22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 14, 2012

ကလေးမြို့ သမ္မတ ထောက်ခံ ဆန္ဒဖော်ထုတ်မှု ဒေသခံ လူထု တစ်သောင်းကျော် ပါဝင် အင်အားဖြည့်(သတင်းအပြည့်အစုံ)

မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် သမ္မတ
 ထောက်ခံ ဆန္ဒပြမှု အပြီး ကလေးမြို့
တွင်လည်း သမ္မတထောက်ခံ ဆန္ဒ ဖော်
ထုတ်ပွဲကို ယနေ့ ပြုလုပ်ခဲ့ရာ ဒေသခံ လူထု
 တစ်သောင်းကျော် ပါဝင် အင်အား ဖြည့်ခဲ့ကြကြောင်း
 ဒေသခံများ ထံမှ သိရသည်။

အဆိုပါ လူထုသည် ( သမ္မတကြီး၏ အဆိုကို ထောက်ခံခြင်းဖြင့် အမိ မြန်မာပြည်ကို ကာကွယ်ကြပါ) ဟုသော ကြွေးကြော်သံ နှင့် နိုင်ငံတော် သီချင်းကို သံပြိုင်ဆိုကာ အချို့မှာ သမ္မတကြီး၏ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ကာ ပြောကြားချက်ကို ထောက်ခံကြောင်းကို ပြောကြား နေကြကြောင်း ၄င်းက ဆိုသည်။

ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွက်၊ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် နံနက် ၁၁ မှ နေ့လယ် ၁၂ နာရီ အထိ စုဝေးခဲ့ပြီး စီတန်း

 လှည့်လည်မည့် အချိန်မှာ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီ အထိ ဖြစ်ကြောင်း လမ်းကြောင်းမှာ 
မင်္ဂလာ ဥယျာဉ် ကျောင်းလမ်း-ကလေးဝလမ်း(တောင်ဘက်သို့) စံပြလမ်း- ဗိုလ်ချုပ်လမ်း- လမ်းဆုံပတ်၍ ကလေးဝလမ်း (မြောက်ဘက်သို့)- မင်္ဂလာ ဥယျာဉ် ကျောင်းရှေ့ တွင် ပြီးဆုံးမည် ဖြစ်ကြောင်း ထောက်ခံ ဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်သူ ၈၈ ကျောင်းသား သပိတ် ခေါင်းဆောင်ဟောင်း ဦးမိုက်ကယ်ဝင်းကျော်က ရှင်းပြသည်။

မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တရားဝင် ခွင့်ပြု လိုက်သဖြင့် ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားများ ကို ထောက်ခံသည့် ဆန္ဒ ထုတ်ဖော်ပွဲကို ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးနဲ့ အဖွဲ့ကို သမ္မတကြီး ပြောခဲ့တဲ့ သဘောထားတွေ၊ အဆိုတွေကို ထောက်ခံတဲ့ အနေနဲ့ ဒီဆန္ဒ ထုတ်ဖော်ပွဲကို ပြုလုပ်ကြမှာပါ။


 ပွဲမှာ ခွင့်ပြုလိုက်တဲ့ အကြောင်းအရာ တွေက သမ္မတကြီးရဲ့ အဆိုကို ထောက်ခံပါကြောင်းနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ မြန်မာ့ တိုင်းရင်းသား မျိုးနွယ်(၁၃၅)မျိုးမှာ မပါဝင်ဘူး ဆိုတာရယ်၊ အမိ မြန်မာပြည်ကို ကာကွယ်ကြဖို့ ဆိုတာရယ်ကို အဓိက ထားပြီး ဆန္ဒထုတ်ဖော် ခဲ့တာပါ” ဟု ဦးမိုက်ကယ်ဝင်းကျော်က ဆိုသည်။

အဆိုပါ ဆန္ဒ ထုတ်ဖော်ပွဲကို မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၅ အရ (အမှတ်စဉ်၊ ၁/၂၀၁၂)၊ စာအမှတ်၊ ၁၀၀၂(၆)/ ၁၀၃/ ဦး ဖြင့် စက်တင်ဘာလ ၁၀ ရက် နေ့က ခွင့်ပြု ပေးလိုက်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။

မြို့နယ် အတွင်းရှိ လူပေါင်းတစ်သောင်းခန့် ဆန္ဒပြ ပရိသတ်နှင့် လိုက်ပါကြပြီး တစ်မြို့လုံးနီးပါး လက်ခုပ်လက်ဝါး တီး၍ ကြိုဆိုကြကြောင်း၊မြို့ခံလူထုမှာ ရေသန့်ဘူးများ ကမ်းပေးကြပြီး နံနက် ၁၁ နာရီခွဲ အချိန်တွင် မြို့နယ် ရဲမှူးက ခေါ်၍ ဦးမိုက်ကယ်ဝင်းကျော်နှင့် သံဃာ (၄)ပါး မြို့နယ် ရဲစခန်းသို့ သွားရောက်ခဲ့ကြောင်း၊ 




ရဲမှူးက လူ ၁၀၀ သာ ခွင့်ပြုခြင်း ဖြစ်ပြီး ရဟန်းတော်များနှင့် ကျန်လိုက်ပါမည့် သူများအား ခွင့်မပြုကြောင်း၊ မိုက်ကယ်ဝင်းကျော်က လူ(၁၀၀)အား အပြည့်အဝ တာဝန် ယူမည်ဖြစ်ပြီး ကျန်လိုက်ပါမည့် သံဃာနှင့် ပရိသတ်များအား စည်းကမ်းတကျ ဖြစ်စေမည်ဟု ဆိုကြောင်း The Voice Weekly ကလေးမြို့ခံ သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ကလေးမြို့ပေါ်ရှိ စာသင်တိုက်များမှ သံဃာတော်များ လည်း ပါဝင်ကာ ညနေ (၃)နာရီတွင် အေးချမ်းစွာ ပြီးဆုံး၍ မင်္ဂလာ ဥယျာဉ် ကျောင်းဝင်း အတွင်း ပြန်လည် စုစည်းကြပြီး ကိုကျော်သူစိုးနှင့် မနီနီမွှေးတို့က ပွဲပြုလုပ်မှု အောင်မြင်စွာ ပြီးဆုံးကြောင်း၊ ပွဲခွင့်ပြုပေးသော သက်ဆိုင်ရာ အာဏာပိုင်များကို ကျေးဇူးတင်ကြောင်း၊


 ပြည်သူများသည် အုပ်ချုပ်သူများ ကောင်းလျှင်ကောင်းသလို၊ မကောင်းလျှင် မကောင်းသလို ဖော်ထုတ်ကြမည် ဖြစ်ကြောင်း ပြောဆိုကာ နိုင်ငံတော် သီချင်းအား သံပြိုင်
 သီဆိုကြ၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို လိုက်ပါခဲ့သူ ကျူရှင်ဆရာ တစ်ဦးကလည်း “ဒီနေ့ပြုလုပ်တဲ့ ဆန္ဒ ဖော်ထုတ်ပွဲဟာ သမ္မတကြီးရဲ့ လုပ်ရပ်ကို ပြည်သူတွေက ထောက်ခံတဲ့ ပွဲပါပဲ။ 


ကိုယ့်ရေ ကိုယ့်မြေမှာ လာနေထိုင်ပြီး ကိုယ့်ပိုင်နက်ကို သိမ်းပိုက်ဖို့ ကြံရွယ်သူတွေကို ပြည်သူအားလုံးက လက်မခံတဲ့ အကြောင်း ပြသလိုက်တာပါ “ ဟုပြောသည်။


The Voice Weekly 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )