22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 12, 2012

"'ငှက်နှစ်ကောင်' ချိုချဉ်စက်ရုံ အလုပ်သမားများဆန္ဒထုတ်ဖော်""

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉လမ်း၊
 မနော်ဟရီလမ်း နှင့် သိပ္ပံလမ်းကြား 
ရှိ 'ဌက်နှစ်ကောင်' ချိုချဉ်စက်ရုံ တွင် 
အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်များကို 


အလုပ်သမားတစ်ဦးမကျန် ရရှိနိုင်ရန်အတွက် ၁၂.၉.၂၀၁၂ မနက် (၅)နာရီ 
ကတည်းက တောင်းဆိုခဲ့ကြပါတယ်။


(က) တုတ်လိမ် မူလဈေး (၁ ပိသာ ၈၀ ကျပ်) နှုန်းအား (၁ ပိသာ ၃၀၀ ကျပ်) တိုးမြှင့်ပေးရန်။

(ခ) မြေပဲပါကင် မူလဈေး (၁ ဖာ ၇၀ ကျပ်) နှုန်းအား (၁ ဖာ ၃၀၀ ကျပ်) တိုးမြှင့်ပေးရန်။

(ဂ) ဘာလီလိမ် မူလဈေး (၁ ပိသာ ၁၆၀ ကျပ်) နှုန်းအား (၁ ပိသာ ၄၀၀ ကျပ်) တိုးမြှင့်ပေးရန်။

(ဃ) ပါကင် မူလဈေး (၁ ဖာ ၁၁၀ ကျပ်) နှုန်းအား (၁ ဖာ ၄၀၀ ကျပ်) တိုးမြှင့်ပေးရန်။

(င) ဘာလီပါကင် မူလဈေး (၁ ဖာ ၁၆၀ ကျပ်) နှုန်းအား (၁ ဖာ ၆၀၀ ကျပ်) တိုးမြှင့်ပေးရန်။

(စ) စက်သမား မူလဈေး (၁ ရက် ၂၂၀၀ ကျပ် ၂၃၀၀ ကျပ်) နှုန်းအား (၁ ရက် ၃၅၀၀ ကျပ်) 
တိုးမြှင့်ပေးရန်။

(ဆ) ပါကင်အိတ်ထည့် မူလဈေး (၁ အိတ် ၂၀ ကျပ်) နှုန်းအား (၁ အိတ် ၄၀ ကျပ်) တိုးမြှင့်ပေးရန်။



နံနက် (၈နာရီ) တွင် မြို့နယ်ဖြန့်ဖြေရေးအဖွဲ့ နှင့် ပိုင်ရှင် ဦးသိန်းအောင်
 (ဌက်နှစ်ကောင် - ချိုချဉ်စက်ရုံ) တို့ ညှိနှိုင်းနေကြောင်း CJMyanmar မှ 
သတင်း ရရှိသည်။ 
CJMyanmar
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )