22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 14, 2012

မန်ယူမှ စောစော ထွက်ခဲ့သင့်ကြောင်း အိုဝင်ဝန်ခံ

မန်ချက်စတာ ယူနိုက်တက် အသင်းထံမှ ယခုထက် စော၍ ထွက်ခွာ ခဲ့သင့်ကြောင်း မိုက်ကယ်အိုဝင်က ထုတ်ဖော် ဝန်ခံလိုက်သည်။

အင်္ဂလန် လက်ရွေးစင်ဟောင်း တိုက်စစ်မှူးသည် မန်ယူအသင်းတွင် ၎င်း၏ ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ရရှိခဲ့သည့်တိုင် (၃)နှစ်တာ ကာလအတွင်း ဒဏ်ရာများဖြင့် ရုန်းကန်နေခဲ့ရသည်။ ထို့နောက်တွင်မူ ပြီးခဲ့သည့် နွေရာသီက စာချုပ်သက်တမ်း ကုန်ဆုံးပြီး အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာကာ စတုတ်ခ်စီးတီး အသင်းနှင့် စာချုပ်ဖြစ်ခဲ့သည်။ ၎င်းသည် မန်ယူအတွက် နောက်ဆုံး ကိုယ်စားပြု ပွဲစဉ်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပါဝင်ကစားပေးခဲ့သည်။
စတုတ်ခ်စီးတီး အသင်းတွင် လေ့ကျင့်ခန်းဆင်းနေသည့် အိုဝင်


အသက်(၃၂)နှစ် ရှိပြီဖြစ်သော လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် နယူးကာဆယ်လ် ယူနိုက်တက် တိုက်စစ်မှူးဟောင်းက "ပြန်ကြည့်ရင်တော့ ကျွန်တော်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ တခြားရွေးချယ်မှု တစ်ခုကို လုပ်သင့်ခဲ့တယ် ထင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒဏ်ရာတွေက ကျွန်တော့်အတွက် အဟန့်အတား ဖြစ်စေခဲ့တယ်။ ကျွန်တော် မန်ယူက ခုထက်စောပြီး ထွက်သင့်တယ်လို့တော့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ပါးစပ်ကတော့ မန်ယူနဲ့ ပတ်သက်ပြီး အဆိုးမြင် စကား တစ်ခွန်းမှ ပြောမှာ မဟုတ်ပါဘူး။ မန်ယူမှာ ကျွန်တော် ခမ်းနားတဲ့ အချိန်မျိုး ပိုင်ဆိုင်ခဲ့ပါတယ်" ဟု ပြောကြားသွားသည်။

ကျွန်တော် မန်ယူက ခုထက်စောပြီး ထွက်သင့်တယ်လို့တော့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ပါးစပ်ကတော့ မန်ယူနဲ့ ပတ်သက်ပြီး အဆိုးမြင် စကား တစ်ခွန်းမှ ပြောမှာ မဟုတ်ပါဘူး...
၎င်းက စတုတ်ခ်နှင့် အနာဂတ် အပေါ်တွင်လည်း "ကျွန်တော့်ကို မန်နေဂျာက ဘယ်လို သုံးမလဲ ဆိုတာ သေချာ မသိသေးဘူး။ ကျွန်တော့် အနေနဲ့ ပွဲတစ်ပွဲမှာ ပါဝင် ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရနေပြီလို့ (၁၀၀)ရာခိုင်နှုန်း မယုံကြည်သေးဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိ အခြေအနေကို ကျွန်တော် ပျော်ရွှင်ပါတယ်။ ကျွန်တော် ပွဲကစားခွင့် ရမယ့် ကာလက သူ့ဖာသာသူ ရောက်လာမှာပါ" ဟုလည်း မှတ်ချက်ပြုသွားသည်။
Ref: The Sun

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )