22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

ရေနံဈေးနှုန်းမြင့်မားမှုကြောင့် အိန္ဒိယစီးပွားရေးတိုးတက်မှုကို ထိခိုက်နိုင်

လောင်စာဆီဈေးနှုန်းများ မြင့်မားမှုကြောင့် အိန္ဒိယစီးပွားရေး တိုးတက်မှုကို ကျဆင်းစေနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးပရာနပ်မူကာဂျီက  ဧပြီလ ၂၀ ရက်နေ့တွင် သတိပေး ပြောကြားခဲ့သည်။
အိန္ဒိယစီးပွားရေးသည် ၂၀၁၂ - ၁၃ ခုနှစ်တွင် ၇ ဒသမ ၆ ရာခိုင် နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားကြောင်း မူကာဂျီက ၀ါရှင်တန်တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ မြင့်တက်နိုင်မည့် အန္တရာယ်ရှိနေပြီး လောင်စာဆီဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက်နေဖွယ်ရှိရာ ခန့်မှန်းထားသည့် စီးပွားရေးတိုးတက်မှုကို ထိခိုက်နိုင်ကြောင်း မူကာဂျီက ပြောကြားခဲ့သည်။

စီးပွားရေး တိုးတက်မှုနှေးကွေးမည့် လက္ခဏာများကြောင့် အိန္ဒိယ ဗဟိုဘဏ်က အတိုးနှုန်းကို သုံးနှစ်အတွင်း ပထမဆုံးအကြိမ် လျော့ချခဲ့ပြီး စီးပွားရေးတိုးတက်မှုကို တွန်းအားပေးရန် ကြိုးပမ်းခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )