22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, December 27, 2011

လူနှင့်တာဝန်...။

လူနှင့်တာဝန်...။
                      တာဝန်ဆိုသည်မှာ မိမိလုပ်ဆောင်ရန်ဖြစ်သော  (သို့မဟုတ်) မိမိနှင့် ဆက်နွယ်ပါတ်သက်နေသော  အမှုကိစ္စကို ဆိုလိုခြင်းဖြစ်ပါသည်....။
                    လူတိုင်းသည်  လူမှန်းသိတတ်စ အရွယ်မှပင်စ၍  တာဝန်ဆိုသော ၊ မိမိတို့ ပြုလုပ်ရန်အမှုကိစ္စဟူ၍ ရှိကြပါသည်...။ ကလေးအရွယ်  ကျောင်းနေစဉ်မှာပင်  မိမိတို့အတွက် စာသင်ကြားရေးတာဝန် ၊ လိမ္မာသိတတ်သော ကလေးများဆိုလျှင် မိမိတို့မိဘများကို  တစ်ဖက်တစ်လှမ်းက နိုင်သရွေ့ ကူညီပေးသော တာဝန်များကို ယူခဲ့ကြပါသည်...။ ယူတတ်ခဲ့ကြပါသည်...။
                    ထို့အတူ  အသက်အရွယ်ရလာသော လူကြီးအရွယ်သို့ ရောက်လာခဲ့စဉ်၌လည်း  မိမိနှင့်တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော   အမှုကိစ္စမျိုးတွေကိုပါ တာဝန်ယူချင်စိတ်နှင့် ပြုမူလုပ်ဆောင်တတ်လာကြပါသည်...။
            ဥပမာ။  မိမိတို့ခရီးသွားလာရင်းတွင်  လမ်း၌တွေ့မြင်ရသော သက်ကြီးရွယ်အိုတို့အား  ကူညီဖေးမ၍ လမ်းကူးပေးခြင်း၊ လူသွား
လူလာများသော လမ်းများပေါ်တွင်တွေ့ရသော  ဖန်ပုလင်းကွဲ၊ဆူးကိုင်းဆူးခက် များအား လူသွားလွတ်ရာသို့ ဖယ်ရှားပေးလိုက်ခြင်းနှင့်
ကိုယ်မြင်မိသမျှသော အားနည်းလျော့ပါးနေသည့်  အမှုကိစ္စတိုင်းကို ၀င်ရောက်ကူညီလုပ်ကိုင်ပေးနေခြင်းမျိုးများ ဖြစ်ပါသည်..။
          ဒါသည် မိမိနှင့်တိုက်ရိုက်မသက်ဆိုင်သောတာဝန်များကို  မိမိတို့ မြင်သိစိတ်များနှင့် တာဝန်ယူလုပ်ဆောင်ပေးခြင်းဖြစ်ပါသည်..။
အများသူငှာစီး လိုင်းကားများပေါ်တွင် သက်ကြီးရွယ်အိုများနှင့်  ကိုယ်ဝန်ဆောင်သည် ၊ကလေးငယ် ၊ လူမမာဒုက္ခိတများကို နေရာ ဖယ်ပေးခြင်း  ကူညီဖေးမပေးခြင်းများသည်လည်း  ထိုနည်းလည်းကောင်းပဲ ဖြစ်ပါသည်...။ အတ္တမပါသော ပရဟိတ အမှုကိစ္စဆောင်ရွက်
ခြင်းလည်း ဖြစ်ပါသည်..။
        တာဝန်ဟူသည်  မိမိအားတိုက်ရိုက်ပြုလုပ်ရန် ညွှန်းဆိုသော အမှုကိစ္စရှိသလို ....... မိမိနှင့်မသက်ဆိုင်ပဲ သွယ်ဝှိုက်ကာပါတ် သတ်ပြီး လုပ်လျှင်လဲရ ၊ မလုပ်လို၍ ရှောင်ထွက်သွားချင်လိုက  ရှောင်ထွက်ခွင့်ရသော တာဝန်များလည်း ရှိသည့် အားလျော်စွာ---- မိမိတို့  စိတ်ခံစားမှု့အလိုက် ၊ စိတ်ဆုံးဖြတ် တာဝန်ယူလိုစိတ်အလိုက် ဆုံးဖြတ်ပြုလုပ်လို့ရပါသည်...။
       သို့သော်........ အသိညဏ်ပြည့်ဝ၍  စိတ်ထားမြင့်မြတ်သော သူများသည် မိမိတို့ ထိတွေ့ပါတ်သတ်သမျှသော တိုက်ရိုက် ကျသော  တာဝန်ဖြစ်စေ...၊ တိုက်ရိုက်မကျပဲ သွယ်ဝှိုက်ဆက်နွယ်နေသော တာဝန်ဖြစ်စေ  တာဝန်ဟူ၍ ထိုတာဝန်ကို မိမိတာဝန်ယူ
ဆောင်ရွက်နိုင်သည်   ဖြစ်ပါက ကြည်ကြည်ဖြူဖြူ ကျေကျေနပ်နပ်ကြီး ပြီးဆုံးအထမြောက်သည်အထိ တာဝန်ယူ ဆောင်ရွက်တတ်ကြပါ
သည် ။
           အဘယ့်ကြောင့်ဆိုသော်.....တာဝန်ယူတတ်မှုသည် လူတစ်ယောက်၏ လူပီသသော အဓိကပြုလုပ်ဆောင်တာ အမှုကိစ္စတစ်ခု
ဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်...။
         
          တာဝန်ယူတတ်သောသူသည် တာဝန်ကျေသော သူတစ်ဦးဖြစ်ရုံမျှမက  မိမိစိတ်ကို မိမိပြတ်ပြတ်သားသား ပိုင်းဖြတ်နိုင်သော
စိတ်ဆုံးဖြတ်ချက်ကို ပိုင်ဆိုင်ထားသူများလည်း ဖြစ်ပါသည်...။ လောက ကမ္ဘာမြေကြီးပေါ်တွင်  ရှင်သန်နေထိုင်သော လူသားတစ်ဦး မှန်ပါ လျှင်  တာဝန်ယူနိုင်သောသူ ၊ ယူသောတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်သူ  ဖြစ်ရန်  လိုအပ်လှပါသည်...။
          တာဝန်ယူတတ်သောသူတစ်ဦး ဖြစ်ရန်  ပထမဦးဆုံးလိုသော အသိတစ်ခုမှာ ""  တာဝန်သိစိတ် ဖြစ်ပါသည်""  ""တာဝန်ကိုသိသော စိတ်ရှိလာခဲ့ပါပြီ ဆိုလျှင်--- ထိုတာဝန်ကို မိမိပြုလုပ်ရန်လိုပြီးဖြစ်သော တာဝန်ရှိစိတ်သို့  မိမိစိတ်သည် ပြောင်းလဲ ဖြစ်ပေါ်လာပါသည် ""    ထိုသို့ ""  တာဝန်ရှိသည်ကို သိမှ တဆင့်တက်၍ တာဝန်ရှိစိတ် ရှိလာပြီး တာဝန်ကျေအောင် ယူတတ်သောသူ""  ဖြစ်လာ မှာ ဖြစ်ပါ သည်...။
           "" တာဝန်ရှိသည်ကို သိသောသူသည် တာဝန်ယူရမည်ကို သိသော သူတစ်ဦးဖြစ်ပါသည်....။""

           ""  တာဝန်ရှိတာကို မသိသောသူသည် တာဝန်ယူရမှာကိုလည်း မသိသောသူ  ဖြစ်ပါသည်..။""
        ထို့ကြောင့်  မိမိတို့နေထိုင်ရာ လူမှုပါတ်ဝန်းကျင်တွင်  အသက်ရှင်လှုပ်ရှား ရပ်တည်နေစဉ် အခါ၌ တာဝန်ယူတတ်သောသူ ၊ တာ
ဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်သော လူပီသသော လူသားကောင်းတစ်ဦး ဖြစ်လိုပါလျှင်--- မိမိတို့နေ့စဉ်သွားလာလှုပ်ရှားနေသော
 နဘေးဝန်းကျင်နံပါး၌ ရှိသော မိမိကူညီနိုင်သည့် အမှုကိစ္စ လုပ်ငန်းဆောင်တာ  တာဝန်များကို မိမိနှင့်တိုက်ရိုက် ပါတ်သတ်နေ သည်   ဖြစ်စေ..... မိမိနှင့် ဆက်နွယ်ပါတ်သတ်သည် ဖြစ်စေ......ဦးစွာ ပထမ "" ငါပြုလုပ်ပေးသင့်သည့်  တာဝန်ပါလား"" ဟု သိရပါမည်..။ ထိုသို့သိသော အခါတွင်  မိမိတွင် ထိုတာဝန်ကို "" ငါယူရမည် ပါလား "" ဆိုသော အသိစိတ်ရှိလာပါမည်..။ ထိုအသိစိတ် ရှိလာသောအခါမှသာလျှင် တာဝန်ကိုယူ၍ လုပ်ကိုင်ဆောင်ရွက်ပေးတတ်ပြီး လူပီသသော  တာဝန်ကျေသည့် လူသားကောင်းတစ်ဦး   ဖြစ်လာပါလိမ့်မည်..။
          အချုပ်ဆိုရသော်------
         ""တာဝန်ကို  သိမှ တာဝန် ရှိတာကို သိပါမည်...။ တာဝန်ရှိတာကို သိမှ တာဝန်ကို တာဝန်ကျေအောင် ယူတတ်သော သူတစ်ဦး
ဖြစ်ပါမည်...။""
          ""တာဝန်ကို မသိသူတစ်ဦးတွင် တာဝန်မရှိပါ ။ ထိုကဲ့သို့  တာဝန်ရှိခြင်းကို မသိသော သူတစ်ဦးသည်  တာဝန်ယူလိုစိတ်ရှိပြီး
တာဝန်ကို အလိုက်တသိကျေပွန်အောင် ထမ်းဆောင်နိုင်သော သူတစ်ဦး မဟုတ်ပါ..။"" ဖြစ်မလာနိုင်ပါ..။
         ""တာဝန်မယူတတ်သော သူသည် အဘယ်သို့သော် အခြေအနေတွင် ရပ်တည်နေသော လူတစ်ဦးပင် ဖြစ်လင့်ကစာ ""လူဟု မခေါ်ထိုက် ""  ပေ...။ ""
         "" လူသားနှင့် တာဝန်ယူတတ်မှုသည် အစဉ်ဒွန်တွဲနေသော ခွဲခြားမရသည့် မူပြတစ်ရပ် ဖြစ်ပါသည်...။""
         ထို့ကြောင့်  လူပီသသော လူသားကောင်းတစ်ဦး ဖြစ်လိုလျှင် တာဝန်ကိုသိပြီး.......တာဝန်ရှိသူ အဖြစ် ကိုယ့်ကိုကိုယ် ခံယူတတ်
၍ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်နိုင်သော သူတစ်ဦးဖြစ်ရန် လွန်စွာအရေးကြီးပါသည်...။  ထိုသော တာဝန်သိ ၊တာဝန်ရှိ ၊တာဝန်
ယူတတ်၍ တာဝန်ကျေသော  သူများကိုသာ ""လူလိုသိ၍ လူကျင့်ဝတ်နှင့်နေထိုင်သော လူစစ်လူမှန် "" ဟု ခေါ်ထိုက်မည်လည်း   ဖြစ်ပါသည်.....။              
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )