အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီကို ခေါ်ယူရေး ကြိုးပမ်းမှု များအား ဘာစီလိုနာ အသင်းက လက်လျှော့သွားပြီ ဖြစ်သည်။ဘာစီလိုနာက မိမိတို့သည် အသက်(၂၈)နှစ်ရှိ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူလိုခြင်း မရှိဟု ငြင်းဆန် သွားခဲ့သည်။ အစောပိုင်းက ဘာစီလိုနာ အသင်း တည်းခိုနေသည့် ဟိုတယ်တွင် ဗန်ပါစီအား တွေ့မြင်ရသည့်နောက် ၎င်းအနေဖြင့် ဘာစီလိုနာသို့ ရောက်ရှိတော့မည်ဟု သတင်း ကြီးခဲ့ဖူးသည်။ ဗန်ပါစီသည် PFA အကောင်းဆုံး ဆုနှင့် အင်္ဂလန် အားကစား ကလောင်ရှင်များ အစည်းအရုံး (FWA)က ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး ဆုများအား လောလောလတ်လတ် ရရှိထားသူ ဖြစ်သည်။

ဘာကာမှ မျက်စိကျနေသည့် ဗန်ပါစီ
လတ်တလောတွင် ဂျူဗင်းတပ်စ်၊ မန်ချက်စတာ စီးတီးနှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့သည် အမ်းမရိတ်စ်တွင် (၁)နှစ်သာ စာချုပ်သက်တမ်း ကျန်ရှိတော့သည့် ကစားသမားကို အပြိုင် စောင့်ကြည့်နေကြသည်။ ဘာစီလိုနာ အသင်း၏ ပြောရေးဆိုခွင့်ရ အရာရှိ တိုနီ ဖရီဆာက မိမိတို့ အသင်းသည် ဗန်ပါစီအတွက် နွေရာသီတွင် မည်သည့် လှုပ်ရှားမှုမျှ ပြုလုပ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။ ဖရီဆာက “ဘာစီလိုနာ အနေနဲ့ ကစားသမားကောင်းတွေကို စောင့်ကြည့်ခဲ့တာ ရှိကောင်း ရှိပါမယ်။ ဗန်ပါစီဟာ ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို ခေါ်ယူ စာချုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု ပြောကြားသွားသည်။
ဘာစီလိုနာ အနေနဲ့ ကစားသမားကောင်းတွေကို စောင့်ကြည့်ခဲ့တာ ရှိကောင်း ရှိပါမယ်။ ဗန်ပါစီဟာ ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို ခေါ်ယူ စာချုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး..
၎င်းက “ကျွန်တော်တို့ လန်ဒန်မှာ ရှိနေတုန်းက တည်းခိုတဲ့ ဟိုတယ်ကို ဗန်ပါစီ လာခဲ့ပါတယ်။ အဲဒါကလည်း ဘာစီလိုနာက သူ့သူငယ်ချင်း အီဘရာဟင် အက်ဖ်လေနဲ့ တွေ့ရုံ သက်သက် အတွက်ပါ။ သူတို့နှစ်ယောက် တူတူ ကော်ဖီ သောက်ပါတယ်။ ဗန်ပါစီက ကျွန်တော်တို့ အသင်းဆီ မလာခဲ့သလို ဘာဆွေးနွေးမှုမှ မရှိခဲ့ပါဘူး” ဟု ဆက်လက် ပြောဆို သွားခဲ့သည်။
Ref: Daily Mail



10:49 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com