22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 4, 2012

တိုင်ဖုန်း Bolaven ကြောင့် မြောက်ကိုရီးယား ၅၀ ခန့်သေဆုံး

ပြီးခဲ့တဲ့သတင်းပတ်အတွင်း မြောက်ကိုရီးယား
အနောက်ဘက်ကမ်းခြေကို ဘိုလာဗင်
တိုင်ဖုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့ရာ
မှာ လူ ၅၀ နီးပါးသေဆုံးပြီး
အများအပြား ပျောက်ဆုံးနေတယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်
သတင်းဌာနက ကြေညာပါတယ်။

လူပေါင်း ၅၀ လောက်လည်း ဒဏ်ရာတွေ ပြင်းပြင်းထန်းထန် ရရှိသွားတယ်လို့ မြောက် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ က ကြေညာသွားပါတယ်။ မုန်တိုင်းကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသူဦးရေ
 နှစ်သောင်း တစ်ထောင်ကျော်ရှိပြီး စိုက်ပျိုး လယ်ယာမြေ ဧက (၁၂၀,၀၀၀) ကျော် ပျက်စီး
သွားတယ်လို့လည်း ပြောပါတယ်။

စက်ရုံ၊ အလုပ်ရုံ ၉၀၀ နီးပါး ပျက်စီးခဲ့ရသလို ပြည်သူပိုင်အဆောက်ဦတွေ၊ ဒါဇင်နဲ့ချီတဲ့ ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေလည်း ပျက်စီးသွားတယ်လို့ သတင်း
ဌာနက ဆိုပါတယ်။

ဘိုလာဗင် တိုင်ဖုန်းမုန်တိုင်းဟာ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဒေသတချို့ ကို ဖြတ်ပြီးတော့ မြောက်ကိုရီးယား ကမ်းရိုးတန်းကို ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ
ဝင်ရောက် တိုက်ခတ်သွားတာပါ။

သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်နေပုံတွေ၊ အဆောက်အဦ ခေါင်မိုးတွေ လန်နေတဲ့ပုံတွေ၊ လျှပ်စစ်ပါဝါလိုင်းတွေ ပြတ်တောက် နေတဲ့ ဗီဒီယိုရိုက်ကူးထားတဲ့ပုံတွေကိုလည်း ရုပ်မြင်သံကြားကနေ ပြသနေပါတယ်

VOA (မြန်မာပိုင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )