22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 9, 2012

ယုက်မာ ပတ်စက်သော မုဒိမ်းမူ


သို့/
ဦးဝီရသူ
မစိုးရိမ်တိုက်သစ် 
ပရိယတ္တိစာသင်တိုက်
မန္တလေးမြို့။


ရက်စွဲ၊ ၂၀၁၂-ခုနှစ်၊ စတင်ဘာလ(၂)ရက်

ရိုသေစွာ ဦးတင်လျှောက်ထားအပ်ပါသည် ဘုရား…..

၁။ ဘုရားတပည့်တော်မသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အိမ်အမှတ်(-----)၊ စန္ဒာလမ်း၊ ရက်ကွက်ကြီး(----)တွင် နေထိုင်သည့် အဘ ဦး……၊ အမိ ဒေါ်…….တို့၏ သားသမီး(၄)ဦးအနက် သမီးအကြီးဖြစ်သူ မ…….(ခ)……..၊ အသက်(၃၄)နှစ်၊ မှတ်ပုံတင်အမှတ်(…………….)ဖြစ်ပါသည် အရှင်ဘုရား။

၂။ ဘုရားတပည့်တော်မသည် မိသားစုတွင် သမီးအကြီးဆုံးဖြစ်သည်ကတစ်ကြောင်း၊ မိသားစု(၆)
ဦးအတွက် ဖခင်တစ်ဦးတည်း၏ ဝင်ငွေနှင့် မိသားစု စားဝတ်နေရေးအတွက် ရပ်တည်ရန် ခက်ခဲသည်ကတစ်ကြောင်း၊ ညီမအငယ်(၃)ဦး၏ ပညာရေးအတွက် ကူညီပံ့ပိုးလိုသည်က
တစ်ကြောင်း၊

 ထို့ကြောင့် တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးစေရန် ပြင်ဦးလွင်မြို့၊
 ဂေါက်ကွင်းအတွင်း ဖွင့်လှစ်ထားသော “KM” ဂေါက်အပိုပစ္စည်းဆိုင်တွင် အရောင်း
စာရေးမအဖြစ် ၂၀၁၀ခုနှစ် (၁၀)လပိုင်းတွင် အလုပ်စတင် ဝင်ရောက်
လုပ်ကိုင်ခဲ့ပါသည်။


၎င်း “KM”ဂေါက်အပို ပစ္စည်းဆိုင်၏ ဆိုင်တာဝန်ခံ(မန်နေဂျာ)မှာ ပြင်ဦးလွင်မြို့၊ သစ်ထုတ်
လုပ်ရေး ဝန်းအတွင်းနေ မွတ်ဆလင်ကုလားဖြစ်သူ အသက်(၅၅)နှစ်အရွယ်ရှိ ဦးအေးမြင့်
 ဖြစ်ပါသည်။

 ဦးအေးမြင့်အား အဆိုပါဆိုင်တွင် အလုပ်မဝင်ခင်ကတည်းကပင် တပည့်တော်မတို့
 နေထိုင်သည့် အိမ်အနီးရှိ ဂေါက်လေ့ကျင့်ရေးကွင်းတွင် တွေ့မြင်ဖူးပြီး ၄င်းမှပင်
တပည့်တော်မအား “KM”ဂေါက်ပစ္စည်း အရောင်းဆိုင်တွင် အလုပ်ခန့်ထားပေးခဲ့ခြင်း
 ဖြစ်ပါသည်။

၃။ ထိုသို့ “KM”ဂေါက်အပိုပစ္စည်းဆိုင်တွင် တာဝန်ထမ်းဆောင်နေရင်း ၂၀၁၁-ခုနှစ်၊ ဇူလိုင်လအတွင်း၏ နေ့တစ်နေ့ (နေ့ရက်မမှတ်မိ) နေ့လည်(၁၂)နာရီဝန်းကျင်တွင် Golfer-များ ဂေါက်ကွင်းဝန်ထမ်းများ ကယ်ရီများ နေ့လည်ထမင်းစား ပြန် ချိန်တွင်
တပည့်တော်မမှ ဆိုင်အတွင်းရှိ အိမ်သာသို့ဝင်ပြီး ပြန်အထွက်တွင် ဦးအေးမြင့်မှ
တပည့်တော်မအား အိမ်သာထဲသို့ လက်ဖြင့်ဆောင့်တွန်းကာ တံခါးပိတ်၍ ၎င်းတွင်
အသင့်ပါလာသော ဓားဖြင့် တပည့်တော်မအား ထောက်ပြီး “နင်မအော်နဲ့၊

 အော်လျှင်သတ်ပစ်မည်”ဟု ပြောပြီး အိမ်သာအုတ်နံရံနှင့် တပည့်တော်မ၏ ဦးခေါင်းအား(၃)
ချက်ခန့် ဆောင့်တိုက်ပြီး ဦးခေါင်းမူးဝေနေစဉ် အလိုမတူဘဲ သားမယားအဖြစ် အတင်းအဓမ္မပြုကျင့် စော်ကားခဲ့ပါသည်။

တပည့်တော်မမှ မိဘများနှင့် သက်ဆိုင်ရာသို့ တိုင်ကြားမည်ဟု ငိုယို၍ပြောရာ အလိုမတူဘဲ
အဓမ္မပြုကျင့်သူ ဦးအေးမြင့်မှ “င့ါသိက္ခာကျအောင်လုပ်ကြည့်၊ နင်နှင့်အတူနင့်ညီမတွေကိုပါ
အရှက်ခွဲပြီး အသေသတ်ပစ်မယ်၊ ရဲတိုင်လျှင်လည်း ငါ့အစ်ကိုမှာ သိန်း(၂၀၀၀)လောက်ရှိတယ်၊

ငါ့မိသားစုမှာလည်း ငွေရှိတယ်၊ နင်အမှုဖွင့်လျှင် နိုင်မည်ထင်နေလား၊ ဥပဒေဆိုတာငွေနှင့်
ပိတ်လျှင်ရတယ်၊

တရားသူကြီးနှင့် ရှေ့နေတွေထဲမှာ ငါ့အသိတွေအများကြီးရှိတယ်၊ ငါ့မှာအဖွဲ့အစည်းတွေ
လည်းရှိတယ်၊

နင့်မှာငွေမရှိလျှင် Golfer-တွေရဲ့ စပွန်စာလုပ်လိုက်ပါလား၊ တရားဥပဒေနှင့် ရင်ဆိုင်မယ်ဆိုလျှင် ငွေအရင်ရှာထားလိုက်ဦး။”ဟု ခြိမ်းခြောက်ပြောဆိုပါသည်။

၎။ တပည့်တော်မအား အထက်ပါကဲ့သို့ ပြုကျင့်ပြီး ဦးအေးမြင့်မှ အတင်းထိုင်ခိုင်းပြီး မိန်းမကိုယ်အား ရေဆေးခိုင်းခြင်း၊ သက်သေခံ အတွင်းခံဘောင်းဘီိကိုလည်း အတင်းချွတ်၍
သူကိုယ်တိုင် ယူဆောင်သွားခဲ့ပါသည်။

ထို့ပြင် “နင်ဗိုက်ကြီးလျှင် ငါတာဝန်ယူနေရမည်ဆိုပြီး” ၎င်းနှင့်အသင့်ပါလာသော ဆေးကပ်
အသေးလေးထဲရှိ အဖြူရောင်ဆေး(၂)လုံးမှ ဆေးတစ်လုံးကို တပည့်တော်မအား အဓမ္မသောက်ခိုင်းသည့်အတွက် သောက်ခဲ့ရပါသည်။

 ၎င်း ဦးအေးမြင့်မှပင် “နင်အလုပ်ထွက်မည်ဆို လျှင်လည်း ငါကစီးပွားရေးနှင့် ဘွဲ့ရထားတာ၊ နင်ရောင်းချသော ဆိုင်မှပစ္စည်းများအား စာရင်းအင်းပညာဖြင့် ပစ္စည်းစာရင်းကွာရန်၊

 ရောင်းကြေးငွေကွာရန် လုပ်ကြံလိမ်လည်၍ ငွေပစ္စည်းအလွဲသုံးစားမှုနှင့် တရားစွဲထောင်ချပစ်မည်
”ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် တပည့်တော်မမှ မည်သူကိုမျှ မတိုင်ရဲ၊

အသိမပေးရဲဘဲ ကြောက်ရွံ့လျက်သာ တိတ်တစိတ် ဒုက္ခရောက်နေခဲ့ ရပါသည်။ အထက်ပါကဲ့သို့ အိမ်သာအတွင်း အနိုင်ကျင့် ဖျက်ဆီးစော်ကားပြီး နောက်ပိုင်းတွင်လည်း အခြားတစ်နေရာသို့
၎င်းနှင့်အတူ လိုက်ပါ၍ ကာမစပ်ယှက်ရန် ချော့တစ်ခါ၊ ချောက်တစ်လှည့်ဖြင့် ခေါ်ဆိုခဲ့ပြီး
 တပည့်တော်မ နည်းအမျိုးမျိုးနှင့် လိုက်ပါရန် ငြင်းဆန်ခဲ့ရပါသည်။

 ၎င်းဦးစီးရသည့် “KM”ဂေါက်အပိုပစ္စည်းဆိုင်တွင်လည်း ဗုဒ္ဓဘာသာမြန်မာမှု ဓလေ့ထုံးစံအရ ဘုရားစာရွတ်ဆိုခြင်း၊ ပုတီးစိပ်ခြင်း၊ ဘုရားရှိခိုးခြင်းများ လုံးဝမပြုလုပ်ဘဲ တပည့်တော်မအိမ်မှ ထုတ်လာသော ထမင်းချိုင့်ကိုပင်၊ ၀က်သားမယူရ၊

 ဈေးဝယ်လျှင်ပင်ဗုဒ္ဓဘာသာဆိုင်တွင် မ၀ယ်ရဘဲ ၎င်းတို့၏ မူဆလင်ဆိုင်တွင်သာ ဈေးဝယ်စေပြီး လူမှုရေး၊ ဘာသာရေးများ ချိုးနှိမ်ခံခဲ့ရပါသည်။ ၎င်းဆိုင်တွင် အလှူခံလာသော ဗုဒ္ဓဘာသာ သီလရှင်၊ ဘုန်းကြီးရဟန်း၊ လူပုဂ္ဂိုလ်များကိုပင် အလှူငွေ လောင်းလှူခြင်း မပြုရပါ။

၅။ ထို့သို့ နေလာရင်း လွန်ခဲ့သည့်(၁၄-၅-၂၀၁၂)ရက်နေ့ ညနေ(၅)နာရီခန့်တွင် တပည့်တော်မ တာဝန်ယူရောင်းရသည့် ဂေါက်အပိုပစ္စည်းများ လိုအပ်နေပါ၍ ဦးအေးမြင့်ထံ ဖုန်းဆက်ရာ ဖုန်းပိတ်ထားသဖြင့် ဦးအေးမြင့်မှ အရေးကြီးလျှင် ဆက်သွယ်ရန် ပေးထားသော ၎င်း၏ညီမဖုန်းအား
 ဆက်ရာ ဦးအေးမြင့်၏ ညီမက “နင့်ငါ့ဖုန်းဆက်စရာမလိုဘူး

 ငါ့အစ်ကိုနားကပ်လို့ ရမယ်ထင်နေသလား”ဟု ပြောပြီး မိုက်မိုက်ရိုင်းရိုင်း
 ဆဲဆိုကြိမ်းမောင်းကာဖုန်းပိတ်သွားပါသည်။

ခဏအကြာတွင် တပည့်တော်မ၏ ဖခင်မှ ဆိုင်သို့လာပြီး အိမ်တွင် ဦးအေးမြင့်၏ အစ်မနှင့်
ညီမဟု ဆိုသူများက ပြဿနာလာရှာနေကြောင်း၊ လိုက်ရှင်းဦးဟု ပြော၍ တပည့်တော်မလည်း
ဆိုင်သို့ ဦးအေးမြင့်ပါ ထပ်ရောက်လာသဖြင့် ၄င်းကိုပါ လိုက်လံဖြေရှင်းပေးရန် ခေါ်ဆောင်
လာခဲ့ပါသည်။

တပည့်တော်မ၏ နေအိမ်ခြံဝန်းအတွင်းသို့ အရောက်တွင် အိမ်အတွင်းသို့ အရင်ရောက်ရှိနေသော ဦးအေးမြင့်၏ အစ်မနှင့် ညီမမှ “နင်အလုပ်က အခုချက်ချင်းထွက်၊ ငါ့အစ်ကိုနားကို ကပ်ချင်မနေနဲ့”ဟု စွပ်စွဲပြောဆိုပြီး ဆဲဆိုခြိမ်းခြောက်ကာ တပည့်တော်မ ဆံပင်အား ၀ိုင်းဆွဲပြီး၊ ပါးရိုက်ခြင်း၊ ထုထောင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

 ထိုအချိန်မှ တပည့်တော်မ၏ မိဘများမှ သတိဝင်လာကာ အနိုင်အထက်မပြုလုပ်ရန်၊ လက်မပါရန် ၀င်ရောက်ပြောဆိုမှသာ တပည့်တော်မအား ရိုက်နှက်သတ်ပုတ်ခြင်းမှ လွတ်မြောက်ခဲ့ပါသည်။

တပည့်တော်မလည်း မည်သို့မျှ မြိုသိပ်မထားနိုင်တော့ဘဲ ဦးအေးမြင့်မှ သားမယားအဖြစ်အဓမ္မ အလိုမတူဘဲ ပြုကျင့်ခဲ့ကြောင်း မိဘများအား ဖွင့်ပြောတိုင်ကြားခဲ့ပါသည်။ တပည့်တော်မ၏
မိဘများက ဦးအေးမြင့်အား မေးမြန်းရာ အထက်ပါကဲ့သို့ တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း
ဝန်ခံခဲ့ပါသည်။

သို့အတွက်(၁၈-၉-၂၀၁၁)ရက်နေ့၌ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် တပည့်တော်မ၏ အမှုကိုလိုက်ပါဆောင်ရွက် ပေးမည့် ရှေ့နေအဖွဲ့နှင့်အတူ အမှုဖွင့် တရားစွဲဆိုခဲ့ရာ မြို့နယ်ရဲ
တပ်ဖွဲ့စခန်း၌ သက်သေခံပစ္စည်းလည်း မရှိတော့ခြင်း၊

 အချိန်လည်း ကြာပြီဖြစ်သည့်အတွက် အတင်းအဓမ္မတစ်ကြိမ်ကျူးလွန်သည့်အစား အကြိမ်ကြိမ်ကျူးလွန်သည်ဟု တိုင်မှသာလျှင် ပြစ်မှုမြောက်မည်ဟု တပည့်တော်မ၏
အမှုအား လိုက်ပါဆောင်ရွက်ပေးသည့် ဥပဒေအကျိုးဆောင်ရှေ့နေ၊ အမှုစစ်အရာရှိနှင့်
 ရဲစခန်းမှ အတင်းအဓမ္မပြောဆို၍ အမှုတိုင်ချက်အား လက်မှတ်ရေးထိုးစေခဲ့သဖြင့်
မသိနားမလည်စွာ လက်မှတ်ရေးထိုးပေးလိုက် ရပါသည်။

တပည့်တော်မနှင့်တကွ မိသားစုများမှလည်း ထိုကဲ့သို့ မမှန်မကန် လက်မှတ်ရေး
ထိုးပေးရသည်ကို စိတ်မချမ်းမြေ့သ ဖြင့် အခြားနားလည်တက်ကျွမ်းသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့နှင့် ပြောဆိုတိုင်ပင်ကြည့်မှသာလျှင် အထက်ပါတိုင်ကြားချက် သည်

အမှုပေါ့လျော့အောင် ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရှိရပါသဖြင့် တရားသဖြင့် လိုက်ပါဆောင်ရွက်ပေးသည့် ပရဟိတ စိတ်သက်သက်ဖြင့် လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေအကျိုးဆောင်ရှေ့နေများနှင့် ချိတ်ဆက်မိ၍ ယခုအခါ တရားရုံးတွင် စစ်ဆေးနေဆဲ
 ဖြစ်ပါသည်။

တရားလိုဖြစ်သော တပည့်တော်မ တစ်ဦးတည်းပင် ရုံးချိန်း(၃)ကြိမ်ခန့် စစ်ဆေးရာ ယနေ့
ထက်တိုင် ပြီးပြတ်အောင် စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် သက်ဆိုင်ရာ အဖွဲ့စည်း (ဌာနဆိုင်ရာ)များကိုပင် အပြည့်အ၀ ယုံကြည်အားထားရန် မဖြစ်နိုင်ကြောင်းသံသယ
 ဖြစ်မိပါသည်။

သို့ဖြစ်ပါ၍ ဘာသာရေး၊ သာသနာရေး၊ လူမျိုးရေးနှင့် ပက်သက်၍ မေတ္တာရှေ့ထား ကူညီဆောင်ရွက်ပေးပါသော ဆရာတော် ၀ီရသူ(မစိုးရိမ်)အား ယခုရင်ဆိုင်နေရသော
လူမျိုးခြား/ဘာသာခြား တစ်ဦး၏ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးကောင်း တစ်ဦးအပေါ် အဓမ္မအနိုင်
ကျင့် ဖျက်ဆီးသည့် ကိစ္စရပ်အား အမှုမှန်ပေါ်ပေါက်ရေးနှင့် လိုအပ်သော တရားဥပဒေအဖြစ်ဒဏ်၊ လူမှုရေးအပြစ်ဒဏ်၊ ဘာသာသာသနာရေးအပြစ်ဒဏ်များ တရားမျှတစွာ ချမှတ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် လေးမြတ်စွာ အသနားခံလျှောက်ထားအပ်ပါသည်ဘုရား။

တပည့်တော်မကိုယ်တိုင်လည်း နောင်မျိုးဆက် ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများ တပည့်တော်မကဲ့သို့ လူမျိုးခြား၊ ဘာသာခြား၏ အနိုင်အထက်စော်ကား မခံရလေအောင် စံနမူနာပြ၍ အရှက်နှင့်သိက္ခာကို ပဓာနမထားဘဲ ရဲရဲရင့်ရင့် ရင်ဆိုင်မည်ဟု ကတိသစ္စာပြု၍ ယခုအမှုကိုအမှုမှန်ပေါ်သည်အထိ ဖြေရှင်း
ပါမည်ဟု ထပ်လောင်းလျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား…………………



ရှိခိုးဦးတင်လျှက်

(အနိုင်ကျင့်ခံရသူ မိန်းကလေးတစ်ဦး)

ပြင်ဦးလွင်မြို့။
ကိုဖြိုး ပြင်ဦးလွင်မှ ပို့  ပေးသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )