22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

ကသာမြို့နယ်ရှိ စစ်မှုထမ်းဟောင်းနေအိမ်များ ဒေသအာဏာပိုင်မှ ဖယ်ရှားခိုင်းနေ၍ အခက်အခဲများ တွေ့ကြုံနေရ

(ကသာ၊ ၂၂.၄.၂၀၁၂)

မြန်မာနိုင်ငံတွင် ၀န်ကြီးဌာနပေါင်းစုံမှဝန်ထမ်းများစွာရှိကြလေရာ တပ်မတော်သားများသည်လည်း နိုင်ငံတော် (Service)၀န်ထမ်းများပင်
ဖြစ်ကြလေသည်။ ယခင်က တပ်မတော်အကြီးအကဲများသည် တပ်မတော်သားများကို မိမိတို့ အာဏာတည်မြဲရေးအတွက် ဦးစားပေး အသုံးချခဲ့လေရာ တပ်မတော်သားများသည် ပြည်သူ၏ မုန်းတီးခြင်းကို ခံခဲ့ရလေသည်။ တပ်မတော်တစ်ခုလုံး ကြားထဲမှ နာမည်ပျက်ခဲ့ရလေသည်။ မည်သို့ပင်ဖြစ်စေ တပ်မတော်သားများသည်လည်း နိုင်ငံ၏
ဝန်ထမ်းများပင်ဖြစ်ကြလေသည်။

ယခုအခါ ကသာမြို့နယ်၌ ၂၀၀၉ ခုနှစ်က တရားဝင်စစ်မှုထမ်းဟောင်းများအတွက်ပေးထားသော မြေနေရာများကို
ပြန်လည်သိမ်းယူနေရာ စစ်မှုထမ်းဟောင်းများ အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရပါသည်။

“ကျွန်တော်တို့ဟာ တပ်မတော်အငြိမ်းစားတွေပါ။ တပ်မတော်မှာ အနှစ်(၄၀)လောက်လုပ်ပြီး ပင်စင်ယူတော့ နေရာကမရှိဘူးပေါ့။ ဟိုကပ်နေ ဒီကပ်နေ နေခဲ့ရာကနေ ၂၀၀၉ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဌ ဗိုလ်ချုပ်မြင့်စိုး ကသာ လာတော့
စစ်မှုထမ်းဟောင်းတွေနေစရာမရှိတာကိုသိပြီး ကသာမြို့နယ်အပိုင် လမ်းခွကျေးရွာမှာ ရှိတဲ့ မြေလွတ်မြေရိုင်းကိုရှင်းခိုင်းပြီး မြေကွက်တွေချပေးဖို့ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ကို ညွှန်ကြားပါတယ်။ အဲဒါနဲ့ အဲဒီခေတ်က ခယက အဖွဲ့နဲ့ညှိနှိုင်းပြီး မြေနေရာ
ဖော်ထုတ်ပြီး စစ်မှုထမ်းဟောင်းတွေကို မြေတစ်ကွက် ၄ သိန်းနှုန်းနဲ့ပေးပါတယ်။ အချို့ ငွေကြေးမတတ်နိုင်တဲ့ စစ်မှုထမ်းဟောင်းတွေ
တိုက်ပွဲကျရဲဘော်တွေကိုလည်း အခမဲ့ပေးပါတယ်။

၂၀၁၀ ခုနှစ်၊ မေလ ၅ ရက်နေ့ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဗိုလ်ချုပ်ကြီးသာအေး (ယခုစစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်)ကသာလာတော့ ဒါတွေကို သိပြီး တန်ဘိုးနည်းအိမ်ယာဆောက်ဖို့ ငွေသိန်း(၅၀)လှူဒါန်းပေးခဲ့ပြီး ဖွံ့ဖြိုးဝေစည်အောင် ဆိုင်ခန်းတွေဘာတွေဆောက်လုပ်ဖို့ လမ်းညွှန်ခဲ့ပါတယ်။

အဲဒီလိုနဲ့ ကသာကို ခရိုင်အုပ်ချုပ်ရေးမှူးအသစ်ပြောင်းလာပါတယ်။ သူနဲ့ စစ်မှုထမ်းဟောင်းဥက္ကဌ မတည့်ကြတော့ စစ်မှုထမ်းဟောင်းဥက္ကဌအသစ်ကို ပြောင်းပြီး အရင် စစ်မှုထမ်းဟောင်းဥက္ကဌ(အဟောင်း)လုပ်ထားတာတွေဟာ လန(၃၉) မကျဘဲနဲ့လုပ်ထားတာ ဖြစ်လို့ တရားမ၀င်ဘူးဆိုပြီး နေအိမ်တွေ၊ ဆိုင်ခန်းတွေကိုဖျက်ခိုင်း နေပါတယ်။ အဲဒီမှာနေထိုင်ကြတဲ့ ဈေးရောင်းနေကြတဲ့ စစ်မှုထမ်းဟောင်းတွေ ဒုက္ခရောက်ကုန်ကြရပါတယ်။ တစ်ခုရှိတာက စစ်မှုထမ်းဟောင်းကိုပေးထားတဲ့ နေရာနဲ့ ကပ်လျက်ရှိတဲ့ တရုတ်လူမျိုးပိုင် ကားပစ္စည်းအရောင်းဆိုင် တိုက်ခန်းအကြီးကြီးကိုတော့ မဖယ်ခိုင်းတာပါပဲ။ အဲဒါကိုမေးကြည့်တော့ သူ့တိုက်ခန်းက နိုင်ငံတော်ကို လှူပြီးသားဖြစ်တဲ့အပြင် လခပေးရောင်းတာလို့ဆိုပါတယ်၊ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စစ်မှုထမ်းဟောင်းတွေနေစရာမရှိတော့မှာစိုးလို့ လက်ရှိစစ်မှုထမ်းဟောင်း အဖွဲ့အသစ်ကိုသွားပြောတော့လည်း သူတို့ကလည်း ဖယ်ပေးလိုက်လို့ပြောပါတယ်။ စာလည်းထုတ်ပေးပါတယ်။ ဖြစ်နေတာက သူတို့ချင်း နေရာတွေလုကြတာနဲ့ ကျွန်တော်တို့ ဘာမှ မသိတဲ့စစ်မှုထမ်းဟောင်းတွေ ခွေးနေရာမရသလိုဖြစ်နေရတာကတော့ မဖြစ်သင့်ပါဘူး”

ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသွားခဲ့ပါသည်။


မြစ်ဧရာ (CJMyanmar)


Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )