22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 12, 2012

အင်အားပြင်းငလျင် ကော်စတာရီကာတွင် လှုပ်ခတ်



ကော်စတာ ရီကာတွင် အင်အားပြင်း ငလျင် တစ်ခု ဗုဒ္ဓဟူးနေ့ တွင် လှုပ်ခတ် ခဲ့ရာ မြေပြိုခြင်း၊ အဆောက်အအုံများ ပြိုကျခဲ့ခြင်း ကြောင့် အနည်းဆုံး လူနှစ်ဦးသေ ဆုံးခဲ့သည်။ ထိုကဲ့သို့ ငလျင်လှုပ် ခတ်ခြင်းမှာ ဆူနာမီကို အစပြု သည့် သတိပေးချက်တစ်ရပ်ဖြစ် သည်ဟု သိရသည်။
ထိုကဲ့သို့ အင်အားပြင်းငလျင်လှုပ်ခတ်ခြင်းသည် ကော်စတာရီကာတွင် ဆယ်စုနှစ် နှစ်စုကျော်တွင် အဆိုးရွားဆုံးငလျင်ဖြစ်သည်ဟု ဆိုကြသည်။ အဆိုပါငလျင်ကြောင့် ဓာတ်အားလိုင်းများ နှင့် ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်ခဲ့ရသည်။ ထို့အပြင် ပစိဖိတ်ကမ်းရိုးတန်းပေါ်ရှိ ဆေးရုံတစ်ရုံလုံး ဘေးကင်းရာသို့ ရွှေ့ပြောင်း ခဲ့ရသည်။
သေဆုံးသူနှစ်ဦး မှာ ဂွာနာကာ့စ်(Guanacaste) မြို့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါမြို့ သည် ၇ ဒသမ ၆ ပြင်းအားရှိ ငလျင်ဗဟိုချက်မှ အနောက်မြောက်ပိုင်းရှိ ခရိုင်မြို့တစ်မြို့ဖြစ်သည်။ အဆိုပါနေရာတွင် ကတ္တရာခင်းလမ်းများ ကွဲအက်သွားကြောင်း၊ အုတ်ဂူမှတ်တိုင်များလည်း ကွဲအက်ခဲ့ ကြောင်း၊ စာကြည့်တိုက်ရှိ စာအုပ်စင်များပြိုလဲ၍ စာအုပ်များ တစ်စစီပြန့်ကျဲပျက်စီးခဲ့ကြောင်း သိရသည်။
သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ ဆောက်လုပ်ရေးဆိုက်တစ်ခုတွင် အလုပ်လုပ်နေသူဖြစ်သည်။ သူ့ခေါင်းပေါ်သို့ နံရံအစိတ်အပိုင်းတစ်ခု ပြိုကျခဲ့သဖြင့် သေဆုံးခဲ့ရသည် ဟုသိရသည်။ အခြားတစ်ဦးမှာ နှလုံးရောဂါရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။ လူပေါင်း ၂၂ ဦး မှာ ဒဏ်ရာရရှိသဖြင့် ဆေးကုသခံနေ ရသော်လည်း အဆိုပါသတင်းကို ကြက်ခြေနီအဖွဲ့က အတည်ပြုမပေးနိုင်ကြောင်း ကော်စတာရီကာ ရုပ်သံဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဂွာနာကာ့စ်ခရိုင်နှင့် မြောက်ပိုင်းဒေသရှိ ဟိုတယ်ပေါင်း ၂၁ လုံးမှ ပြတင်းပေါက်များ ပြုတ်ကျပျက်စီးခြင်းနှင့် အသုံးအဆောင်ပစ္စည်းများ ပြုတ်ကျပျက်စီးခဲ့ကြောင်း ကော်စတာရီကာ ခရီးသွားလုပ်ငန်းဌာန၏ ပြောရေးဆိုခွင့်ရှိသူ အယ်စီဒီးစ်မိုရာကဆိုသည်။
အဆိုပါ အင်အားပြင်းမြေငလျင်သည် မြေမျက်နှာပြင်အောက် ၂၅ ဒသမ ၄ မိုင်အနက် ပေါ်ထွက် လာခြင်းဖြစ်ကြောင်း၊ အဆိုပါလှုပ်ခတ်ခဲ့သည့် ငလျင်ဗဟိုချက်မှာ ဆန်ဂျိုးဒေသမှ ၈၇ မိုင်အကွာခန့် တွင်ရှိကြောင်းUSGS ခေါ် အမေရိကန်ဘူမိဗေဒရေးရာတိုင်းတာရေးအဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )