ဘီဆစ်တက်ခ် အသင်းနှင့် အငှားစာချုပ် သက်တမ်း ပြည့်ခဲ့သည့်နောက် ဘီဘီသည် မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြန်လာတော့မည် ဖြစ်သည်။
ပေါ်တူဂီ တောင်ပံ တိုက်စစ်မှူးအား မန်ယူအသင်း အနေဖြင့် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များတွင် ထည့်သွင်းဖွယ် ရှိနေသည်။ ပေါင်စတာလင် (၇.၄)သန်းဖြင့် အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာသော ကစားသမားသည် မန်ယူတွင် အောင်မြင်မှု မရဘဲ ခြေစွမ်း နိမ့်ပါးနေခြင်းကြောင့် တူရကီသို့ အငှားသွားရောက် ကစားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အသက်(၂၁)နှစ်ရှိ ဘီဘီသည် ဒူးဒဏ်ရာကြောင့် ကာလ ရှည်ကြာစွာ မကစား နိုင်ခဲ့သလို ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝ လာချိန်တွင်လည်း ကလပ် အသင်း၏ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ကာ နိုက်ကလပ် တစ်ခုသို့ သွားရောက်ခြင်းကြောင့် နည်းပြက အရန် အသင်းတွင် ကစားရန် ဒဏ်ပေးခြင်းကို ခံခဲ့ရသည်။
ဘီဆစ်တက်ခ် အသင်းသည် ဘီဘီကို အပြီးသတ် ၀ယ်ယူခြင်း မပြုရန် ဆုံးဖြတ် ခဲ့သည့်နောက် ကစားသမားသည် မန်ယူသို့ ပြန်လာမည် ဖြစ်...
ဘီဆစ်တက်ခ် အသင်းသည် ဘီဘီကို အပြီးသတ် ၀ယ်ယူခြင်း မပြုရန် ဆုံးဖြတ် ခဲ့သည့်နောက် ကစားသမားသည် မန်ယူသို့ ပြန်လာမည် ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော (၂)နှစ်က ပေါ်တူဂီမှ မထင်မရှား အသင်းငယ်လေး ဗစ်တိုရီးယား ဒီဂွီမာရက်စ်တွင် ကစားနေရာမှ မန်ယူသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ လာခဲ့သည်။ ၎င်း၏ အပြောင်းအရွှေ့တွင် ပါဝင် ပတ်သက်သော အေးဂျင့်သည် ငွေကြေးဆိုင်ရာ မရိုးဖြောင့်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲ ခံရပြီးနောက် ပေါ်တူဂီ ရဲတပ်ဖွဲ့က ယင်းကို စုံစမ်းလျှက် ရှိသည်။ ဘီဘီ၏ အနာဂတ်နှင့် ပတ်သက်၍ မန်ယူ အသင်းက မည်သည့် ကြေညာချက်မျှ မထုတ်ပြန်သေးကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com