22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Monday, September 17, 2012
ကိုးဆယ်ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် မင်းပြားမြို့မဈေးသစ်
 မင်းပြားမြို့မြို့မဈေးသစ်ဆောက်လုပ်နေ
မှုမှာ(၉၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်
ရာဈေးသစ်တွင်ဈေးသူဈေးသားများအား
 ယာယီရောင်းချခွင့်ပြုထားကြောင်း
သိရသည်။
၂၀၁၁နိုဝင်ဘာလ(၁၂)ရက်နေ့က မီးလောင်ကျွမ်းခဲ့သော မင်းပြားမြို့
မဈေးအား စက်တင်ဘာလ(၅)ရက်နေ့တွင် အဆိုပါဈေးသစ်၌ ဈေးသူဈေး
သားများကို ယာယီဈေးရောင်းချနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေး
အဖွဲ့က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
 “ ဈေးကတော့ယာယီရောင်းချခွင့်ပြုထားပါတယ်၊ ပုံမှန်တော့ရောင်းအား မကောင်းသေးပါဘူး၊ ရောင်းချဖို့အတွက်ပစ္စည်းတွေ စုဆောင်းနေကြဆဲပါ၊
အခုဈေးကတော့ အရင်ဈေးထက် ကောင်းမွန်ပါတယ်’’ဟု ဈေးဆိုင်
ပိုင်ရှင်တစ်ဦးက ပြောသည်။
 အဆိုပါဈေးသစ်တွင်ဈေးဆိုင်ခန်း(၅၅၇)ခန်းရှိပြီး၊မကြာမီကာလအတွင်းဈေး
သစ်ကြီးဖွင့်လှစ်နိုင်ရန်ကြိုးစားမည်ဖြစ်ကြောင်း မင်းပြားမြို့စည်ပင်
သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 ယခု ဆောက်လုပ်နေသည့်ဈေးသစ်မှာ ၆ပေပတ်လည်၊ ၄ပေခွဲ ၉ပေ၊ ၇ပေခွဲ
၉ပေ၊ ၉ပေပတ်လည် ဆိုင်ခန်း များဖြစ်ပြီး ဈေးရုံ (၁၉)ရုံနှင့် ကွန်ကရစ်လမ်းများ
လည်း ပါဝင်သည်။
 သို့သော်ဆိုင်ခန်းအချို့မှာယခင်ဈေးဆိုင်ခန်းထက်သေးသဖြင့်ဈေးရောင်းချရာတွင်
အဆင်မပြေသေးကြောင်းဆိုင်ရှင်များ၏ အပြောအရသိရသည်။
 “၄ပေခွဲ၉ပေကိုဆိုရင်ဈေးဆိုင်ခန်းကငယ်လွန်းလို့ဈေးရောင်းချရတာအဆင်မပြေဘူး၊
ကုန်ပစ္စည်းတွေထားပြီဆိုရင် ဈေးရောင်းဖို့နေရာကနည်းနည်းပဲကျန်တော့တယ်။
 ဒါပေမယ့်အရင်ကဈေးထက်တော့အဆတစ်ရာကွာ
သွားတယ်၊ဈေးထဲကိုကားတွေလည်းတန်းဝင်လို့ရတယ်။
ဈေးထဲမှာလမ်းကကွန်ကရစ်လမ်းဆိုတော့ဈေးဝယ်လာသူတွေအတွက်လည်း
 အဆင်ပြေပါတယ်’’ ဟု ဈေးသည်တစ်ဦးက ပြောသည်။
ယာယီဈေးဆိုင်ခန်းများကို မြို့နယ်စည်ပင်သာယာရေးတွင် မှတ်ပုံတင်ထားသည့် ဆိုင်ခန်းပိုင်ရှင်များအား  ဈေး ရောင်းချခွင့်ပြုထားသည်။
 ဆိုင်ခန်းပိုင်ရှင်များအနေဖြင့်ဆိုင်ခန်း၏ တန်ဖိုးကို (၄)ရစ်ကျခွဲပြီး ဆောက်
လုပ်ရေးကုမ္ပဏီသို့ အရစ်ကျ ပေးသွင်းရမည်ဖြစ်သည်။
 “တောင်းတာကအစားစားဘဲဗျဥပမာ၉ပေပါတ်လည်ဆိုင်ခန်းဆိုရင်ဘယ်လောက်
နှူန်းထားတယ်ရှိတယ်။
၉ပေပါတ်လည်တစ်ခန်းဆိုလို့ရှိရင်၂၉သိန်းနီးပါးကျတယ်။အဲဒါကိုအရစ်ကျသွင်း
ရတယ်၊ဈေးတစ်ခုလုံးရဲ့ကုန်ကျစရိတ်ကသိန်းပေါင်းသောင်း တစ်ထောင်
ကျော်လောက်ရှိတယ်။
 ကျွန်တော်တို့ကုမ္ပဏီကအကုန်ကျခံပြီးတော့လောလောဆယ်စိုက်ထုတ်ပး
တော့ဆောက်ထားပေးတယ်  ။
  ဆောက်ထားပေးပြီးတော့မှ ဆိုင်ခန်းပိုင်ရှင်တွေဆီက (၄)သုတ်လေး
ရစ်ခွဲပြီးတော့မှ တောင်းတယ်။
အခုဆိုင်ခန်းအပ်လိုက်တဲ့ အချိန်မှာလးပုံတစ်ပုံဘဲစတောင်းတယ်။လေး
ရစ်ခွဲပြီးတောင်းတယ်၊
သူတို့လည်းအဆင်ပြေသွားတာပေါ့’’ဟုမင်းပြားဈေးသစ် တည်ဆောက်ရေး စီမံ
ကိန်းကို အကောင်အထည်ဖော်နေသည့် GOLDEN GATE INT’L CO,LTD မှ
တာဝန်ခံအင်ဂျင်နီယာ ကိုမင်းကိုဦးက ပြောသည်။
 “ဆိုင်ခန်းတွေအကုန်လုံးတော့ပြီးသွားပြီ၊အခုကျန်တာကရေစင်လေးတွေပေါ့
၊ပြီးတော့ဈေးအိမ်သာအဲဒါလေးတွေလက်စသတ်နေ တယ်။ဖွင့်ဖို့ကတော့
အကုန်လုံးပြီးစီးတဲ့ အချိန်ကျမှဘဲ ဖွင့်ပွဲလုပ်တော့မယ်၊
  ဈေးဆိုင်တွေ အခုလောလောဆယ်ဖွင့်ထားတယ်ပေါ့၊ ၊ ကျွန်တော်တို့က စည်ပင်သာယာရေးအဖွဲ့တွေကိုပဲ ဆောက်လုပ်ပြီး အပ်လိုက်တာပေါ့၊ စည်ပင်က
တစ်ဆင့် ဆိုင်ခန်းတွေကို အငှားပြန်ချတဲ့ သဘောပါ ” ၄င်းက ဆိုသည်။
 မင်းပြားမြို့မဈေးသည်မီးလောင်ကျွမ်းမှုကြောင့်ငွေကျပ်သန်း(၆၀၀၀)တန်ဖိုး
ဆုံးရှုံးခဲ့ပြီး
ဆိုင်ခန်းပေါင်း (၅၇၇) ခန်း မီးလောင်ကျွမ်းခဲ့သည်။
 ထိုအပြင် ၂၀၁၂ ဖေဖော်ဝါရီလ အတွင်းကလောင်ကျွမ်းခဲ့သည် သံတွဲမြို့ဒွါရာဝတီမြို့
သစ်ကိုလည်း ပျက်ဆီး သွားသည့်  ဆိုင်ခန်းပေါင်း(၇၀၀)ရာကျော်ကိုအသစ်ပြန်
လည်ဆောက်လုပ်နေပြီး၎င်းဈေးမီးလောင်ကျွမ်းခဲ့မှုကြောင့်သိန်း ပေါင်းခြောက်
ထောင်ကျော် ဆုံးရှုံးခဲ့ရသည်။
 ၂၀၁၁နှစ်ကုန်ပိုင်းတွင်ရခိုင်ပြည်နယ်နေရာအနှံ့တွင်မီးလောင်မှုများဖြစ်ပေါ်ခဲ့
ရာမင်းပြား၊သံတွဲတောင်ကုတ်၊ကျောက်နီမော်စသည့်   ဒေသများတွင် မီးလောင်
ကျွမ်းမှုများရှိခဲ့သည်။
 ထို့အပြင် ယခုနှစ်တွင်လည်း   မောင်တောနှင့် စစ်တွေမြို့တို့တွင် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့သဖြင့် ဈေးဆိုင် ခန်းများ ပျက်စီး
ဆုံးရှုံးခဲ့ရသည်။
မြစ်မခမီဒီယာ
Print Friendly and PDFPrintPrint Friendly and PDFPDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )