22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 7, 2012

နာနီ၏ လုပ်ခလစာ တောင်းဆိုမှု များပြားခြင်းကြောင့် ဇင်းနစ် လက်လျှော့ခဲ့

မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ်နာနီကို ခေါ်ယူရန် ကြိုးပမ်း ခဲ့သော်လည်း ကစားသမား၏ လက်တွေ့မကျသော လုပ်ခလစာ တောင်းဆိုမှုကြောင့် ဇင်းနစ် စိန့်ပီတာစဘာ့ဂ် အသင်းက လက်လျှော့သွားကြောင်း သိရသည်။
ရုရှား ကလပ်သည် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲတွင် အေဇယ်လ်ဝစ်ဆဲလ်နှင့် ဟော့ခ်တို့ကို သိမ်းသွင်း ခေါ်ယူကာ အသင်းအင်အားကို တိုးချဲ့ တည်ဆောက်နိုင်ခဲ့သည်။ ကလပ် အသင်း၏ အထွေထွေ ဒါရိုက်တာ မက်ဆင်မ် မီထရိုဖာနော့ဗ်က မိမိတို့သည် ပေါ်တူဂီ လက်ရွေးစင် နာနီကို ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ပြောဆိုသွားသည်။ လက်ရှိတွင် နာနီသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၃၀၀၀၀)ဖြင့် သက်တမ်းတိုး စာချုပ်ရန် အိုးလ်ထရက်ဖို့ဒ် အာဏာပိုင် များအား တောင်းဆိုထားပြီး လက်တွေ့ မအောင်မြင်သေးချေ။



မီထရိုဖာနော့ဗ်က "ကျွန်တော်တို့ နာနီနဲ့ ဂျိုအို မော်တင်ဟိုတို့အတွက် ဆွေးနွေးခဲ့တယ် ဆိုတာက အမှန်ပါပဲ။ ဒါပေမဲ့ ဟော့ခ်နဲ့ ဝစ်ဆဲလ်တို့က ကျွန်တော်တို့ အသင်းရဲ့ ဦးစားပေး ရည်မှန်းချက်တွေပါ"ဟု ဆိုသည်။ ဇင်းနစ်သည် အဆိုပါ ကစားသမား နှစ်ဦးအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၉၀)ကျော် သုံးစွဲခဲ့သည်။ အသက်(၂၅)နှစ်ရှိ နာနီသည် မန်ယူ အသင်းတွင် အန်တိုနီယို ဗလန်စီယာ၊ အက်ရှ်လေယန်းတို့နှင့် နေရာလု ယှဉ်ပြိုင်နေရပြီး စာချုပ်သက်တမ်း ကိစ္စမှာလည်း ယခုထိ ပြေလည်မှု မရသေးဘဲ ကြန့်ကြာလျှက် ရှိသည်။
ကလပ်အသင်း၏ အထွေထွေ ဒါရိုက်တာ မက်ဆင်မ် မီထရိုဖာနော့ဗ်က မိမိတို့သည် ပေါ်တူဂီ လက်ရွေးစင် နာနီကို ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ပြောဆိုသွား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )