၂၀၁၂ ဧပြီလမှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မတရားတဲ့ နည်းလမ်းတွေနဲ့ မဲဆွယ်ခဲ့လို့ အနိုင်ရသွားတာပါ ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့ဝင်းက NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို တရားစွဲဆို ထားတဲ့အမှု ဒီကနေ့ ရှုံးနိမ့်သွားပါတယ်။
NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ မဲဆွယ်နည်းလမ်းတွေ မတရားဘူးလို့ စွပ်စွဲပြီး သူ့ကို တရားစွဲခဲ့တာသာ ဖြစ်တယ်လို့ ဒေါ်ဖြူဖြူသင်းက ရှင်းပြပါတယ်။
"အဓိက အချက်အလက်တွေကတော့ ငွေပေးပြီး စည်းရုံးတာတို့ ပြည်သူလူထုကို၊ နောက်တစ်ချက်ကတော့ ကျွန်မတို့ အသံချဲ့စက်တွေသုံးပြီး ဥပဒေ ပုဒ်မတွေနဲ့ ငြိတယ်တို့၊ နောက်စက်ဘီး၊ ကားတွေမှာ စတစ်ကာ ကပ်တဲ့ကိစ္စတွေ အဲတာတွေကို သူတို့ကအဓိကထားပြီး စွဲဆိုပြီးတော့ ကျွန်မတို့ကို ဒါ ခိုင်လုံမဲ မဟုတ်ဘူး။ ဒါ မတရားသဖြင့် ယူထားတာဆိုပြီးတော့ စွဲဆိုတာ"
နှစ်ဖက်သက်သေတွေကို စစ်ဆေးအပြီး NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင် ခုံရုံးက အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီလိုအနိုင်ရတဲ့အတွက် ဒေါ်လဲ့လဲ့ဝင်းက ဒေါ်ဖြူဖြူသင်းကို လျှော်ကြေးငွေ ၅ သိန်း ပေးရမှာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ | |
အသံဖိုင်ယူရန်။ |
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com