှုကို အကောင်းဆုံး ဖြစ်အောင် ပျိုးထောင်ပေးဖို့ပဲ စဉ်းစား  နေပါတယ်" ဟု ဘိုနာတိုက ဆိုသည်။

မန်ယူဆီက စိတ်ဝင်စားမှု အကြောင်းလား။ ဟုတ်ကဲ့။ သူ့ကို မန်ယူ၊ ဂျူဗင်းတပ်စ်တို့အပြင် ကလပ်အသင်း တော်တော်များများက စိတ်ဝင်စား နေတယ်...
ဘီရာဒီသည် ဆက်ဆူအိုလို အသင်းနှင့် (၂၀၁၅)ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေသော်လည်း သင့်တော်သည့် ကမ်းလှမ်းမှု ရှိပါက အသင်းမှ ထွက်ခွာ နိုင်ကြောင်းလည်း ဘိုနာတိုက အတည်ပြုခဲ့သည်။ "ကျွန်တော်တို့ ဖြစ်နိုင်ခြေ အားလုံးကို လမ်းဖွင့် ပေးထားတယ်။ အခြေအနေတွေ ဘယ်လို တိုးတက် ပြောင်းလဲလာတယ် ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့် နေဆဲပါ။ သူဟာ အသင်းနဲ့ (၂၀၁၅)ထိ စာချုပ် ထားပါတယ်။ ဒါပေမဲ့ အသင်းကြီးတွေက သူ့အတွက် ရှေ့တိုးလာမယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးဖြစ်မယ့် အခြေအနေ တစ်ရပ်ကို ကျွန်တော်တို့ ရွေးချယ်မှာပါ" ဟု ဘိုနာတိုက ပြောဆိုသွားသည်။ 
Ref: Sky Sports
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )