22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

မန်ယူ တိုက်စစ်တွင် ဝဲလ်ဘက် ပွဲများများ ကစားခွင့် ရစေလိုကြောင်း ကာရစ်ဆို

မန်ချက်စတာ ယူနိုက်တက် အသင်းတွင် တိုက်စစ် အင်အားစုများ ပေါကြွယ်ဝ နေသော်လည်း လူငယ် ကစားသမား ဒန်နီဝဲလ်ဘက် အတွက် အခွင့်အရေး ရှိနေစေလိုကြောင်း မိုက်ကယ်ကာရစ်က ပြောကြားခဲ့သည်။

မန်ယူ အသင်း၏ ကွင်းလယ် ကစားသမားက ရော်ဘင်ဗန်ပါစီ လတ်တလော အကောင်းဆုံး ခြေစွမ်းပြနေသည့် မန်ယူ တိုက်စစ်တွင် ဝဲလ်ဘက် အနေဖြင့် တစ်ထောင့် တစ်နေရာမှ ခြေစွမ်းပြခွင့် ရသင့်ကြောင်း ယုံကြည်နေသည်။ ဝဲလ်ဘက်သည် အင်္ဂလန် လက်ရွေးစင် အသင်း၏ အနာဂတ်တွင် အားထားရမည့် လူငယ် တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသော်လည်း ယခုအခါ ဗန်ပါစီကြောင့် ပွဲထွက်နေရာ ပျောက်ဆုံးမည့် အခြေအနေ ဖြစ်နေသည်။ ကာရစ်ကမူ မိမိ၏ လက်ရွေးစင် အသင်းဖော်သည် မန်ယူ တိုက်စစ်တွင် အခွင့်အလမ်း များစွာ ရရှိစေမည်ဟု မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သည်။
မန်ယူမှ တိုက်စစ်မှူးနှစ်ဦး

မန်ယူသည် လက်ရှိ အချိန်တွင် ဝဲလ်ဘက်နှင့် ဗန်ပါစီအပြင် အဓိက တိုက်စစ်မှူး ဝိန်းရွန်နီ၊ မက္ကစီကို လက်ရွေးစင် ဟာဗီးယား ဟာနန်ဒက်ဇ်နှင့် ချီလီ၏ တက်သစ်စ လူငယ်လေး အန်ဂျလို ဟန်ရီကက်ဇ်တို့ကို တိုက်စစ်အတွက် စုစည်းထားသည်။ ကာရစ်က "ကျွန်တော်တို့ အသင်းမှာ တိုက်စစ်အတွက် ရွေးချယ်စရာ (၅)ယောက် ရှိပါတယ်။ ဝဲလ်ဘက်အတွက် အားသာတဲ့ တစ်ချက်ကတော့ သူဟာ စွယ်စုံရပြီး တခြားနေရာတွေမှာလည်း ကစားတတ်သေးတယ် ဆိုတာပါပဲ။ သူဟာ တောင်ပံတွေမှာလည်း အကောင်းဆုံး ကစားတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဝဲလ်ဘက် အနေနဲ့ အသင်းရဲ့ ထိုးစစ်မှာ အကြိမ်အတော်များများ ပါဝင်ကစားပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူ့အနေနဲ့ ဂိုးတွေလည်း သွင်းနိုင်မယ် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဝဲလ်ဘက်အတွက် အားသာတဲ့ တစ်ချက်ကတော့ သူဟာ စွယ်စုံရပြီး တခြားနေရာတွေမှာလည်း ကစားတတ်သေးတယ် ဆိုတာပါပဲ။ သူဟာ တောင်ပံတွေမှာလည်း အကောင်းဆုံး ကစားတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဝဲလ်ဘက် အနေနဲ့ အသင်းရဲ့ ထိုးစစ်မှာ အကြိမ်အတော်များများ ပါဝင်ကစားပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်...
၎င်းက ဆက်လက်၍ "ဝဲလ်ဘက်ဟာ အများကြီး ငယ်ရွယ်ပါသေးတယ်။ တိုက်စစ်မှာ ဗန်ပါစီနဲ့ ရွန်နီတို့ ဘယ်လို ကစားတယ်ဆိုတာ ကြည့်နေရတာကိုက သူ့အတွက် တိုးတက်ဖို့ အခွင့်အလမ်းပါပဲ။ သူဟာ ခုထက်ပိုပြီး အများကြီး စွမ်းဆောင်ပြနိုင်ဦးမယ့် ကစားသမားလေးပါ"ဟုလည်း ဝဲလ်ဘက်အပေါ် ချီးကျူးပြောဆိုသွားသည်။
Ref: Goal

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )