မို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်တွင် ကစားရန် မိမိ၏ သားဖြစ်သူက ဆန္ဒ ရှိနေကြောင်း ထုတ်ဖော် ပြောဆိုမှုသည် အပြစ် တစ်ခု မဟုတ်ကြောင်း ရာဒါမယ်လ် ဖယ်လ်ကာအို၏ ဖခင်က ထပ်လောင်း ပြောကြားလိုက်သည်။
ရာဒါမယ်လ် ဂါစီယာက မိမိ၏ သားသည် လက်ရှိ ကလပ်အသင်း အက်သလက်တီကို မက်ဒရစ်၏ မြို့ခံပြိုင်ဘက်ဖြစ်သော ရီးယဲလ်အသင်း၏ ဂျာစီကို ဝတ်ဆင်ရန် ဆန္ဒ ရှိနေကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဖယ်လ်ကာအိုက ငြင်းဆိုခြင်း မပြုသော်လည်း မိမိသည် လတ်တလောတွင် အက်သလက်တီကို အတွက် ဆုဖလားများ ရယူပေးရန်သာ အာရုံ စိုက်နေကြောင်း Twitter တွင် ရေးသားကာ ပရိသတ်များ၏ ဒေါသကို နှစ်သိမ့် ခဲ့ရသည်။ သို့သော်လည်း ဂါစီယာက သားဖြစ်သူ၏ ငယ်ဘဝကတည်းက မက်လာသော အိပ်မက်ကို ဖုံးကွယ် ထားစရာ မရှိဟု ပြောဆိုသွားသည်။
ရီးယဲလ်သို့ ပြောင်းရွှေ့ချင်နေသည့် ဖယ်လ်ကာအို
ဥရောပ စူပါဖလားတွင် ချယ်လ်ဆီးဘက်သို့ Hat-Trick သွင်းခဲ့သည့် အသက်(၂၆)နှစ်ရှိ ကစားသမားသည် လက်ရှိ ယူရိုသန်း(၆၀)မျှ ပေါက်ဈေးရှိနေသည်။ ၎င်းကို ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီးတို့က စိတ်ဝင်စားလျှက် ရှိနေသည်။ ဂါစီယာက "ကျွန်တော့်သားက ရီးယဲလ်မှာ ကစားချင်တယ်လို့ ပြောတာက အပြစ်မှ မဟုတ်တာ။ သူဟာ ကမ္ဘာပေါ်က အကောင်းဆုံး အသင်းတွေမှာ ကစားဖို့ စိတ်ကူးရှိနေသူပါ။ သူ့ရဲ့ အနာဂတ် ကလပ် အသင်းကိုတော့ သူကိုယ်တိုင် ဆုံးဖြတ်ဖို့ လိုပါတယ်"ဟု ထပ်မံ ပြောကြားခဲ့သည်။
ကျွန်တော့်သားက ရီးယဲလ်မှာ ကစားချင်တယ်လို့ ပြောတာက အပြစ်မှ မဟုတ်တာ။ သူဟာ ကမ္ဘာပေါ်က အကောင်းဆုံး အသင်းတွေမှာ ကစားဖို့ စိတ်ကူးရှိနေသူပါ။ သူ့ရဲ့ အနာဂတ် ကလပ် အသင်းကိုတော့ သူကိုယ်တိုင် ဆုံးဖြတ်ဖို့ လိုပါတယ်...
ဂါစီယာက မကြာသေးမီက မိမိ၏သားသည် ရီးယဲလ်တွင် ကစားရန် အစဉ်သဖြင့် အိပ်မက်တစ်ခု ရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သေးသည်။ ဥရောပ၏ အန္တရာယ် အပေးနိုင်ဆုံး တိုက်စစ်သမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရသော ဖယ်လ်ကာအိုသည် ပြီးခဲ့သည့် ရာသီက အက်သလက်တီကို အတွက် (၅၃)ပွဲ ကစားပြီး (၄၂)ဂိုး သွင်းယူနိုင်ခဲ့သည်။
Ref: Goal
11:49 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com