22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

ထက်နုနုရှိန် နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

e543
ယခုတစ်ပတ် အနုပညာရှင်တို့နှင့် စိတ်ကြိုက်ဖက်ရှင် ကဏ္ဍအတွက် နွေရာသီ၏ အပူဒဏ်နှင့် လိုက်လျောညီထွေ ဖြစ်မည့် ဖက်ရှင်စိတ်ကူးများကို ရွေးချယ်ဖြစ်ပါသည်။ ပါဝင်ပေးခဲ့သည့် မော်ဒယ်လ်က ရွိုင်ရယ်မြန်မာ တီးမစ်ကြော်ငြာ billboard များ၌ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်မှုဖြင့် တွေ့မြင်ခဲ့ရသူ ထားဝယ်ဒေသမှ ထက်နုနုရှိန်ပင် ဖြစ်သည်။ ပွဲတက်ဝတ်စုံဖက်ရှင်နှင့် မြန်မာဝတ်စုံဖက်ရှင်တို့အား မတူကွဲပြားစွာ ရွေးချယ်ဝတ်ဆင်ပေးခဲ့သည့် မော်ဒယ်လ် ထက်နုနုရှိန်က ဖက်ရှင်အတွေးအမြင်များနှင့် ပတ်သက်၍လည်း ယခုကဲ့သို့ ပြောပြပေးခဲ့သည်။
ပထမ၀တ်စုံလေးက နွေရာသီ ပွဲတက်ဖက်ရှင်လေးပေါ့။ အင်္ကျီက အသားရောင်ပေါ်မှာ စီးကွင့်စ်တွေနဲ့ ပုံဖော်အလှဆင်ထားပြီး အောက်ကတော့ ဒူးအောက်လောက်ရှိတဲ့ စကပ်လိမ္မော်ရောင်နဲ့ တွဲဝတ် ထားပါတယ်။ ဖဲပြားပုံခါးပတ်အမည်းလေး ပတ်ပြီး ဦးထုပ် အသားရောင်လေး ဆောင်းထားတဲ့အခါ နွေရာသီနဲ့လည်း သင့်တော်ပြီး ဖက်ရှင်လည်းကျတဲ့ ပွဲတက်ဝတ်စုံလေး ဖြစ်သွားပါတယ်။ ကြိုးချည် ဒေါက်ဖိနပ်အမြင့်လေး စီးပြီး accessories အနေတော့ ရောင်စုံလက်ကောက်လေးပဲ ၀တ်ဖြစ်ပါတယ်။ ဒီဝတ်စုံလေးက တောက်ပတဲ့ အရောင်ကို ရွေးချယ်ထားတာကြောင့် မိတ်ကပ်ကိုလည်း ပန်းရောင်လေး ပဲပြင်ထားပြီး မိတ်ကပ်ရှင်မိုး(တာမွေ)က လိမ်းခြယ်ပေးတာပါ။
ဒုတိယ၀တ်စုံအနေနဲ့တော့ မြန်မာဝတ်စုံလေးကို ရွေးချယ်ထားပါတယ်။ အသားရောင်နဲ့ အစိမ်းရောင် စပ်ပြီးချုပ်ထားတဲ့ မြန်မာဝတ်စုံလေးပေါ်မှာ ပန်းပွင့် အသားရောင်လေးတွေ ကပ်ပြီးအလှဆင်ထားပါတယ်။ ဖက်ရှင်ကဏ္ဍဆိုရင် များသောအားဖြင့်က အနောက်တိုင်းပုံစံမျိုးတွေပဲ အ၀တ်များတော့ ပုံစံတစ်မျိုးကွဲပြား အောင် မြန်မာဆန်ဆန်လေး ရွေးချယ်ဖြစ်တာပါ။ ဆံပင်ကိုတော့ မြန်မာဝတ်စုံနဲ့လိုက်ဖက်အောင် ဖန်စီဆံထုံးလေး ထုံးထားပြီး ငွေကြိုးလေးခေါင်းမှာ အလှပတ်ထားပါတယ်။ ကြိုးသိုင်း ဒေါက်ဖိနပ်အမြင့်လေးလည်း တွဲစီးဖြစ်ပါတယ်။
ဖက်ရှင်နဲ့ပတ်သက်လို့ ပြောရရင်တော့ ထက်နုက မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်နေတဲ့ အတွက် အမြဲလိုလို လေ့လာဖြစ်ပါတယ်။ အဓိကတော့ စာအုပ်တွေ ကက်တလောက်တွေ ကြည့်ဖြစ်သလို အင်တာနက်မှာလည်း လေ့လာဖြစ်တယ်။ ကိုယ် တကယ်တမ်းဝတ်ဖို့ ရွေးတဲ့အခါကျရင်တော့ ကိုယ်ဝတ်မယ့် အ၀တ်အစားက ကိုယ်နဲ့ လိုက်ဖက်ရဲ့လား ဆိုတာကို အရင်ဆုံး ရွေးချယ်ဖြစ်ပါတယ်။
ထက်နုကတော့ ကိုယ်နဲ့သင့်တော်တဲ့၊ ရာသီဥတု အခြေအနေနဲ့လည်း လိုက်ဖက်တဲ့၊ အများ အမြင်မှာလည်း စိတ်ကျဉ်းကျပ်စရာ မဖြစ်နိုင်တဲ့ ၀တ်စုံမျိုးကို ပိုကြိုက်တယ်။ ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားက ကိုယ့်စိတ်ကို သက်သောင့် သက်သာဖြစ်စေတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ် ဆိုတဲ့ ခံစားမှုမျိုးဖြစ်တဲ့ ဖက်ရှင်မျိုးကို ပိုပြီး ရွေးချယ်ဖြစ်တာ များပါတယ်။
 e543a
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )