22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, December 16, 2011

ဝိညာဉ်ရေးလော၊လောကီရေးလော၊

ကျွန်ုပ်သည်အသင်းတော်များ၏သမ္မာကျမ်းစာသင်တန်းများတွင်အောက်ပါမေးခွန်းတစ်ခုကိုမေးလေ့ရှိပါသည်။
“ ယုံကြည်သူဘုရားသားဖြစ်တဲ့လူငယ်တစ်ယောက်ဟာ ဖားကန့်စပေါ့ချောင်းဖျားကကျောက်စိမ်းတွင်းတစ်ခုမှာငါးပေ
လောက်ရှည်တဲ့သံတူရွင်းကိုကိုင်လျက်ချွေးတဒီးဒီးကျလျက် ကျောက်စိမ်းတူးလျက်ရှိနေတယ်။
အဲဒါက၀ိညာဉ်ရေးလား၊လောကီရေးလား” ဟုပရိသတ်ကိုမေးလိုက်သည့်အခါ အားလုံးနည်းပါးက လောကီရေး၊လောကီ
ရေးဟု အားပါးတရဖြေကြပါသည်။နောက်တစ်ခါအဲဒီလူငယ်ကပဲ ဆိုင်းတောင်ဘုရားရှိခိုးကျောင်းကိုရောက်လာလျက်
ကျမ်းစာအုပ်ကိုင်လျက် သီချင်းစာအုပ်ကိုင်လျက် ဘုရားသခင်ကိုဝတ်ပြုလျက်ရှိနေတယ်၊အဲဒါကတော့
ဝိညာဉ်ရေးလား၊လောကီရေးလား” ဟုပြန်မေးလိုက်သည့်အချကျတော့ ပရိသတ်အားလုံးက၀ိညာဉ်ရေး၊၀ိညာဉ်ရေး
ဟုအဖြေပေးကြပါသည်။ ချစ်သောမိတ်ဆွေတို့ ကျွန်ုပ်တို့၏အသက်တာသည်ပုတ်သင်ညိုကဲ့သို့အရောင်ပြောင်းတတ်သော
ခရစ်ယာန်များဖြစ်နေကြပါသလား၊ လောကီသားဖြစ်လိုက် ၀ိညာဉ်သားဖြစ်လိုက်အလုပ်အကိုင်နှင့်နေရာဒေသ၊
အခြေအနေကိုလိုက်၍ပြောင်းလဲ၍အသက်ရှင်နေကြပါသလား၊ထိုသို့လုံးဝ မဟုတ်ပါ။
၁။ ဘုရားသားများဖြစ်ကြသောကြောင့်ဘယ်နေရာ၊ဘယ်အချိန်မည်ကဲ့သို့သောအခြေအနေ၌ပင်ဖြစ်စေ ဘုရားသားများ
ကဲ့သို့အသက်ရှင်ခြင်းသည်ဝိညာဉ်ရေးပင်ဖြစ်ပါသည်(ရောမ၊၈း၁၄-၁၇)
၂။ ဘုရားသခင်၏၀ိညာဉ်တော်သည် ကျွန်ုပ်တို့၏အခြေအနေပေါ်တွင်မူတည်၍ ၀ိညာဉ်တော်ကိန်းဝပ်လိုက်၊ပြန်သွား
လိုက်မဟုတ်ပါ။ ကောင်းကင်နိုင်ငံတော်ရောက်သည့်တိုင်အောင်မစပို့ဆောင်မည်ဖြစ်ပါသည်။ထို့ကြောင့်ဝိညာဉ်တော်၏
ဆုံးမပဲ့ပြင်သည့်အတိုင်း အသက်ရှင်ခြင်းသည် ၀ိညာဉ်ရေးဖြစ်ပါသည်(ရောမ၊၈း၁၄-၁၇၊ယော၊၁၄း၂၆၊၁ကော၊၃း၁၆-၁၈)။
၃။ အရာခပ်သိမ်း၌၀ိညာဉ်ပကတိအတိုင်းကျင့်ကြံပြောဆိုလုပ်ကိုင်ခြင်းသည် ၀ိညာဉ်အသက်တာဖြစ်သည်
(ဂလာ၊ ၅း၂၂-၂၆၊ ဧဖက်၊ ၂း၁၀)
၎။ သင်တို့သည်စားသော်၎င်း သောက်သော်၎င်း၊မည်သည့်အမူကိုပြုသော်၎င်း၊ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍
ခပ်သိမ်းသောအမူကိုကိစ္စတို့ကိုပြုခြင်းသည် ၀ိညာဉ်ရေးဖြစ်ပါသည်။(၁ကော၊၁၀း၃၁၊ကော၊၃း၁၇)
၅။ လောကီပုံသဏ္ဍာန်ကိုမဆောင်ဘဲ၊ဘုရားသခင်အလိုတော်ရှိသောအရာသည် ဘယ်အရာဖြစ်ကြောင်းကိုသာလိုက်
လျှောက်၍အသက်ရှင်လုပ်ကိုင်ခြင်းသည်ဝိညာဉ်ရေးဖြစ်ပါသည်။(ရောမ၊၁၂း၁-၈)။
၆။ဘုရားသခင်သည်ကျွန်ုပ်အားဤနေရာ၊ဤဌာန၊ဤလုပ်ငန်း၌ခန့်ထားတော်မူကြောင်းကိုဝန်ခံ၍အကောင်းဆုံးလုပ်
ဆောင်ခြင်းဖြင့် ခရစ်တော်၏ကိုယ်ခန္ဓာကိုတည်ဆောက်ခြင်းဖြစ်ကြောင်းသိရှိနားလည်ခံယူ၍ဆက်ကပ်လုပ်ဆောင်ခြင်း
သည်ဝိညာဉ်ရေးဖြစ်ပါသည်။
၇။  အသင်းတော်အိမ်ထောင်ဝတ်ပြုခြင်းစည်းဝေးများ၌အိမ်ရှင်များကိုဆုတောင်းခံယူလိုသောအကြောင်းအရာများကို
တင်ပြခိုင်းသည့်အခါအများအားဖြင့်ပြောကြသောစကားများမှာ “၀မ်းစာအတွက်လယ်လုပ်နေတယ်၊၀မ်းစာအတွက်ဈေး
ရောင်းနေတယ်၊ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်နေတယ်၊ဆုတောင်းပေးကြပါ” ဟူ၍ဆုတောင်းခံတတ်ကြပါသည်။
ဘုရားရှိခိုးကျောင်းဝတ်ပြုစည်းဝေးများ၌လည်းဆုတောင်းပေးကြသော သင်းအုပ်ဆရာများ၊သင်းထောက်လူကြီးများ၏
ဆုတောင်းချက်များတွင်အသင်းသူ၊အသင်းသားများဝမ်းစာအတွက်လုပ်ဆောင်သောအရာများတွင် ဘုရားသခင်ကောင်း
ကြီးပေးဖို့ဆုတောင်းပေးနေကြပါသည်။ချစ်သောမိတ်ဆွေတို့ကျွန်ုပ်တို့သည်မိမိတို့၏၀မ်းစာအတွက်သာအလုပ်လုပ်နေကြ
သူများမဟုတ်ကြပါ။“သူတို့၏ဘုရားမူကား သူတို့၏၀မ်းပေတည်း” (ဖိ၊၃း၁၉) ကျွန်ုပ်တို့အလုပ်လုပ်နေခြင်းသည် မိမိတို့အိမ်
ထောင်ကိုကောင်းမွန်စွာကျွေးမွေးပြုစုခြင်း၊မိမိနှင့်သက်ဆိုင်သောသူများကိုပြုစုကျွေးမွေးခြင်းများသည် ဘုရားသခင်
အလိုတော်ရှိသည်(၁တိ၊၅း၈)။ထိုထက်မကအသင်းတော်အတွက်သာသနာ့အမူတော်မြတ်အတွက် မရှိဆင်းရဲသောသူများ
အတွက်များစွာပေးလှူဖို့ရန် ဆုတောင်းရမည်မဟုတ်လား။ဝမ်းစာအတွက်သာမဟုတ်ရပါ။ဝမ်းစာအတွက်သာဆုတောင်း
နေလျှင်တော့ဆင်းရဲမှာပဲကောင်းကြီးရမှာမဟုတ်ပါ။
            ထို့ထက်မကကော၊၃း၂၃-၂၄ တွင် “သခင်ဘုရား၏အမူကိုဆောင်ရွက်သကဲ့သို့ပြုလေသမျှတို့ကို စေတနာစိတ်
နှင့်ပြုကြလော့။သင်တို့သည်သခင်ခရစ်တော်၏အစေကိုခံကြသည်ဖြစ်၍အမွေတော်တည်းဟူသောအကျိုးကိုထိုသခင်
ဘုရား၏လက်တော်မှခံရလိမ့်မည်ဟုသိမှတ်ကြလော့။”လောကတွင်အမွန်မြတ်ဆုံးသောအလုပ်သည်မည်သည့်အလုပ်ဖြစ်
ပါသနည်းဟုဆိုသော်သခင်ဘုရားအတွက်လုပ်နေပါသည်ဟူသောခံယူချက်နှင့်လုပ်ဆောင်ခြင်းသည် အမွန်မြတ်ဆုံးဖြစ်ပါ
သည်။သခင်ဘုရားအတွက်အစေခံနေပါသည်ဟူ၍ခံယူချက်အပြည့်အ၀နှင့်လုပ်ဆောင်နေသောသူကိုဘုရားသခင်သည်
အခကြေးငွေတည်းဟူသောကောင်းကြီးမင်္ဂလာကိုအဆပေါင်းများစွာပေးမည်သာဖြစ်ပါသည်။သခင်ဘုရားသည်ကျွန်ုပ်တို့
ကိုအခမဲ့ဘယ်တော့မျှအစေမခံခိုင်းပါ။ “သခင်ဘုရားအတွက်လယ်လုပ်နေပါတယ်။သခင်ဘုရားအတွက်ကျောက်စိမ်းတူး
နေပါတယ်” စသည့်ခံယူချက်နှင့်လုပ်ဆောင်နေခြင်းသည် လောကီရေးမဟုတ်ရပါ။ဝိညာဉ်ရေးပင်ဖြစ်ကြောင်းကိုသိရှိ
စေလိုပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )