22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, October 28, 2011

အသည်းရောင် ဘီ ကာကွယ်ဆေးထိုး ထားလား

news
အသည်းရောင်ဘီကာကွယ်ဆေး
ဘီကာကွယ်ဆေးကို အသားဆေး အဖြစ် ကလေးနှင့် လူကြီးတို့တွင် လက်မောင်း၊ မွေးကင်းစနှင့် ကလေး ငယ်များကို ပေါင်တွင်ထိုးသည်။ (ဝ၊ ၁၊ ၆)လ သုံးလုံးစနစ်သို့မဟုတ် (ဝ၊ ၁၊ ၂၊ ၁၂)လ လေးလုံးစနစ် နှစ်မျိုး ထိုးနိုင်သည်။ (ဝ၊ ၁၊ ၆)လ သုံးလုံး စနစ်တွင် ပထမ တစ်လုံးထိုးပြီး တစ်လအကြာနှင့်ခြောက်လအကြာတွင် တစ်လုံးစီစုစုပေါင်း သုံးလုံးထိုးရသည်။ (ဝ၊ ၁၊ ၂၊ ၁၂)လ လေးလုံးစနစ်တွင် ပထမတစ်လုံးပြီး တစ်လတွင် တစ်လုံး၊ နှစ်လတွင်နောက်တစ်လုံးနှင့် ၁၂လတွင် နောက်ဆုံးအလုံး စုစုပေါင်းလေးလုံး ထိုးရန်ဖြစ်သည်။ နှစ်နည်းလုံးကာကွယ် နိုင်စွမ်းညီသည်။ ခရီးဝေးသွားခြင်း၊ မအားလပ်ခြင်းစသည်တို့ပေါ်တည်ပြီး ကြိုက်ရာစနစ်ကိုရွေးကြသည်။ အခြေအနေ တစ်ရပ်ရပ်ကြောင့် အမြန် ထိုးလိုသူများအတွက် ပထမတစ်လုံး ထိုးပြီး ၇-ရက်တွင်တစ်လုံး၊ ၂၁ရက် တွင် တစ်လုံးနှင့်တစ်နှစ်အကြာတွင် နောက်တစ်လုံး စုစုပေါင်းလေးလုံးထိုး သည့် နည်းလည်းရှိသေးသည်။ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ တွင်လည်း အ္တရာယ်ကင်းပါသည်။
ဘီကာကွယ်ဆေးအောင်၊ မအောင်
ပထမနှစ်လုံးထိုးပြီးချိန်တွင် ကာကွယ်နိုင်စွမ်းခုခံအားမြင့်တက်မှု မရှိသေးဘဲ တတိယအလုံးထိုးပြီးမှသာ လုံလောက်သော ခုခံအားကိုရရှိသည်။ ထို့ကြောင့် သုံးလုံးပြည့်၊ ဆေးပတ် လည်ရန် လိုသည်။ ပထမတစ်လုံး ထိုးပြီးတစ်လအကြာတွင် ဒုတိယအလုံး ကို အချိန်ကိုက်မထိုးဖြစ်ပါက ယင်းအလုံးကို အလျင်အမြန်ပြန်ထိုးရန် လိုသည်။ တတိယအလုံးကို သတ်မှတ် သည့် အတိုင်းထိုးရန် အဆင်မပြေသ ဖြင့် အချိန်ပြောင်းထိုးလိုပါက ဒုတိယ အလုံးနှင့် အနည်းဆုံးနှစ်လခြားရန် လိုပါသည်။ ကာကွယ်ဆေးသုံးလုံးထိုးပြီး တစ်လ၊ နှစ်လအကြာတွင် ဆေးအောင်၊ မအောင်စစ်လေ့ရှိသည်။ သွေးတွင်းရှိ ဘီပိုးခုခံပစ္စည်း((HBsAg)ပမာဏကို စစ်ခြင်းဖြစ်သည်။ များသောအားဖြင့် HBs Ag 100 miu/ml ထက်ပြိုမငြ့်က သည။် 10miu/ml ထက်ြမင့်လျှင်ပင် ကာကွယ်မှုပေးသည်။ ဆေးအောင် သည်ဟု အလွယ်ဆိုနိုင်သည်။ နှစ်ကြာ ရှည် ကာကွယ်မှုပေးနိုင်ရန်ျြံ ဗါ ပမာဏသည် သတ်မှတ်ပမာဏ 10miu/ml ထက် အတော်အတန် မြင့်နေပါက ပိုစိတ်ချရပါသည်။ ဆေးအောင်လျှင် ကာကွယ်ဆေး ထိုးသူ ၉၀မှ ၉၅ရာခိုင်နှုန်းတွင် ဘီရောဂါပိုးကူးစက်မှုမှ ကာကွယ်ပေး သည်။ မွေးကင်းစနှင့်ကလေးငယ်တို့ တွင် ကာကွယ်မှုပိုပေးသည်။ ယင်း ကာကွယ်နိုင်စွမ်းသည် အချို့ အခြေ အနေများတွင်လည်း လျော့နည်းသွား တတ်သည်။ လက်မောင်းအစား တင်ပါးတွင် ထိုးပါက ခုခံကာကွယ် နိုင်စွမ်းကျသွားသည်။ ဆေးလိပ်သောက် သူ၊ အဝလွန်သူ၊ အသက်ရွယ်အလွန် ကြီးသူ၊ နာတာရှည်အသည်းရောဂါ ခံစားနေရသူ၊ ကျောက်ကပ်ဆေးနေ သူ(Haemodialysis) ၊ အကြောင်း အမျိုးမျိုးကြောင့် ခန္ဓာကိုယ်ခုခံအား ကျဆင်းနေသူများတွင်လည်း ဘီပိုးကာ ကွယ်နိုင်စွမ်းနည်းနေတတ်သည်။ အချို့လူနာများသည် အခံရောဂါ တစ်ခုမျှမရှိ၊ ကျန်းမာလျက်နှင့် ဆေးမအောင်ဘဲ ဖြစ်နေတတ်သည်။ မျိုးရိုးဗီဇကြောင့်ဟု ဆိုကြသည်။

ကာကွယ်ဆေးမအောင်သူများ
နာတာရှည်ကျောက်ကပ်အား နည်းရောဂါခံစားနေရသူများနှင့် ကျောက်ကပ်ဆေးနေရသူများတွင် ဘီပိုးကာကွယ်ဆေးထိုးပြီး ၅၀-၆၀ ရာခိုင်နှုန်းခန့်တွင်သာ ဆေးအောင်ကြ သည်။ ထို့ကြောင့် ကျောက်ကပ် အားနည်းရောဂါစတင်ခံစားရစဉ်ကတည်း က ဘီကာကွယ်ဆေးထိုးထားရန်လို သည်။ ကျောက်ကပ်ပျက်စီး၊ ကျောက်ကပ်ဆေးလူနာများတွင် ဆေးပမာဏ နှစ်ဆထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်မှုကို ၇၀ရာခိုင်နှုန်းသော လူနာများအထိပေးနိုင်သည်ဟု ဆို သည်။ြွကက်သားတွင်ထိုးခြင်း (Intramuscular)ထက် အရေပြား အတွင်း (Intradermal) ထိုးပါက ကာကွယ်ဆေးအောင်နှုန်းပိုမိုမြင့်စေ သည်ဟုဆိုသည်။ သို့ရာတွင် လက် တွေ့ထိုးရခက်သည်။ အရေပြား အတွင်းထိုးရာ အရေပြားအောက် (Subcutaneous) ထိုးမိပါက ကာ ကွယ်နိုင်စွမ်းနည်းသွားလေ့ရှိပါသည်။ အခံရောဂါမရှိ၊ ကျန်းမာသော လူများတွင် ဘီကာကွယ်ဆေး ပထမ သုံးလုံးထိုးပြီး မအောင်ပါက ဆေး ထပ်ကျော့ရန် အကြံပြုချက်များ ရှိပါသည်။ ကာကွယ်ဆေးနောက်တစ် လုံးထပ်ထိုးပြီး တစ်လမှ သုံးလအကြာ တွင်ံHBs Ag စစ်ရန်ဖြစ်သည်။ မအောင်သေးလျှင် နှစ်လနှင့် ခြောက် လအကြာတွင် နှစ်လုံးထပ်ထိုးရန်ဖြစ် သည်။ ကာကွယ်ဆေးမအောင်သူများ နောက်ပထမတစ်လုံး ထပ်ထိုးပါက ၂၅-၅၀ရာခိုင်နှုန်း အောင်လာသည်။ ဒုတိယ အကျော့သုံးလုံးထိုးပြီးပါက ၅၀-၇၅ရာခိုင်နှုန်းထိအောင် လာလေ့ ရှိသည်ဟုဆိုသည်။ ဒုတိယသုံးလုံးထိုးပြီးချိန်တွင် ဆေးအောင်နှုန်းသိသိသာသာများလာ ကြသဖြင့် တစ်လုံးထိုး၊ ထပ်စစ်သည် ထက် ဒုတိယသုံးလုံး အကျော့ထပ်ထိုး ရန် အကြံပြုကြသည်။ သုံးလုံးနှစ် ကျော့၊ ကာကွယ်ဆေးခြောက်လုံး ပြည့်ပြီးချိန်တွင် မအောင်ပါက ထပ်ထိုးလျှင်လည်း မအောင်နိုင်၊ ဆေးလုံးဝမအောင်သူများဟု သတ် မှတ်ပါသည်။ ထိုသူများသည် ဘီ ရောဂါပိုးမဝင်ရန် ပိုမိုဂရုစိုက်ရန်နှင့် ဘီပိုးကူးစက်ခံရရန် အခြေအနေ တစ်ခုခုဖြစ်လာပါက Immunoglobulin ကာကွယ်ဆေးထိုးရန်ဖြစ်သည်။ ဥပမာ-ကျန်းမာရေးဝန်ထမ်းတစ်ဦး ဘီပိုးရှိလူနာတွင် သုံးထားသောအပ် မတော်တဆထိုးမိခြင်းမျိုးဖြစ်သည်။ လေ့လာချက်တစ်ခုတွင် ဘီ ကာကွယ်ဆေးမအောင်သူများတွင် အေနှင့်ဘီပေါင်းပြီး ကာကွယ်ဆေး Twinrix ကို (ဝ၊ ၁၊ ၆) လ သုံးလုံး ထိုးပါက ဆေးအောင်နှုန်း ၉၅ရာခိုင် နှုန်းထိ ရှိလာသည်ဟုဆိုသည်။
အားဖြည့် ကာကွယ်ဆေး (Booster dose) ထိုးခြင်း
ပထမသုံးလုံးထိုးပြီး ဆေးအောင် သောလူများတွင် ဘီပိုးကာကွယ် နိုင်စွမ်းသည် ၁၅နှစ်ခန့်အထိ ခံလေ့ ရှိသည်။ သို့ရာတွင် အောင်ပြီးကလေး အချို့သည် ၅-၁၀နှစ်အကြာတွင် HBs ပမာဏ မကျန်လောက်အောင် နည်းသွားတတ်သည်။ ယင်းကလေး များသည်ပင် နာတာရှည်ဘီပိုး သယ်ဆောင်သူများ ဖြစ်သွားလေ့ မရှိ သည်ကို တွေ့ရသဖြင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က အားဖြည့်အလုံး (Booster dose) ထိုးရန် အကြံမပြုချေ၊ ဘီပိုးဖြစ်နိုင်ခြေများသော လူများနှင့် ဘီပိုးကူးစက်ဖြစ်ပွားမှုများသော နိုင်ငံ များတွင်မူ ပထမသုံးလုံး ထိုးပြီး ၅- နှစ်အကြာတွင် အားဖြည့် အလုံး (Booster dose) ထိုးရန်လိုသည်ဟု ဆိုသည်များလည်း ရှိပါသည်။
ဘီကာကွယ်ဆေးထိုးသင့်သူများ ဘီပိုးကူးစက်ဖြစ်ပွားမှုနည်းသော နိုင်ငံများတွင် ကျန်းမာရေး ဝန်ထမ်း ကဲ့သို့သော ဖြစ်နိုင်ခြေများသော လူများကိုသာ ထိုးရန်အကြံပြုထား သည်။ ယင်းနိုင်ငံများတွင်ပင် မွေး ကင်းစအရွယ်နှင့် ကလေးငယ်များကို အားလုံးလွှမ်းခြုံထိုးပေးနိုင်ပါက တစ် နိုင်ငံလုံးဘီပိုးကူးစက်၊ ဖြစ်ပွားမှု ထိန်း ချုပ်နိုင်မည်ဟုဆိုသည်။ ဘီပိုး ကူး စက်ဖြစ်ပွားမှု ၈ ရာခိုင်နှုန်းထက် ပိုများသော နိုင်ငံများတွင် မွေးကင်း စမှ စပြီး ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီး အရွယ်သုံးပါး၊ ကျားမ မရွေး ထိုးသင့်သည်ဟုဆိုသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က လည်း ဘီပိုးအဖြစ်များသော နိုင်ငံ များတွင် ဘီပိုးကာကွယ်ဆေးကို မွေး ကင်းစနှင့်ကလေးငယ်များ တစ်နိုင်ငံ လုံး ကာကွယ်ဆေးထိုး စီမံချက်အဖြစ် ၁၉၉၅ခုနှစ်တွင် စတင်ရန် ကျန် နိုင်ငံများ အားလုံးတွင် ၁၉၉၇ခုနှစ်တွင် စတင်ရန် တိုက်တွန်းခဲ့ပါသည်။
အချုပ်
အသည်းရောင်ဘီပိုးသည် ကူးစက်လွယ်သည်။ နာတာရှည်ဘီပိုး သယ်ဆောင်သူသည် အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ရန် အလားအလာ များသည်။ ဖြစ်သမျှရောဂါနှစ်ခုလုံး ကုရခက်သည်။ သို့ရာတွင် ဘီ ကာကွယ်ဆေးဖြင့် ဘီရောဂါမှ ထိထိ ရောက်ရောက်ကာကွယ်နိုင်သည်။ အ လွယ်တကူထိုးနိုင်သည့် ကာကွယ်ဆေး ဖြင့် ရောဂါဆိုးများဘေးမှ ကာကွယ် နိုင်သည်မှာ ကံကောင်းသည်ဟုဆို ရမည်။ ထို့ကြောင့် လူတစ်ဦး ချင်းစီ၊ မိသားစုလိုက် ဘီပိုးကာကွယ်ဆေးကို စနစ်တကျ ထိုးသင့်သည်ဟုထင်သည်။ ကုမ္ပဏီ၊ လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ များမှလည်း မိမိဝန်ထမ်းများအတွက် ဘီပိုးကာကွယ်ဆေးထိုးနိုင်ရေး ဆောင် ကျဉ်းပေးသော်သင့်မည်ဟု ယူဆပါ သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )