22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 14, 2012

အာဆင်နယ်နှင့် အလောတကြီး သက်တမ်းတိုးမည် မဟုတ်ဟု ဝင်းဂါးဆို

အာဆင်နယ် အသင်းတွင် ဆက်နေရန် ဆုံးဖြတ် ထားသော်လည်း သက်တမ်းတိုးရေး ကိစ္စကို အလောတကြီး လုပ်ဆောင်မည် မဟုတ်ကြောင်း မန်နေဂျာ အာစင်ဝင်းဂါးက ထုတ်ဖော် ပြောဆိုလိုက်သည်။
(၁၉၉၆)ခုနှစ် ကတည်းက အာဆင်နယ်ကို ဦးဆောင်မှု ပေးလာသည့် ပြင်သစ်သား မန်နေဂျာကြီးသည် အသင်းအတွက် ပရီးမီးယားလိဂ် ချန်ပီယံဆု (၃)ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ၎င်းသည် အာဆင်နယ်နှင့် နောက်ဆုံး (၇)ရာသီဆက် မည်သည့် ဆုဖလားကိုမျှ မရရှိ ခဲ့သော်လည်း အသင်းက ဝင်းဂါးအပေါ် ယုံကြည်မှု ပြသသည့် အနေဖြင့် စာချုပ်သက်တမ်း တိုးရန် ကမ်းလှမ်း သွားမည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း အသက်(၆၂)နှစ်ရှိ ဝင်းဂါးက မိမိသည် စာချုပ်သစ် ကိစ္စအပေါ် အလေးအနက် မစဉ်းစားအားသေးဟု ဆိုသည်။



"ကျွန်တော့် စာချုပ်က သက်တမ်း (၂)နှစ် ကျန်သေးတယ်။ လောလောဆယ် ကျွန်တော့်အတွက် တကယ်တမ်း အရေးကြီးနေတာက စနေညမှာ ကစားမယ့် ဆောက်သမ်တန်နဲ့ ပွဲစဉ်ပါ။ ကျွန်တော်ဟာ အသင်းအပေါ် စူးစိုက်မှုကို ပြီးခဲ့တဲ့ အတိတ်တွေကတည်းက ပြသခဲ့ပြီးပြီ ထင်ပါတယ်" ဟု ဝင်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော်ဟာ အာဆင်နယ်သား တစ်ယောက်ပါ။ ဒါကို အမြဲတမ်း သက်သေပြခဲ့ပါတယ်။ ကျွန်တော် အသင်းအတွက် ကောင်းကောင်း မလုပ်ပေးနိုင်ဘူးလို့ ထင်ရင်တော့ အနာဂတ်ကို စဉ်းစားမှာပါ။ အချိန်(၂)နှစ်ဆိုတာက အကြာကြီး လိုသေးတာပါ။ လောလောဆယ် အသင်းရဲ့ ကောင်းကျိုး အတွက်ပဲ ကျွန်တော် လုပ်နိုင်တာကို လုပ်နေပါမယ်" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
ကျွန်တော့်စာချုပ်က သက်တမ်း (၂)နှစ် ကျန်သေးတယ်။ လောလောဆယ် ကျွန်တော့်အတွက် တကယ်တမ်း အရေးကြီးနေတာက စနေညမှာ ကစားမယ့် ဆောက်သမ်တန်နဲ့ ပွဲစဉ်ပါ။ ကျွန်တော်ဟာ အသင်းအပေါ် စူးစိုက်မှုကို ပြီးခဲ့တဲ့ အတိတ်တွေကတည်းက ပြသခဲ့ပြီးပြီ ထင်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )