22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, January 25, 2012

အစ္စလမ်

အစ္စလမ်ဘာသာကိုတည်ထောင်ခဲ့သူ တမန်တော်မိုဟာမက်အကြောင်း (အေဒီ ၅၇၀-၆၃၂ )
မိုဟာမက်သည် အေဒီ၅၇၀ တွင် စာပေယဉ်ကျေးမှုနှင့်ဝေးရာ မက္ကာမြို့ လေးတွင်မွေးဖွါးခဲ့ပါသည်။ ထိုဒေသတွင် နတ်ဘုရား အများကို ကိုးကွယ်ကြပြီး ဖန်ဆင်း ရှင်ဘုရားကိုကိုးကွယ်သော ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာဝင်ကုန်သည်တို့ ဝင်ထွက် နေထိုင် တတ်ကြသည်ဟု ဆိုပါသည်။ ထို့ကြောင့် မိုဟာမက်သည် ဖန်ဆင်းရှင်ဘုရား အကြောင်းကို ထိုသူတို့ထံမှ ကြားရခြင်းဖြစ်မည်ဟု ပညာရှင်များကဆိုကြသည်။ သူသည်စာမတတ်သူမိဘမဲ့တစ်ဦးဖြစ်ကြောင်းလည်း မှတ်တမ်းတင်ထား ပါသည်။  အသက်နှစ်ဆယ့် ငါးနှစ်အရွယ် တွင် ချမ်းသာသော မုဆိုးမတစ်ဦးနှင့် လက်ထပ်ခဲ့ကာ စတင်ထင်ပေါ်လာပါသည်။
အသက်လေးဆယ်အရွယ်တွင် ဖန်ဆင်းရှင်ဘုရား အကြောင်းကို လူတို့အား စတင်တရားဟောကြားလာကာ နောက်လိုက် အများလည်း ရှိလာပါသည်။ ၄င်းက အာဗြဟံယဇ်ပူဇော်ခဲ့သောသားမှာ ဣဇက်မဟုတ်၊ ဣရှမေလ ဖြစ်၏။ထို့ကြောင့် အာရပ်လူမျိုး သည် ဂျူးလူမျိုးထက် မြတ်၏၊ သူသည်လည်း ယေရှုထက်မြတ်၏ဟု  မိုဟာမက်ကဆိုပါသည်။ မိုဟာမက်၏ နောက်လိုက်များ များလာခြင်း ကြောင့် မြို့အာဏာပိုင်များက စိုးရိမ်ပြီး ၄င်းကို ငြိုငြင်လာသည့်အတွက် မက္ကာမြို့နှင့် မိုင် ၂၀ဝ ခန့်ဝေးသော မဒီနာမြို့လေးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ မဒီနာမြို့လေးကတော့ မိုဟာမက်ပြောသော ဖန်ဆင်းရှင် ဘုရားအကြောင်းနှင့် ၄င်းကို လက်ခံခဲ့ကြသည့်အတွက် ထိုမြို့ခံ နောက်လိုက်များနှင့် မက္ကာမြို့ကို အကြိမ်ကြိမ်စစ်ခင်းကာ ထိုမြို့လေးကို သိမ်းပိုက် နိုင်ခဲ့ပါသည်။ လူအများ၏ ယနေ့တိုင် ပြောဆိုခံနေရသော ၄င်း၏အားနည်းချက်မှာ မိန်းမ အများယူခဲ့ခြင်းနှင့် စစ်ဖြင့် သာသာနာကို အစပြုခဲ့ခြင်းပင် ဖြစ်ပါသည်။ ကျမ်းစာ က ဘုရား၏လူသည် သီလနှင့်ပြည့်စုံသော အပျိုစဉ်ကိုသာယူရမည်ဟု ပညတ် သော်လည်း တမန်တော် မိုဟာမက်၏ မယားများအထဲတွင် မုဆိုးမချည်း တစ်ဆယ့် တစ်ဦးပါဝင်သည်ဟု မှတ်တမ်းတင်ထားပါသည်။
မိုဟာမက်သေဆုံးချိန်တွင် မက္ကာနှင့် မဒီနာမြို့လေးသာ အလ္လာကိုကိုးကွယ် သည့် အစ္စလမ် ဘာသာဝင်များ အဖြစ် ရှိခဲ့သော်လည်း နောက်ပိုင်း မိုဟာမက်၏ တပည့်များက ဥရောပတိုက် တစ်ခုလုံးကို သိမ်းပိုက်နယ်ချဲ့ တော့မည့်အလား နိုင်ငံ အတော်များများကို သိမ်းပိုက်ခဲ့ပါသည်။ ၄င်းတို့ သိမ်းပိုက်ခဲ့သောနိုင်ငံများတွင် ခရစ်ယာန်နိုင်ငံအတော်များများလည်း ပါသွားပါသည်။ အစ္စရေး အပါအဝင် ဥရောပ တောင်ပိုင်း၊ မြောက်ပိုင်း၊ စပိန် ပေါ်တူဂီအထိ နှစ်ပေါင်းသုံးရာအတွင်း နယ်ချဲ့ သိမ်းပိုက်ခဲ့ ပြီး ထိုမြို့ရှိ ခရစ်ယာန်များ ကိုလည်း သတ်ဖြတ်ခဲ့သည်။ အစ္စရေးကိုသိမ်းပိုက်ပြီး အေဒီ၇၀ ခန့်တွင် ဖျက်ဆီးခံခဲ့ရသော ဗိမ္မာန်တော်နေရာတွင် ကျောက်မြတ် ဗလီကြီးကို တည်ဆောက်ခဲ့ ကာယနေ့တိုင်ထိုဗလီကြီးရှိနေဆဲဖြစ်ပါသည်။ သူတို့ သိမ်းပိုက်ခဲ့သော နိုင်ငံတိုင်းတို့သည်လည်း အစ္စလမ် ဘာသာဝင်များ ဖြစ်သွားကြပါသည်။ အေဒီတစ် ထောင်ခန့်တွင် ကက်သလစ်ဂိုဏ်းဝင်များဖြစ်ကြသည့် ပြင်သစ်နှင့် ဂျာမဏီ နှစ်နိုင်ငံဦးဆောင်ပြီး အစ္စလမ်များ သိမ်းပိုက်ထားသော မြို့အတော် များများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့သော ဘာသာရေး စစ်ကြီး ဖြစ်ခဲ့ပါသည်။ အစ္စရေးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ သော်လည်း ကျောက်မြတ် ဗလီကြီး ကိုတော့ မဖျက်ဆီးခဲ့ပါ။
အေဒီတစ်ထောင်ကျော်မှ အေဒီတစ်ထောင့်နှစ်ရာကျော်အတွင်း စစ်ကြီး ခုနှစ်ကြိမ်ခန့် ဖြစ်ပွါးခဲ့ပါသည်။ ထိုစစ်အတွင်း ဂျူးများကိုလည်း နှိမ်နင်းသတ်ဖြတ်ခဲ့ သည့်အတွက် ဂျူးနှင့် မွတ်ဆလင်များ ယနေ့တိုင် ခရစ်ယာန်ကို အမုန်းပွါး ခဲ့သကဲ့သို့ ထိုသူများခရစ်ယာန်ဖြစ်လာဖို့လည်း မလွယ်ကူရာအကြောင်း တစ်ရပ်ဖြစ်ခဲ့ပါသည်။ ဂျူးတို့ကို သတ်ရသည့် အကြောင်းမှာ ၄င်းတို့ကိုးကွယ်သည့် ယေရှုဘုရားကိုကားစင် တင်သတ်သောလူမျိုး ဖြစ်သည့်အတွက် ဂျူးလူမျိုးကို သတ်သင့်သည်ဟုယူဆ ခြင်းကြောင့် ဖြစ်ပါသည်။ ထိုအယူကို ဟစ်တလာလည်း လက်ခံပြီး ဟစ်တလာ လက်ထက်သူသတ်ခဲ့သောဂျူးအရေအတွက်မှာ အမှန်တကယ်ကိုးသန်းခန့်ရှိသည်ဟု သိရပါသည်။  သမ္မာကျမ်း ရှုဒေါင့်အရ ယေရှုကိုဂျူးတို့သတ်ဖို့တောင်းဆိုစဉ် သူ၏အသွေးသည် ငါတို့၏ခေါင်းပေါ်၌၄င်း၊ သားမြေးတို့ခေါင်းပေါ်၌၄င်း တည်ပါစေဟု ကျိန်ဆိုခဲ့သည့် အပြစ်ကြောင့်ဖြစ်ပါသည်။(မ ၂၇း၂၅) ယခုအခါ အစ္စလမ် ဘာသာဝင် လူသန်းပေါင်း တစ်ထောင့် ငါးရာခန့်ရှိနေပြီ ဖြစ်ကြောင်းကို သမိုင်းမှတ်တမ်း များအရ အနှစ်ချုပ်ကိုဖေါ်ပြပေးလိုက်ပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )