ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြသူများအား မြို့မ
ကျောင်းဘုန်းကြီးမှ လက်ခံခြင်း မပြုရန်နှင့်
ပြန်လည် နှင်ထုတ်ပေးရန် ဗုဒ္ဓဟူးနေ့
နံနက်ပိုင်းကအမှတ် ၁ ရဲစခန်းမှူးနှင့် သံဃာ့မဟာနာယမှ မြို့မကျောင်းအား လာရောက်
ဖိအားပေးခဲ့ကြောင်း မုံရွာ ဗကသ ခေါင်းဆောင် ကိုနွေဦးကို က ပြောသည်။
“ဘုန်းကြီးကျောင်းကို သူတို့အာဏာပိုင် အဖွဲ့အစည်းတွေ၊ အမှတ် ၁ ရဲစခန်းက သုံးပွင့်
ရဲမှူးကြီး ဦးကြူအင်း ပါတယ်။ သံဃာ့မဟာနာယက အဖွဲ့က ဘုန်းကြီးလည်း ပါတယ်။
မြို့မကျောင်းကို လာပြီး ကျောင်းကနေ ထွက်ပေးဖို့၊နှင်ခိုင်းတယ်”
ဟု မဇ္ဈိမကို ပြောသည်။
ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် စက်တင်ဘာ ၁၀ ရက်နေ့ ဆန္ဒပြပွဲမှ အဖမ်းခံရပြီး ရိုက်နှက်ခံရကာ ပြန်လွတ်လာ
သည့် ဝက်မှေးကျေးရွာသူ လူမမာများ၊ ကျောင်းသားများ၊ ထောက်ခံအားပေးကြသူများ
ရှိနေ၍ ယခုကဲ့သို့ လာရောက် ဖိအားပေးခြင်းဖြစ်ကြောင်း ၎င်းက
ဆက်ပြောသည်။
“ရဲနှိပ်စက်တာ ခံလိုက်ရတဲ့ ဝက်မှေးကျေးရွာသူဟာ ကျန်းမာရေး စိုးရိမ်ရတယ်။ ခဏခဏ တက်တက်နေတယ်ဗျ။ ကျနော်တို့တော့ ထွက်မပေးသေးဘူး။ ၈၈ ကျောင်းသားတွေလာမှ
ထွက်ပေးမယ်” ဟု ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ယနေ့ညနေပိုင်းတွင် မုံရွာမြို့သို့
ရောက်ရှိနိုင်ဖွယ် ရှိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းကြီးကျောင်း ပတ်ဝန်းကျင် ဝင်ပေါက်ထွက်ပေါက်များအား
ပိတ်ဆို့ထားပြီး ကျောင်းပေါက် တည့်တည့်တွင်လည်း ရဲတပ်ဖွဲ့ဝင်များ
ချထားကြောင်း သိရသည်။
(မဇ္ဈိမ)
5:49 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com