လာမည့် စက်တင်ဘာ ၈ရက်နေ့ ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ကစားမည့် ဧရာဝာတီ ယူနိုက်တက် အသင်းနှင့် အဆုံးအဖြတ် ပွဲစဉ် အတွက် ပြည်ပဒိုင် တစ်ဦးအား ခေါ်ယူ အသုံးပြုရန် ရန်ကုန် ယူနိုက်တက် အသင်းက ပြိုင်ပွဲ ကျင်းပရေးထံသို့ တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုတောင်းဆိုမှု အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ လက်ခံ ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ယနေ့ထုတ် Sport Times ဂျာနယ်သို့ ရန်ကုန် ယူနိုက်တက် အသင်း အုပ်ချုပ်သူ ဦးအောင်မြင့်မြတ်က ဖွင့်ဟခဲ့သည်။ ထို့အတူ ပြည်ပဒိုင် ခေါ်ယူမှု အတွက် ကုန်ကျစရိတ်အား ရန်ကုန် အသင်းဘက်မှ ကျခံ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ယခုနှစ် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များတွင် ပြည်ပဒိုင် ခေါ်ယူ အသုံးပြုမှု နှစ်ကြိမ် ရှိခဲ့ပြီး ရတနာပုံ - ရန်ကုန် ယူနိုက်တက်၊ ရတနာပုံ - ဇေယျာရွှေမြေ တို့ ပွဲများတွင် ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန် အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက ရတနာပုံ နည်းပြ ဘောဂက်စ်၏ ပြောစကားကြောင့် အသင်း အားပေးသူ ပရိသတ်များက ဒိုင်၏ ဆုံးဖြတ်ချက် အပေါ် သံသယ ၀င်နေကြောင်း၊ ထို့အတွက်ကြောင့် ပြည်ပဒိုင် ခေါ်ယူ အသုံးပြုရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ဂျာနယ်သို့ ဖွင့်ဟခဲ့သည်။ ဘောဂက်စ်က ယခုနှစ် ပြည်တွင်း လိဂ်ပြိုင်ပွဲတွင် ကမ္ဘောဇ အသင်း ချန်ပီယံ ဖြစ်ရန် ကူညီပေးမှုများ ရှိနေသည်ဟု ဧရာဝတီနှင့် သရေကျသည့် ပွဲစဉ် အပြီးတွင် စွပ်စွဲ ပြောကြားခဲ့ခြင်း ဖြစ်သည်။
11:48 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com