22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 11, 2012

ရခိုင်စုံစမ်းရေးကော်မရှင်ဝင်များက မသီတာထွေးမိသားစုအား မေးမြန်စုံစမ်း

စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်အချို့
စစ်တွေမြို့စွန် ဘုန်းတော်ကြီးကျောင်း
တစ်ကျောင်းတွင် စက်တင်ဘာ ၉ ရက်
မနေ့က နေ့လယ်ပိုင်းတွင် ဆရာတော်


ဦးဥတ္တမနေ့ အထိမ်းအမှတ် ဆွမ်းကျွေးပွဲတစ်ခုသို့ရောက်ရှိနေကြသော မသီတာထွေး၏
မိသားစုဝင်များအားပဋိပက္ခနှင့် စပ်လျဉ်းသည့် ဖြစ်စဉ်ဖြစ်ရပ်များအား အသေးစိတ်
 မေးမြန်းစုံစမ်းခဲ့ကြသည်။

ကိုကိုကြီး ၊ ဇာဂနာ၊ ဒေါက်တာအေးမောင် အပါအ၀င် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်အချို့သည် ပြီးခဲ့သော မေလက ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအနီး၌ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသော မသီတာထွေး၏ မိခင်၊ အစ်မ၊ အစ်ကိုနှင့် ခဲအိုတစ်ဦးတို့အား စစ်တွေ ကန်တော်ကြီးအနီးရှိ မဟာမုနိ မေးမြန်းမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။



မသီတာထွေး၏ မိသားစုမှာ စစ်တွေ အခြေစိုက် ၀ံလက် ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ပြီးခဲ့သော စ
က်တင်ဘာ (၈) ရက်နေ့က ကျင်းပခဲ့သော ‘ရခိုင်သူရဲကောင်းများ ဂုဏ်ပြုပွဲ’ အတွက် ၄င်းတို့ နေထိုင်ရာ ရမ်းဗြဲမြို့နယ် ကျောက်ထရံကျေးရွာကနေ စစ်တွေမြို့သို့ရောက်ရှိနေကြခြင်းဖြစ်သည်။

 ဒေါက်တာမျိုးမြင့် ဦးဆောင်သော အဖွဲ့ဝင် (၁၉) ဦးပါဝင်သည့် ရခိုင်ပြည်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များသည် စစ်တွေမြို့သို့ စက်တင်ဘာ (၇) ရက်တွင်

 ရောက်ရှိပြီး၊ စက်တင်ဘာလ (၇) ရက်မှ (၁၆) ရက်နေ့ထိ (၁၀) ရက်ကြာ စုံစမ်းစစ်ဆေးရေးကို မြို့နယ်အလိုက်ခွဲ၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။


Coral Arakan News Agency
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )