22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 9, 2012

သခင်ဘုရား၏ ယုံကြည်ခြင်းမျိုး ရှိပါ။

ယုံကြည်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ထိုအရာကို သိရှိနိုင်ရန် အတွက် ယုံကြည်ခြင်း၏ အရင်းအမြစ် ဖြစ်သော ဘုရားသခင်ကို သိရှိဘို့ လိုအပ်ပါသည်။ ယေရှုသည် တပည့်တော်တို့အား မာကု ၁၁း၁၂ တွင် "ဘုရားသခင်ကို ယုံကြည်ကြလော့" ဟု ဆိုထားပါသည်။ ထိုသို့ ပြောဆိုမှု မပြုမီတွင် ဖော်ပြထားသော အဖြစ်အပျက် တစ်ခု ရှိပါသည်။ ထိုအဖြစ်အပျက်မှာ သခင်ယေရှုသည် ဗေသနိ ရွာမှ အပြန်ခရီးတွင် ဆာလောင် မွတ်သိတ်တော် မူသောအခါ သဘောင်္ သဖန်းပင်ကို မြင်သဖြင့် အသီးရှိမည်ဟု မျှော်လင့်ခဲ့သော်လည်း အနီးသို့ ရောက်သော အချိန်တွင် အသီးကို မတွေ့ရသောအခါ ထိုအပင်မှ အသီးကို မည်သူမျှ မစားနိုင်ရန် ကျိန်ဆိုလိုက် လေသည်။ ထိုသို့ ကျိန်ဆိုလိုက်ကြောင်းကို အခြားသော တပည့်တော်များလည်း ကြားသိခဲ့ကြသည်။ နောက်တစ်ရက် အပြန်ခရီးတွင် ထိုသဖန်းပင်မှာ အမြစ်မှစ၍ ခြောက်သွေ့နေသည်ကို တပည့်တော်များ တွေ့မြင်ခဲ့ကြသည်။ ထိုသို့ တွေ့မြင် သောအခါ ကိုယ်တော်ကို လျှောက်တင်လိုက် သောအခါ ကိုယ်တော်က အထက်ပါ ကျမ်းချက်ဖြစ်သော ဘုရားသခင်ကို ယုံကြည်ကြလော့ ဟု မိန့်တော်မူခဲ့ပါသည်။
ထိုအဖြစ်အပျက်ကို ကြည့်သောအခါ သခင်ယေရှု၏ ယုံကြည်ခြင်းကို ထင်ရှားစွာ တွေ့မြင်ရလေသည်။ ကျွန်တော်တို့၏ ယုံကြည်ခြင်းအပေါ်တွင် ဘုရားသခင်က ကြီးမားစွာ အလုပ်လုပ်နေကြောင်း ထိုကျမ်းပိုဒ်အရ ထင်ရှားစွာ တွေ့မြင် နေရသည်။ သခင်ယေရှု၏ သဘောင်္ သဖန်းပင်ကို ခြောက်သွေ့သွားစေနိုင်သော ယုံကြည်ခြင်း ရှိနေခဲ့သည်။ ထိုကဲ့သို့သော ယုံကြည်ခြင်းမျိုးကို သခင်ယေရှုက ကျွန်တော်တို့ ထံတွင် ရှိစေချင်ပါသည်။ ဘုရားသခင်သည် ယုံကြည်ခြင်း၏ အရင်းအမြစ်ဖြစ်ပြီး ယုံကြည်ခြင်း အားလုံးသည် ကိုယ်တော်ထံမှ လာပါသည်။ ကိုယ်တော့်မှာ ယုံကြည်ခြင်း ရှိပြီး ကိုယ်တော်၏ ယုံကြည်ခြင်း အထဲမှ ကျွန်တော်တို့သည် ယုံကြည်ခြင်းကို ရရှိသည်။ ဤယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ အသက်တာ ထဲမှာ စတင် အလုပ် လုပ်သောအခါ သဘာဝထက် လွန်ကဲသော ရလဒ်များကို ထွက်ပေါ်စေပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )