22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 9, 2012

တစ်သက်စာနှင့် တစ်နပ်စာ

ဒီလောက၌ လူများ တဦးကို တစ်ဦး လိမ်လည် လှည့်ဖြား ဆက်ဆံ ပြောဆို တတ်ကြသည် မှာ မဆန်းကျယ် လှပါ။ တစ်ကြိမ် လိမ်ပြီးသွားရင် (သို့) မုသာသုံး၍ တစ်စုံတစ်ခုကို ရယူခဲ့ ပြီးသွားရင် အဲဒီ လူနဲ့ နောက်ထပ် ပြန်မတွေ့ရဲ တော့ပါဘူး။ လိမ်ခဲ့သော နေရာ၊ဒေသမှလူများ နဲ့ နောက်ထပ်တဖန်ထပ်တွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒါကို မြန်မာစကားပုံမှာ တနပ်စားကြံသည်ဟု သုံးနှုန်း ပါသည်။ လူသား အချင်းချင်း သော်လည်းကောင်း၊ ဘုရား မသိသူ အချင်းချင်း သော်လည်းကောင်း၊ ထိုကဲ့သို့ ဆက်ဆံသည်မှာ ပြဿနာမရှိ ပေမဲ့ ဘုရားကိုသိသော ယုံကြည်သူ များပင်လျင် ဘုရားသခင်ကို ထိုကဲ့သို့သော တနပ်စားကြံသော ယုံကြည်ခြင်းများနှင့် ဘုရားကိုမိတ် သဟာယဖွဲ့တတ်ကြသည့်မှာ အလွန်ပင် စိတ်ပျက်စရာပင် ဖြစ်ပါသည်။
သို့သော် ကျွန်ုပ်တို့ ကိုးကွယ် ယုံကြည်သော ဘုရားသခင် သည် ထိုသို့ တစ်နပ်စာ ကောင်းကြီး မင်္ဂလာမျိုး ကို မပေးပါ။ ရှင်ယောဟန် ၁၀း ၁၀ ()ပိုဒ်၌ ''ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျမက အထူး သဖြင့် အသက်နှင့် ပြည့်စုံ စေခြင်းငှါ လာသတည်း။'' ယေရှုခရစ်တော် ဤလောကသို့ ရောက်လာ ခြင်းသည် အသက် ပေး ဖို့ရန် သာမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေရန် လာခြင်းဖြစ်သည်။ ''အထူးသဖြင့်'' ဤ စကားလုံးသည် အင်္ဂလိပ် ကျမ်းစာ၌ (Abundance) ဖြစ်၍ အဓိပ္ပါယ်မှာ လိုသည်ထက် ပိုသောဟု အဓိပ္ပါယ် ရှိပါသည်။ ဆိုလို သည်မှာ ယေရှု ခရစ်တော်သည် ကျွန်ုပ်တို့အား တသက်စာ ကြွယ်ဝခြင်း ကောင်းကြီး မင်္ဂလာများ ကို ပေးရန် လာခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှပါသည်။
ကျမ်းစာထဲ၌ ခရစ်တော်သည် ကြွယ်ဝသော အသက်တာ (သို့) တသက်စာ ပေးရန် အတွက် လာသည်ကို အထပ်ထပ် ဖော်ပြထား ပါသည်။ အခြားသောကျမ်းပိုဒ် တစ်ပုဒ်တွင်ဖော်ပြထားသည်မှာ ရောမ ၈း၃၂ ''ခပ်သိမ်း သော အရာတို့ကို ငါတို့အား မပေးဘဲ အဘယ်သို့ နေတော် မူမည်နည်း။" ''ခပ်သိမ်းသောအရာ'' ဟု သုံးနှုန်း ထားပါသည်။ ခပ်သိမ်းသော အရာဆိုသည်မှာ အဘယ်နည်း။ သင်၏ လိုအပ်နေသော အရာများ ဖြစ်သော ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေးစသော သင်၏အခြေခံလိုအပ် ချက်များပင် ဖြစ်ပေမည်။ လူတစ်ဦးနှင့် တစ်ဦး လိုအပ်ချက် မတူညီပါ။ ထို့ကြောင့် ကျမ်းစာ၌ ခပ်သိမ်းသော အရာဟု သုံးနှုန်း ထားရခြင်း ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော် သည် ပြည့်စုံ၍ ကောင်းမွန်ကြောင်း တွေ့ရပေမည်။
ဖိ ၄း၁၉ ''သင်တို့ အလို ရှိသမျှ တို့ကို ယေရှုခရစ်တော် အားဖြင့် ပြည့်စုံတော်မူလိမ့်မည်။'' ဤကျမ်းစာ၌ "အလိုရှိသမျှ'' ဟုဖော်ပြထားပါသည်။ လူ တယောက်၏အလိုရှိသမျကို ယေရှုအား ဖြင့်ပြည့်စုံဖို့ ဘုရားသခင် ပြင်ဆင်ထားကြောင်း တနည်းအား ဖြင့်ကြွယ်ဝသော အသက်တာကို ခရစ်တော် အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အဖို့ ပြင်ဆင် ထားသည်ကို ကျမ်းစာအားဖြင့် တွေ့ရ၊ မြင်ရ၊ ကြားရ ပါသော်လည်း ယနေ့ ဘုရားသား သမီးများသည်။ တသက်စာ ပေးသော အရှင်ကို ယုံကြည်ဖက် တွယ်ရမည့် အစား တစ်နပ်စာ ကိုသာ အားကိုးလျက် အသက်ရှင် လျောက်လှမ်း လိုကြသည်မှာ ၀မ်းနည်းစရာ ပင်ဖြစ်ပါသည်။
သမ္မာ ကျမ်းစာတွင်လည်း ထိုကဲ့သို့ တနပ်စာနှင့် တသက်စာ ကို မခွဲခြားတတ်၍ အသက်တာ တစ် လျောက်လုံး ဘုရားနှင့် ဝေးခဲ့ရသော "ဓမ္မဟောင်း ဘုရား လူများ ရှိခဲ့ကြ ကြောင်းကို ကျွန်ုပ်တို့ ယနေ့ သင်ခန်းစာ ယူ၍ အသက်တာ၌ ပြင်ဆင် လျောက်လှမ်း သွားနိုင်ရန် အနည်းငယ် ဖော်ပြလိုက် ပါသည်။
ကမ္ဘာဦးကျမ်း ၂၅း၁၉-၃၄ ဧသောနှင့် ယာကုပ် ဆိုသော ညီအစ်ကို နှစ်ယောက် အကြောင်းသည် ၀ိညာဉ်ရေးရာ၌ သင်ခန်းစာ ယူရန် အလွန်ကောင်းပေ၏။ ဧသောသည် သားဦး အရာကို ရထားပြီး သားဦး သည် ဘုရားသခင် ကောင်းကြီးပေးခြင်း ခံရသောသူ အဖြစ် ဘုရားသခင် ရွေးချယ်ထားသောသူ ဖြစ်ပါသည်။ ထိုကဲ့သို့ အနေအထား မျိုးတွင် ဧသောသည် အသက်ရှင်ခွင့် ရှိသောသူ ဖြစ်သော်လည်း သူ၌ ရှိသော ကြွယ်ဝ ပြည့်စုံသော အသက်တာကို အလေးမထား ခဲ့ပါ။ တနေ့တွင် သားကောင်မရ၍ မောပန်းစွာ အိမ်သို့ ရောက်လာ သောအခါ ညီငယ်အား စားစရာ ပေးပါဟု တောင်းခဲ့သည် အလွန် ဆာလောင် မောပန်း၍ ခန္ဓာ၌ အားကုန်နေ ခဲ့သည်။ ယနေ့ ယုံကြည်သူ များလည်း လောက အရာများနှင့် နေ့စဉ် လုံးပန်းလျက်၊ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ မိတ်ဟာယဖွဲ့ခြင်း စသော ၀ိညာဉ်ရေးရာ၌ အားနည်းသောအခါ နေ့စဉ် လုံးပန်း လျက်ရှိသော လောက အရာများက အသက်တာ၌ တဖြည်းဖြည်း နေရာယူ လွှမ်းမိုးလာပြီး လောကီဆန်သော အသက် ရှင်မှုများ၊ ပြောဆို နေထိုင်မှုများ အားဖြင့် ဘုရားဘက်၌ အားလျော့လာကြ ပါသည်။
ဧသောသည် ထိုကဲ့သို့ မောပန်း၍ ဆာလောင် နေသောအခါ ယာကုပ်သည် အခွင့် အရေး ယူ၍ သားဦး အရာကို ရောင်းရန် ပြောခဲ့ပါသည်။ ဧသောက လွယ်လွယ်ပင် ရောင်းစားခဲ့ ပါသည်။ ဘာကြောင့် ဧသော ကလွယ်လွယ် ရောင်းစား၍ ယာကုပ်က ဘာကြောင့် သားဦး အရာကို အလွန် လိုချင်ခဲ့ ပါသနည်း။ ဤမေးခွန်ကို သင် မေးဖူးပါ သလား။ ဧသောသည် လောကီ အရာဆိုသော တနပ်စာကိုသာ ကြည့်မြင်၍ လတ်တလော အမှု ကိစ္စကိုသာ အားရုံထား သောကြောင့် မမြင်နိုင်သော ဘုရားသခင်၏ တသက်စာ ကောင်းကြီးများကို ဆုံးရှုံး သွားခဲ့ရ ပါသည်။ ယာကုပ်က မမြင်နိုင်သော ဘုရားသခင်၏ တသက်စာ ကောင်းကြီးများကို သူတွေ့မြင်၍ ရအောင် ယူခဲ့ပါသည်။ ယနေ့ ယုံကြည်သူများ ၀ိညာဉ်မျက်စိများ ကန်းနေပါက ဧသော ကဲ့သို့ တနပ်စာကိုသာ ရွေးချယ်မိ၍ အသက်တာ တလျောက်လုံး ဆုံးရှုံးမှုများနှင့် တွေ့ကြုံ နေရပါလိမ့်မည်။ မတည်မြဲသော ဤလောက အရာများကို မကြည့်မိရန် တမန်တော်ကြီး ရှင်ယောဟန်က ၁ယော ၂း၁၇ ဤလောကသည် မတည်မြဲကြောင့်၊ တခဏသာ တည်၍ တနေ့မှာ ရွေ့သွားမည် ဖြစ်ကြောင်းကို ဖော်ပြထားပါသည်။
ရောမ ၉း၁၃ တွင် ''ဧသောကို ငါမုန်း၏'' ဟုတွေ့ရပါသည်။ တနပ်စာကိုသာ ကြည့်၍ တသက်စာကို ပေးနေသော ဘုရားသခင်ကို သင် မတွေ့မမြင် ခဲ့ပါလျင် ဘုရားသခင်၏ အမုန်းဆိုသော ရှုံးဆုံးခြင်းကိုသာ သင်ခံစားရယုံတင် မက ကောင်းကြီး မင်္ဂလာများနှင့် ဝေးကွာသွားပါလိမ့်မည်။
အလားတူ အဖြစ်အပျက်နှင့် တူသော သမ္မာကျမ်း စာလာ အကြောင်းအရာ တခုရှိပါသေးသည်။ ၃ရာ ၁၇း၁၂-၁၃တွင် ဇရတ္တမြို့၌ ရှိသော မုဆိုးမ သားအမိ နှစ်ယောက် အကြောင်း ဖြစ်ပါသည်။ အစား အသောက် ရှားပါး၍ အငတ်ဘေး ဆိုက်ရောက်သော ကာလ အချိန်ဖြစ်၍ သားအမိ နှစ်ယောက် အတွက် လတ်တဆုပ်သာ ရှိသော ဂျုံမှုန့်နှင့် ဆီ အနည်းငယ်သည် အစာ ခေါင်းပါးသော ကာလ တလျောက်လုံး စား၍ လုံလောက်လျက် ရှိသည်မှာ အံ့သြစရာပင် ဖြစ်ပါသည်။ ဤသားအမိ နှစ်ယောက်တွင် အဘယ်ကြောင့် လက်တဆုပ်စာ မုန့်သည် မကုန်ပါ သနည်း။ သင်ဆင်ခြင် မိပါသလား။ နှုတ်ကပတ် သမ္မာတရား စကားအတိုင်း ယုံကြည်ခြင်း မျက်စိဖြင့် ဘုရားသခင်ကို အားကိုး၍ ကိုးစားခဲ့ သောကြောင့် ဖြစ်ပါသည်။ လက်တဆုပ်စာသာ ရှိသော အရာလေးကို ဘုရားသခင်အား ကိုးစားခဲ့ သောကြောင့် ဖြစ်ပါသည်။ လက်တဆုပ်စာသာ ရှိသော အရာလေးကို ဘုရား သခင်အား ပေးပါဟု တောင်းသောအခါ လောက အတွေးအမြင်ဖြင့် စဉ်းစားခဲ့လျင် မဖြစ်နိုင်သည့် အခြေအနေ ဖြစ်ယုံတင် မက ဒေါသပင်လျင် ထွက်နိုင်ပါသည်။ ခက်ခဲရတဲ့ကြားထဲ ဘာလာရှုပ်တာလဲဟု ထင်မိမှာသာ ဖြစ်ပါ သည်။ သို့သော် ထိုမုဆိုးမသည် ထိုကဲ့သို့ မမြင်ဘဲ ဧလိယနှင့် အတူပါသော နှုတ်ကပတ် တော် ကောင်းကြီး မင်္ဂလာကို ၀ိညာဉ်မျက်စိဖြင့် ကြည့်၍ တနပ်စာမှ တသက်စာသို့ အံ့သြစရာ ဖြစ်ခဲ့ပါသည်။
ထို့ကြောင့် သင်နှင့်ကျွန်ုပ် တစ်သက်စာ အတွက် ပေးနေသော အရှင် ယေရှုခရစ်တော်ကို ကိုးစား ခိုလှုံခြင်းဖြင့် တသက်စာ ဖြစ်သော တည်မြဲသော ကောင်းကင်အရာကို ရွေးယူနိုင်ဖို့ရန် တိုက်တွန်း ဝေငှလိုက်ရ ပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )