
တရုတ်နိုင်ငံက “ယန်းမင်း”လို့ အမည်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဘတ်စ်ကားတစီးကို ဘီအာတီဆိုတဲ့ တရုတ်နိုင်ငံက ကားထုတ် လုပ်တဲ့ ကုမ္ပဏီက ထုတ်လုပ်လိုက်တာကို “ဂင်းနစ်” မှတ်တမ်းမှာ ဖော်ပြလိုက်ကြောင်း ယမန်နေ့ကပဲ သတင်းထုတ်ပြန်လိုက်ပါ တယ်။
ခရီးသည်ထိုင်ခုံ ၃၀၀ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဘတ်စ်ကားကြီးက အရှည် ၈၂ ပေရှည်ပြီး ၁ နာရီကို မိုင် ၅၀ မောင်းနှင်နိုင်ပါ တယ်တဲ့။ ကားပေါ်မှာလည်း ဖျော်ဖြေရေးအတွက် ရုပ်မြင်သံကြားစက်တွေ တပ်ဆင်ထားပြီးအခုတော့ မြို့တော် ပီကင်းနဲ့ ဟန်ကျို့မြို့တွေကို ပြေးဆွဲပေးနေပါတယ်။
လူဦးရေ အလွန်အလွန်များတဲ့ တရုတ်နိုင်ငံအတွက် နောက်ထပ်လည်း ဒီလို ဘတ်စ်ကားကြီးတွေကို ထုပ်လုပ်သွားမှာဖြစ်ပါ ကြောင်းတဲ့လေ။ မြန်မာပြည်ကို ၀င်လာတဲ့ တရုတ်လုပ် ကားတွေကတော့ မကြာခဏပျက်တတ်ပြီး ဈေးပေါ၊ အသုံးမခံဖြစ် ကြတယ်လို့ တရုတ်ကားသုံးစွဲသူတွေက ပြောကြပါတယ်။
ဒီဘတ်စ်ကားကြီးကရော ဘယ်လောက် ကောင်းမယ်ဆိုတာတော့ မြန်မာပြည်က ဘတ်စ်ကားအစုပ်တွေ အစား ထိုး တဲ့ နေရာမှာ တင်သွင်းလိုက်ရင်တော့ စာမေးပွဲ စစ်ပြီးသားဖြစ်မှာပါ။
မြန်မာပြည်က လမ်းတွေဟာ ကားတစီး တကယ်ကောင်းမကောင်း စမ်းသပ်လို့ အကောင်းဆုံး ဖြစ်တာကြောင့် တရုတ်လုပ် ဘတ်စ်ကားကြီးကို မြန်မာမှာ စမ်းသပ်မောင်းနှင်သင့်ပါတယ်။
မြန်မာပြည်ကလည်း ကမ္ဘာ့အကြီးဆုံး ချိုင့်ခွက်ကို “ဂင်းနစ်” မှတ်တမ်းဝင်အောင် အဲဒီ ဘတ်စ်ကားကြီးနဲ့ သက်သေထူလိုက်ရင်ကောင်းမယ်။



6:46 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com