22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 11, 2012

ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒပြမှုဖြင့် အလုပ်သမား ကိုယ်စားလှယ် ၆ ဦးကို တရားစွဲဆို

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် အမှတ် (၄) မှာရှိတဲ့ ကိုးရီးယား နိုင်ငံသားပိုင် SMK ခေါ် မူးအန်ဆူး (MYUE & SUE) အထည်ချုပ်စက်ရုံက အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့သောကြာနေ့က ဆန္ဒပြတောင်းဆိုခဲ့တဲ့ အလုပ်သမား တစ်ထောင်ကျော်ထဲက ကိုယ်စားလှယ် (၆) ယောက်ကို ဥပဒေပုဒ်မ (၁၈) ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုနဲ့ တရားစွဲဆိုထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် (၄) ရှိ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံ အလုပ်သမား တစ်ထောင်ကျော် လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြနေကြစဉ်။ 

အလုပ်သမားကိုယ်စားလှယ် (၆) ဦးကို လှိုင်သာယာ ရဲစခန်းနဲ့ မရမ်းကုန်း ရဲစခန်းနှစ်ခုကနေ မနေ့က ညနေပိုင်းမှာ ခေါ်ယူစစ်ဆေးခဲ့တာလို့ အစစ်ဆေးခံရသူ တစ်ဦးဖြစ်တဲ့ မအေးအေးမျိုးက RFA ကို အခုလို ပြောပြပါတယ်။
"သမီးတို့အိမ်ကို အကြောင်းကြားတာက ညနေ ၅ နာရီလောက်က အကြောင်းကြားတာ။ ခွင့်ပြုချက် မတောင်းပဲနဲ့ သွားလိုက်လို့။ ပုဒ်မ ၁၈ ဆိုလားမသိဘူး။ ရဲကစွဲတာလို့ပြောတယ်။ ဘယ်လိုမျိုးကြောင့် သွားခဲ့တာလဲ။ ဘာအကြောင်းကြောင့် သွားခဲ့တာလဲပေါ့။ အဲဒီလိုမျိုး မေးတာ။ သမီးတို့က အလုပ်ရှင်နဲ့ အလုပ်သမားနဲ့ လုပ်ခနည်းလို့ပေါ့နော်။ ၈ မိုင်ကို သွားရောက် အကူအညီတောင်းခြင်း ဖြစ်တယ်လို့ အဲဒီလိုမျိုး ဖြေထားတယ်။ ဘာမှတော့ မပြောဘူးပေါ့နော်။ အဲဒီအတိုင်းပဲ ရေးထားလိုက် တာ သူတို့တွေက"
မူးအန်ဆူး အထည်ချုပ် စက်ရုံက ကိုနိုင်ဝေလင်း၊ ကိုလှမင်းထူး၊ မအေးအေးမျိုးတို့ အပါအ၀င် အလုပ်သမား ကိုယ်စားလှယ် (၆) ဦးဟာ လှိုင်သာယာ စက်ရုံရှေ့ကနေ လေးမိုင်လောက်ဝေးတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို အလုပ်သမား ၁၀၀၀ ကျော်နဲ့အတူ လမ်းလျှောက် ချီတက်ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့အတွက် အခုလို တရားစွဲထားတာလို့ သိရပါတယ်။
ဆန္ဒပြ အလုပ်သမားတွေကို အမှုဖွင့် အရေးယူလိုက်တဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ရရှိထားပြီဖြစ်တဲ့ ပြေလည်မှုကို ထိခိုက်စေနိုင်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ မသက်သက်အောင်က ပြောပါတယ်။
မူးအန်ဆူး အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ လုပ်ငန်းခွင် ကျွမ်းကျင်ကြေးပေးဖို့၊ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံခြင်း မပြုဖို့၊ စက်ရုံတွင်း အခြေခံအလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့်ပေးဖို့၊ ဆန္ဒပြ အလုပ်သမားတွေကို အလုပ်မဖြုတ်ဖို့ စတဲ့ အချက် (၁၂)ကို ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြပြီး စနေနေ့ ညနေပိုင်းအရောက်မှာ အဲဒီ တောင်းဆိုချက်တွေထဲက အားလုံးနီးပါးကို အလုပ်ရှင်ဘက်က လိုက်လျောဖို့ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )