မြန်မာ နေရှင်နယ်လိဂ် ၂၀၁၂ ပြိုင်ပွဲတွင်သာ ချန်ပီယံ ဖြစ်လာမည် ဆိုပါက ကမ္ဘောဇ အသင်းအား အသင်းပိုင်ရှင် ဖြစ်သူက စံချိန်တင် ဆုကြေးတစ်ရပ် ပေးအပ် ချီးမြှင့်ဖွယ် ရှိနေကြောင်း သိရသည်။
ယနေ့ထုတ် ပြည်တွင်း အားကစား ဂျာနယ်တစ်စောင် ဖြစ်သည့် Sport Times က ကမ္ဘောဇ အသင်း အနေဖြင့် အမှတ်ပေး ချန်ပီယံ ဆုအား ရရှိမည်ဆိုပါက အသင်းပိုင်ရှင် ထံမှ ဆုကြေးငွေ ကျပ် သိန်း ၆၀၀၀ အထိ ချီးမြှင့်ခြင်း ခံရမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ရေးသားဖော်ပြ ခဲ့သည်။ ထိုပမာဏသည် ယမန်နှစ်က အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့သည့် ရန်ကုန် ယူနိုက်တက် အသင်းအား အသင်းပိုင်ရှင် ဖြစ်သူက ချီးမြှင့်ခဲ့သည့် အမေရိကန် ဒေါ်လာ ၃သိန်းထက် နှစ်ဆမက များပြားနေရာ နေရှင်နယ်လိဂ် သမိုင်းတွင်လည်း အမြင့်မားဆုံး ဆုကြေးတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။
ထိုပမာဏသည် ယမန်နှစ်က အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့သည့် ရန်ကုန် ယူနိုက်တက် အသင်းအား အသင်းပိုင်ရှင် ဖြစ်သူက ချီးမြှင့်ခဲ့သည့် အမေရိကန် ဒေါ်လာ ၃သိန်းထက် နှစ်ဆမက များပြားနေရာ နေရှင်နယ်လိဂ် သမိုင်းတွင်လည်း အမြင့်မားဆုံး ဆုကြေးတစ်ရပ် ဖြစ်လာမည်ဖြစ်...သို့သော် ကမ္ဘောဇ အသင်း၏ ချန်ပီယံ မျှော်လင့်ချက်မှာ ၎င်းတို့ အသင်း၏ လက်ထဲတွင် ရှိမနေဘဲ စက်တင်ဘာ ၈ရက်နေ့တွင် ကစားမည့် ရန်ကုန် - ဧရာဝတီ ပွဲစဉ်၏ ရလဒ် အပေါ်တွင် တည်မှီနေကြောင်း တွေ့ရသည်။ ကမ္ဘောဇ အသင်းသည် ယနေ့ ညနေ ၄နာရီ အချိန်တွင် သုဝဏ္ဏကွင်း၌ ၎င်းတို့၏ နောက်ဆုံး လိဂ်ပွဲစဉ် အဖြစ် အသင်းငယ် ဇွဲကပင် ယူနိုက်တက်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ယခုနှစ် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်လာသည့် အသင်းသည် ပြိုင်ပွဲ ကျင်းပရေးမှ ချီးမြှင့်မည့် ဆုကြေးငွေ ကျပ်သိန်း ၁၀၀၀ ကိုလည်း လက်ခံ ရရှိဦးမည် ဖြစ်ကာ ယမန်နှစ်က ချန်ပီယံ ဖြစ်ခဲ့သည့် ရန်ကုန် အသင်းအား ပြိုင်ပွဲ ကျင်းပရေးမှ ကျပ် သိန်း ၅၀၀ ချီးမြှင့်ခဲ့သည်။
11:49 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com