![](http://3.bp.blogspot.com/-aNP5jixKp9Q/TmWdVFo9FRI/AAAAAAAAByk/PBwpqHQuPD4/s000/date.png)
5:47 PM
![](http://4.bp.blogspot.com/-i1ccZRJKovE/TmWdVXRLB-I/AAAAAAAAByo/iNGP_RVzy-4/s000/user.png)
Admin
No comments
ကိုယ်ဝန် ဆောင်နေသည့် အချိန် တွင် အိပ်ဆေး များ အသုံးပြု ခြင်း သည် မွေးဖွား လာသည့် အခါ တွင် လည်း အိပ်ဆေး စွဲသည့် ကလေး အဖြစ် မွေးဖွားလာမည်ဖြစ် ကြောင်း သားဖွားမီးယပ်အထူးကု ဆရာဝန်ဒေါက်တာစိုးလွင်က ပြောသည်။ အိပ်မပျော်ခြင်းကြောင့် အိပ် ဆေးများသုံးပါက မွေးလာသည့် ကလေးသည်ကောင်းစွာလှုပ်ရှားရုန်း ကန်ခြင်းများ၊ အသက်ကောင်းစွာ ရှူခြင်းများ မရှိတော့ဘဲ အိပ်ဆေး များစွာသောက်သောကလေးကဲ့သို့ ဖြစ်သွားပြီး အိပ်ဆေးစွဲ၍မွေးဖွား လာခြင်းကြောင့် ကိုယ်ဝန်ဆောင် ချိန်တွင် အိပ်ဆေးများ မသုံးရန် ကျွမ်းကျင်သူများကတိုက်တွန်းထား သည်။ ကိုယ်ဝန်ဆောင်မိခင်သည် အကြောင်းအမျိုးမျိုးကြောင့် အိပ် မပျော်သည့်အခါ အလွယ်တကူ အိပ်ဆေးများသုံးပါက မိခင်သာမ က ကလေးငယ်ကိုပါ အိပ်ဆေး၏ သက်ရောက်မှုကြောင့် အိပ်ပျော် သွားလေ့ရှိသည်ဟုဆိုသည်။ ကလေးကအိပ်ဆေးကြောင့် တစ်နေ့လုံး အိပ်ပျော်နေရင် မလှုပ် တော့ဘူး။ ကလေးဆိုတာ အိပ် နေတဲ့ ခဏကလွဲရင် လှုပ်နေရမှာ ဖြစ်တဲ့အတွက် အဲဒီအချိန်မှာ ကလေးက မလှုပ်တော့ရင် အိပ် ဆေးကြောင့်မလှုပ်တော့တာလား၊ သေသွားလို့လားဆိုတာတွေလည်း မသိနိုင်တော့ဘူး" ဟု ဒေါက်တာ စိုးလွင်ကပြောသည်။ အိပ်မပျော်ပါကလည်း ဆေး ဝါးများ သောက်သုံးခြင်း နည်း လမ်းများအစား စိတ်ကိုငြိမ်းချမ်း စွာထားရှိပြီး အတွေးများမပြန့်ရန် ဂရုစိုက်ခြင်း၊ တေးဂီတသံများ နား ထောင်ခြင်း၊ အိပ်ခါနီးခြေထောက် များအား နှိပ်နယ်ခြင်း၊ နွားနို့ သောက်ပေးခြင်း စသည့်နည်း လမ်းများဖြင့် အလွယ်တကူအိပ် ပျော်စေရန်ဆောင်ရွက်နိုင်ကြောင်း ဆရာဝန်များက ပြောသည်။ ကိုယ်ဝန်ဆောင် မိခင်သည် ပုံမှန်များသောအားဖြင့် ကိုယ်ဝန် ဆောင်ချိန်တွင် ပိုမိုအိပ်လေ့ရှိပြီး အမှန်တကယ်လည်း များများအိပ် ရန် လိုအပ်သည်။ လုံလောက်သော အိပ်ချိန်မရှိပါက သန္ဓေသားထံသွေး ရောက်ရှိမှု နည်းပါးခြင်းကြောင့် သန္ဓေသားသည်ရှိသင့်သည့်အရွယ် အစားထက် အနည်းငယ်ပိုသေး သွားလေ့ရှိကြောင်း ဒေါက်တာ ကျော်သက်ခိုင် ရေးသားထားသည် "ရွှေလက်မြဲမြဲ တွဲနိုင်စေ" စာအုပ် တွင်ပါရှိသည်။ဝတ်ရည်အောင်
Posted in: ကျန်းမာရေး
Print
PDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com