ကမာရွတ်မြို့နယ်တွင်ဖြစ်ပွားခဲ့သော အိမ်အကူအမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သက်၍ အိမ်ရှင်အမျိုးသမီးက
၎င်းကိုယ်တိုင် သတ်ခဲ့ကြောင်း ၀န်ခံလို
က်ပြီဟု ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
"သေတာက ၃၆နာရီအတွင်းသေတယ်။ သေဆုံးသူက ဧရာဝတီတိုင်း ပုသိမ်မြို့ကပါ။ တရားခံကလည်းဝန်ခံတယ်။ ၀န်ခံတော့ ဆက်လက် စစ်ဆေးနေတယ်။ ဆက်ပြီးတော့
အမှုတွဲ တည်ဆောက်နေတယ်"ဟု ရဲမှူးက ပြောကြားသည်။
တရားခံသည် MRTV-4 မှ ထုတ်လွှင့်မည့် ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသော မေဇွန်ဆိုသူဖြစ်ပြီး သူမနေထိုင်သည့်အိမ်တွင်
သူမအပါအ၀င် ၁၃ နှစ် အရွယ် အိမ်အကူတစ်ဦးနှင့် ယခုအသတ်ခံရသူ ၁၈ နှစ်အရွယ် အိမ်အကူတို့ နေကြသည်။
သေဆုံးသူတွင် ရှိနေသည့် ဒဏ်ရာများကြောင့် အိမ်ရှင်နှင့် ကျန်အိမ်ဖော်အား စစ်ဆေးရာမှ ၀န်ခံချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး စစ်ဆေးချက်အရ လွန်ခဲ့သော ၅ လခန့်တွင် ရောက်ရှိခဲ့သည့် ယခုသေဆုံးသူ အိမ်အကူ မိန်းကလေးမှာ အမြဲတမ်း နှိပ်စက်ခံရလေ့ရှိကြောင်း ထွက်ဆိုသည်ဟု သတင်းရရှိသည်။
ယင်းကဲ့သို့ နှိပ်စက်ပြုမူသူ တရားခံ မေဇွန်က အိမ်အကူမိန်းကလေးအား ဆံပင်ဆွဲ၍ ဦးခေါင်းနှင့် နံရံကို စောင့်ခြင်း၊ ၂ တစ်လက်မ တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ၀မ်းဗိုက်ပေါ်သို့ တက်၍ခုန်ခြင်း၊ အိမ်အကူနှစ်ယောက် အချင်းချင်း ကြက်မွေးတစ်ချောင်းစီကိုင်၍ ရိုက်ခိုင်းခြင်းစသည် ကိုယ်ထိ လက်ရောက်မှုများနှင့် နှိပ်စက်လေ့ရှိကြောင်း စစ်ဆေးချက်များအရသိရသည်။
တရားခံ မေဇွန်ပါဝင်သရုပ်ဆောင်မည့် Flowers and Butterflies ရုပ်သံဇာတ်လမ်းတွဲမှာ

မကြာမီတွင် MRTV-4 မှ ရိုက်ကူးတော့မည်ဖြစ်ပြီး သူမက ဆာကူရာ ဇာတ်ရုပ်တွင်
ယောက်ျားလို ပုံစံဖြင့် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရခြင်းဖြစ်သည်။
တရားခံမေဇွန်သရုပ်ဆောင်ရမည့် ဆာကူရာ ဇာတ်ကောင်နေရာတွင် အခြား
တရားခံမေဇွန်သရုပ်ဆောင်ရမည့် ဆာကူရာ ဇာတ်ကောင်နေရာတွင် အခြား
ဇာတ်ကောင်သစ်ကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဇာတ်လမ်းတွဲ၏
အနုပညာအကြံပေး ဒါရိုက်တာ မောင်သီက ပြောကြားသည်။
7day news
5:53 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com