မိမိသည် ဂျွန်တယ်ရီ ကဲ့သို့ အဆင်ခြင် မဲ့သော လုပ်ရပ်မျိုး မည်သည့် အခါမျှ ကျူးလွန်မည် မဟုတ်ဟု ဖိလစ်လမ်းက ပြောကြား လိုက်ပြီးနောက် ဘိုင်ယန်မြူးနစ် ဘက်မှ ချယ်လ်ဆီး အပေါ် ဆင်နွှဲသည့် လေတိုက်ပွဲသည် ပိုမို အားကောင်း လာခဲ့သည်။
ဘိုင်ယန်အသင်း ခေါင်းဆောင်က မိမိသည် အသင်း၏ ကောင်းကျိုးအတွက် အရာရာ စိတ်နှစ်ပြီး လုပ်ဆောင် ပေးရန်သာ တွေးတောနေပြီး ချယ်လ်ဆီး အသင်းခေါင်းဆောင်က ဘာစီလိုနာ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ကို ရည်ရွယ်ချက် ရှိရှိ ဒူးဖြင့်တိုက်သော အခြေအနေမျိုးကို မည်သည့် အခါမျှ လုပ်ဆောင်မည် မဟုတ်ဟု ဆိုသည်။ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင် တယ်ရီ၏ အဆိုပါ လုပ်ရပ်ကြောင့် အနီကတ် ထိခဲ့သည့်နောက် အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးသည် ဘိုင်ယန်နှင့် ကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲနှင့် လွဲချော်ရပြီး ဖြစ်သည်။
လမ်းက "ပြောရရင် တယ်ရီ ဒီလို လုပ်လိုက်တာ ယုံတောင် မယုံဘူး။ ကျွန်တော် အရမ်း အံ့ဩသွားမိတယ်။ ဒါဟာ အနီကတ်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်ဆိုရင် ဘယ်တော့မှ တယ်ရီ့လို လုပ်ရပ်မျိုး မကျူးလွန်ပါဘူး။ ဘာဖြစ်လို့လဲ သိလား။ ကိုယ်က အသင်းခေါင်းဆောင် တစ်ယောက်ပါ။ အသင်းအတွက် ကျွန်တော် ဘာမဆို အကျိုးရှိအောင်ပဲ လုပ်ဆောင်ပါမယ်။ တယ်ရီရဲ့ လုပ်ရပ်က အသင်းကို ထိခိုက်ခဲ့တယ်။ ကျွန်တော်ဆိုရင် ဘယ်တော့မှ ဒီလို အဖြစ် မခံဘူး" ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ဘာပဲဖြစ်ဖြစ် သူ့ကိစ္စနဲ့ သူပါ။ ကျွန်တော်တို့က ပြိုင်ဘက်ကို အနိုင် ကစားဖို့ တစ်ခုပဲ အာရုံ စိုက်ပါမယ်။ ချယ်လ်ဆီးမှာ ဘယ်သူ ၀င်ကစားပါစေ၊ အဲဒါက အရေးမကြီးပါဘူး" ဟုလည်း ပြောဆိုသွားသည်။
ကျွန်တော်ဆိုရင် ဘယ်တော့မှ တယ်ရီ့လို လုပ်ရပ်မျိုး မကျူးလွန်ပါဘူး။ ဘာဖြစ်လို့လဲ သိလား။ ကိုယ်က အသင်းခေါင်းဆောင် တစ်ယောက်ပါ။ အသင်းအတွက် ကျွန်တော် ဘာမဆို အကျိုးရှိအောင်ပဲ လုပ်ဆောင်ပါမယ်..
အစောပိုင်းကလည်း ဘိုင်ယန် ကွင်းလယ်လူ ဘက်စတိန်း ရှဝိန်းစတိုင်ဂါက ပင်နယ်တီ အဆုံးအဖြတ်သာ ခံယူလျှင် ဂျာမန် အသင်းများက ပိုမိုတည်ငြိမ် ရင့်ကျက်ပြီး အနိုင် ရလေ့ရှိကြောင်း၊ ချယ်လ်ဆီးသည် (၂၀၀၈)ခုနှစ်က မော်စကို ဗိုလ်လုပွဲတွင် အရေး နိမ့်ခဲ့ခြင်းကြောင့် ယခုပွဲတွင် လိုအပ်သည်ထက် ပိုမို၍ စိတ်လှုပ်ရှားနေမည် ဖြစ်ကြောင်း စိတ်ဓာတ် စစ်ဆင်ရေးစကား ပြောကြား ထားသေးသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com