22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 14, 2012

""ဘဏ်တိုင်းတွင် ငွေထုတ်၊ ဈေးဝယ်နိုင်မည့် MPU ကတ်စနစ် စတင်လိုက်ပြီ""

မြန်မာနိုင်ငံတွင်းကဘဏ်တိုင်းလိုလိုမှာ
 ငွေထုတ်နိုင်ပြီး ဈေးဝယ်နိုင်မယ့်
  MPU (Myanmar Payment Union)
 မြန်မာအမျိုးသားအဆင့် ငွေပးချေတဲ့
ကတ်တွေကို စတင်ထုတ်လုပ်လိုက်ပြီ လို့ 
သိရပါတယ်။MPU ကတ်ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက် ၂ ခု ရှိတဲ့အကြောင်း၊ မြန်မာပေးမန့်ယူနီယံ၊ စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အေထွေထွအတွင်းရေးမှူး ဦးဇော်လင်းထွဋ်က ပြောပါတယ်။

“MPU တံဆိပ်ပါပြီး ဘဏ်ငွေထုတ်တဲ့ကတ်တွေ အကုန်လုံးသည် ဘယ်ဘဏ်ကပဲ ထုတ်ထုတ် သုံးလို့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်တခုရယ်၊ ဈေးဝယ်ရင် ဘယ်မှာပဲ ဝယ်ဝယ် ဝယ်လို့ရတယ်ဆိုတဲ့ ရည်ရွယ်ချက် တခုပေါ့။

အဲဒီရည်ရွယ်ချက်၂ခုနဲ့လုပ်တာပါ။”MPUကတ်တွေကို မြန်မာနိုင်ငံသားများဘဏ်၊ မြဝတီဘဏ်၊
 မြန်မာအေရှ့တိုင်းဘဏ်၊ ကေမ္ဘာဇဘဏ်၊ သမဝါယမဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ် နဲ့ မြန်မာရှေ့ဆောင်ဘဏ်တို့မှာ စတင် အသုံးပြုနိုင်ကြပါပြီ။

ကတ်သုံးလိုတဲ့သူတွေဟာ အဲ့ဒီဘဏ်တွေမှာ ငွေစာရင်းဖွင့်ပြီး၊ ကတ်သုံးစွဲခွင့် လျှောက်ထား ရယူကြရမှာ ဖြစ်ပါတယ်။ ငွေကျပ် ၁၀ဝ၀ ကနေ ကြိုက်သေလာက် ငွေကြေး ပမာဏနဲ့ ငွေစာရင်း ဖွင့်နိုင်ပေမယ့်၊ ကတ်သုံးစွဲနိုင်တဲ့ ငွေပမာဏကိုတော့ ကန့်သတ်ထားပါတယ်။

ကတ်နဲ့  ATM အလိုအေလျာက် ငွေထုတ်စက်တွေမှာ တေန့  ၁၀ သိန်းအထိ ထုတ်ယူသုံးစွဲနိုင်ပြီး၊ ဈေးဝယ်ရင်တော့ ကျပ်သိန်း ၅၀ ဖိုး ဝယ်ယူနိုင်ကြမှာ ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တေလးနဲ့ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံမှာ  အေတီအမ် ငွေထုတ်စက်ပေါင်း ၁၂၇ ခုရှိတယ်လို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။

အမ်ပီယူကတ်သုံးတဲ့သူတွေ သတိထားရမယ့် အချက်တချို့ ကိုလည်း သူက ခုလို ပြောပြပါတယ်။“အွန်လိုင်းရော၊ အော့ဖ်လိုင်းရော ပင်ကုတ် (လျှို့ဝှက်နံပါတ်) ၆ လုံးနဲ့ အခြေခံထားတာ ဖြစ်တဲ့အတွက် လုံခြုံရေးအြပည့်ရှိတဲ့  ကတ်ဖြစ်ပါတယ်။

chip ကို သုံးထားတာ ဖြစ်တဲ့အတွက် ပြန်ပွားလို့ မရဘူး။ နောက်ဆုံးပေါ် အဆင့်မြင့်

 နည်းပညာတွေကို အသုံးပြုထားပါတယ်။ သုံးစွဲသူတွေက ဒါတွေကို မရင်းနှီးသေးတဲ့ အခါကျေတာ့ ပင်နံပါတ်ကို ကတ်ပေါ်မှာ ရေးပြီး မှတ်ထားတာတို့၊ ပင်နံပါတ်ကို ပေးပြီးသူများတွေကို သွား
ထုတ်ခိုင်းတာတို့ မလုပ်သင့်တဲ့အကြောင်းကိုတော့ သိစေချင်တယ်ဗျ။

ဘာဖြစ်လို့လဲဆိုတော့ ကတ်ပေါ်မှာ ပင်နံပါတ်ရေးထားတော့ ကတ်ပျောက်သွားတဲ့အခါ အဲဒီပင်နံပါတ်ပါ ပါသွားတော့ ပိုက်ဆံ ပါသွားတာပေါ့။

 ပင်နံပါတ်ကို ကိုယ့်ဘာသာ မှတ်ထားရင် ကတ်ပျောက်သွားရင်လည်း ကိုယ့်ပိုက်ဆံတွေ မပါသွားတော့ဘူးပေါ့။

နဂိုက ပိုက်ဆံအိတ်ပျောက်သွားရင် ပိုက်ဆံ ပြန်မရေတာ့ဘူး။ အခု ကတ်ပျောက်သွားရင် ဘဏ်တွေကို အကြောင်းကြားတာနဲ့ ဒီပိုက်ဆံတွေ မေပျာက်ဘဲ ပြန်ရတယ် ဆိုတာ ကျေနာ် မိဘပြည်သူတွေကို သိစေချင်ပါတယ်။”MPU ရုံးဖွင့်ပွဲကို ဒီနေ့ ရန်ကုန် ဗဟိုဘဏ်မှာ ကျင်းပခဲ့ပြီး၊

ကတ်စီမံကိန်း အတွက် အေမရိကန်ဒေါ်လာ ၄ သန်း ရင်းနှီးမတည် ဆောင်ရွက်
ထားတာ ဖြစ်ပါတယ်။

DVB( မြန်မာပိုင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )