22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ဟိန်းဝေယံနှင့် ခဏတာတွေ့ဆုံခြင်း

 
မေး - လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပါ။
ဖြေ - အခု လတ်တလောကတော့ ကုန်ခဲ့တဲ့ ရက်ပိုင်းက ဦးမီးပွားရိုက်ကူးပြီး မိုးယုစံနဲ့အတူ သရုပ်ဆောင်ထားတဲ့ "ပါးပါးလေးနဲ့စပ်စပ်လေး" ဆိုတဲ့ ဇာက်ကားကို ရိုက်ခဲ့ပါတယ်။ နောက်တစ်ကားထပ်ရိုက်ဖို့ရှိနေတာကလည်း မိုးယုစံနဲ့ပါပဲ ဒီဇာက်ကားတွေမရိုက်ခင်မှာ ရှေ့မှာ ကျွန်တော် မြန်မာစာ Final ဖြေဆိုခဲ့ပါတယ်။ အဲအတွက်ကိုလည်း ကျွန်တော် ကျူရှင်တွေတတ်ပြီးတော့ ၁ လလောက်ပေါ့ (၁၁) လပိုင်းတစ်လကို ကျွန်တော်နားဖြစ်ခဲ့ပါတယ်။ ပြီးတော့ မှ ရှုတင်တွေပြန်ရိုက်ဖြစ်ပါတယ် ရှုတင်ကတော့ မနေ့က(၂၉) ကစပြီးရိုက်ဖြစ်ခဲ့ပါတယ်။ (၂၉) ရက်နေ့က ပဲ ဒါရိုက်ဦးပွားနဲ့ စရိုက်ဖြစ်တာပါ။ ဒီနေ့ကတော့ ဒီကားလေးကအစပါ။ ဒီကားတွေရိုက်ပြီးရင်တော့ ရှေ့မှာ DVD ကားကြီးတစ်ကားရိုက်ဖို့ ရှိပါတယ်။ ကားကြီးတွေကတော့ လက်ခံထားတာတွေအများကြီးရှိပါတယ် ဦးပွား ရယ် ကိုဇော်အာရုံဦးတို့ နဲ့ ရိုက်မှာပါ။
မေး - ဟုတ်ကဲ့ ... မြန်မာစာ Final ကိုကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါသလား?
ဖြေ - ဟုတ်ကဲ့ ဖြေဆိုနိုင်ခဲ့ပါတယ် ...
မေး - အစ်ကို ကိုယ့်ကိုကိုယ် သဘောထားကြီးတဲ့ သူတစ်ယောက်လို့ထင်ပါသလား?
ဖြေ - အဲဒါကတော့ ကိုယ့်ကိုကိုယ် ထင်မြင်သုံးသပ်တာထက်စာလို့ချင်ရင် ကိုယ့်ပတ်ဝန်ကျင်ကသူတွေ ကိုယ့်မိတ်ဆွေတွေ ကိုယ့်ကို သုံးသပ်ပေးလို့ချင်ရင် ပိုပြီးတော့ မှန်ကန်လိမ့်မယ် ပိုပြီးထိရောက်လိမ့်မယ်လို့ ထင်ပါတယ်။
မေး - ဟုတ်ကဲ့ ပန်ဝန်ကျင်ကပဲဖြစ်ဖြစ် ဆွေမျိုးမိတ်ဆွေထဲကပဲ ဖြစ်ဖြစ် အဲ့လို ပြောသံကြားမိပါသလား?
ဖြေ - ကြားမိလာ ဆိုတော့ တချို့တော့ ပြောကြတာပေါ့ ။ လူတွေကတော့ အမျိုးမျိုးပေါ့ တစ်ချို့ကြတော့လည်း မျိုးစုံပေါ့ တစ်ချို့ကြတော့ လည်း သဘောထားကြီးတယ် တစ်ချို့ကြတော့လည်း စိတ်ကောင်းတယ် တစ်ချို့ကြတော့လည်း အရမ်းမာနကြီးတယ် တမျိုးကြီးပဲ အဲလိုပုံစံမျိုးတွေနဲ့ အမျိုးမျိုးပေါ့ မျိုးစုံတော့ကြားရပါတယ်။ ဒါပေမယ့် တကယ့်တကယ်တော့ လူတစ်ယောက်ရဲ့ သူ့ရဲ့ အတွင်းစိတ်ဆိုတာ သူ့ရဲ့ အပြင်ပန်းပုံပန်းသဏ္ဍာန် ကြည့်ယုံနဲ့ မရပါဘူး တကယ့်တကယ် ထဲထဲဝင်ဝင် ပေါင်းသင်းဆက်ဆံ ဖြစ်မှ သိတဲ့အရာ ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်နဲ့ ရင်းနှီးတဲ့ သူတွေ ကျွန်တော့်ရဲ့ ဒီ အနီးတစ်ဝိုက်မှာ ရှိနေတဲ့ သူတွေကထင်မြင်ကြေးပေးတာ ပိုပြီးတော့ ထိရောက်ပါလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
မေး - အစ်ကို့ အတွက် အထင်ကြီးလေးစားရတဲ့ သူဆိုတာဘယ်လိုလူမျိုးဖြစ်မလဲ သိပါရစေ?
ဖြေ - အဓိကကတော့ စိတ်ဓါတ်ပေါ့နော် ... စိတ်ဓါတ်ပါ .... လူတစ်ယောက်မှာ စိတ်က အရေး အကြီးဆုံးပါပဲ လူကိုဦးဆောင်တယ်ဆိုတာလည်း စိတ်ကပဲ ဦးဆောင်နေတာဆိုတော့ စိတ်ထားကောင်းတဲ့သူ အကျင့်စာရိတ္တကောင်းတဲ့သူ အဲ့လိုလူမျိုးကိုကျွန်တော်လေးစားပါတယ်။ ဘာကြောင့်လည်းဆိုတော့ စိတ်ကပဲလူကိုဦးဆောင်တာဖြစ်တဲ့ အတွက်ကြောင့် သဘောထားကြီးမယ် စိတ်သဘောထားဖြူစင်မယ် စိတ်ထားကောင်းမယ်ဆိုလို့ချင်ရင် ကျန်နေတဲ့ အရာတွေအားလုံးဟာ သူဟာနဲ့ သူဖြစ်သွားမှာပဲလေ ... ကြိုးစားရင်းကြိုးစားရင်နဲ့ ဖြစ်သွားမှာပဲဆိုတော့ အဲတော့ ကျွန်တော်က အဓိကစိတ်ကိုဦးစားပေးပါတယ်။
မေး - အစ်ကို အဲ့လိုလူမျိုးနဲ့ကော ကြုံခဲ့ဖူးပြီးလား?
ဖြေ - ဟုတ် အဲ့လိုလူမျိုးတွေနဲ့ ကြုံပါတယ် .... ကြုံဖူးပါတယ်။
မေး - ကိုသားငယ်ရဲ့ စိတ်ကိုသိပါရစေ?
ဖြေ - ကျွန်တော်ရဲ့ စိတ်ကို ကျွန်တော် လက်ရှိဖြစ်နေတဲ့ ပစ္စုပန်ကိုပဲ ကျွန်တော် စိတ်ကိုထားထားပါတယ်။ လက်ရှိရပ်တည်နေတဲ့ အပေါ်မှာပေါ့နော် လက်ရှိဖြစ်နေတဲ့ အပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင်လိုက်ပါပြီးတော့ စီးမျော်ပါတယ်။ ပြီးခဲ့ တဲ့ အတိတ်ကပြီးခဲ့တဲ့ ဟာတွေကို နာရီပိုင်းလောက်မှာ ဖြစ်ခဲ့တဲ့ ဟာတွေကို ခေါင်းထဲမှာသိပ်ပြီးတော့ မ၀င်မိအောင်ပေါ့နော် ...ကိုယ့်စိတ်ကိုကိုယ်လုပ်ဖြစ်ပါတယ်။ လာမယ့် အနာဂါတ်မှာ ဖြစ်မယ့် ဟာကိုလည်း တွေးဖြစ်တယ်ကြံစည်ဖြစ်တယ်၊ ဒါပေမယ့် အဲဒါနဲ့ပက်သတ်ပြီးတော့ လက်ရှိအချိန်မှာ လက်ရှိအလုပ်မှာ အနှောင့်အယှက်ဖြစ်လောက်အောင် မဟုတ်ဘဲ ကိုယ့်စိတ်လေးကို လက်ရှိဖြစ်နေတဲ့ အချိန်မှာ မှုတည်ပြီးတော့ ပဲအလုပ်လုပ်ပါတယ်။
မေး - ကိုသားငယ် စိတ်ဖိစီးမှုတွေနဲ့ ကြုံလာရင်ဘယ်လို ဖြေသိမ့်မှုတွေနဲ့ ဖြေဖျောက်တတ်လဲ?
ဖြေ - ဒါကတော့ အမျိုးမျိုးရှိပါတယ် ... တစ်ခါတလေကြလို့ချင်ရင်တော့ သူငယ်ချင်းတွေနဲ့ သွားလာတဲ့ အခါမျိုးမှာပြေပျောက်သွားတတ်ပါတယ် ဟို ဘယ်လိုလဲဆိုတော့ သူငယ်ချင်းတွေနဲ့ တွေ့တော့ ကိုယ်ဖြစ်နေတဲ့ စိတ်ဖိစီးမှုကို မေ့သွားသလိုဖြစ်တော့ အဲလိုသူငယ်ချင်းတွေနဲ့လျှောက်သွားလေ့တော့ရှိပါတယ်။ နောက် တစ်ခါတစ်လေကျလို့ချင်ရင်လည်း စိတ်ကိုတည်ငြိမ်အောင် ဘုရားတရားနဲ့ လုပ်ဖြစ်တာမျိုးလဲရှိပါတယ်... တအားစိတ်တွေမွန်းကြပ်လာတဲ့ အခါမျိုးကြရင် ဘုရားရှိခိုးတရားထိုင်လုပ်ဖြစ်ပါတယ် စိတ်ကိုဝင်လေထွက်လေ လေးမှတ်ပြီးတော့ စိတ်ကိုပြန်ပြီးတော့ ထိန်းလိုက်ပါတယ်။ များသောအားဖြင့်ကတော့ အဲလိုလေးသတိလေးထားပြီးတော့ ကိုယ့်စိတ်ကိုကိုယ်ပြန်ထိန်းလိုက်တယ် အဲလို အရာမျိုးလေးတွေနဲ့ လုပ်ဖြစ်တာ ပိုများပါတယ်။
မေး - ကိုသားငယ် လှုမှုရေးအနေနဲ့ ပရဟိတလုပ်ငန်းတွေကောလုပ်ဖို့ရှိပါသလား?အချို့ Actor တွေဆိုရင် ဖောင့်ဒေးရှင်းတွေလုပ်ပြီး အလှူတွေပေးနေကြပြီး ဆိုတော့ ကိုသားငယ်ကကော လုပ်ဖို့ရှိလား?
ဖြေ - ကျွန်တော့် အနေနဲ့ အဲလိုမျိုးလုပ်ဖို့ကို စိတ်ကူးရှိပါတယ် ...လောလောဆယ်တော့ မလုပ်ဖြစ်သေးတာပါ လုပ်ဖို့ စိတ်ကူးရှိပါတယ်။ ကျွန်တော်ဒီ အလှူအတန်းတွေနဲ့ ပက်သတ်ပြီးတော့ ကျွန်တော်ဒီရှေ့မှာလည်း လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဆက်ပြီးတော့ လှူဒါန်းဖို့ အများကြီးရှိပါသေးတယ်။
မေး - ကိုသားငယ်က ပရဟိတလုပ်ငန်း၊ အလှူဒါန လုပ်ငန်းအနေနဲ့ ဖောင်ဒေးရှင်းတစ်ခုအနေနဲ့ ပြုလုပ်ပြီး လှူဒါန်းသွားဖို့ရှိပါသလား?
ဖြေ - ဟုတ်အဲလို လုပ်ဖို့လဲစိတ်ကူးရှိပါတယ် ဒါပေမယ့် လောလောဆယ်မှာ တော့ အကောင်အထည်မဖော်ဖြစ်သေးပါဘူး၊ ဒါပေမယ့် Plan တော့ရှိပါတယ် ... ဒီလိုမျိုးဖောင်ဒေးရှင်းလေး တစ်ခုလုပ်ဖို့ ပရဟိတလုပ်ငန်းတစ်ခုလုပ်ဖို့ အများအတွက် အကြိုးပြုနိုင်မယ့် အကြိုးပြုမယ့်အရာတစ်ခုပေါ့ အဲဒါမျိုးလေး လုပ်ဖို့ရှိပါတယ်။
မေး - ကိုသားငယ် ဒီလိုစိတ်ကူးမျိုးဖြစ်ပေါ်လာခဲ့တာ တခြားသူတွေလုပ်နေကြတဲ့ အတွက်ကြောင့်လား ဒါမှမဟုတ်?
ဖြေ - အော်မဟုတ်ပါဘူး ကျွန်တော်ဒီအရှေ့မှာကတည်းက တခြားသူတွေမလုပ်ဖြစ်ခင်ကတည်းက အဲလို စိတ်ကူးလေးကျွန်တော့်ဆီမှာ ရှိခဲ့ပါတယ်။ ရှိတယ်ဆိုတာ အဓိကကတော့ ဘယ်လိုခေါ်မလဲ အများအကြိုးအတွက်ကိုပေါ့ ကိုယ်ကတတ်နိုင်သလောက်တစ်ထောင့် တစ်နေရာကနေ ပံ့ပိုးချင်တဲ့စိတ်လေးနဲ့ပါ တစ်ဦးတစ်ယောက်ထက်စာလို့ချင်ရင် အဖွဲ့ အစည်းနဲ့ Group နဲ့ဆိုလို့ချင်ရင် ပိုပြီးထိထိရောက်ရောက်ရှိမယ်လို့လည်းထင်ပါတယ်.... ။
မေး - ကိုသားငယ်က Group တစ်ခုအနေနဲ့လုပ်မယ်ဆိုတော့ဘယ်လို Plan ဆွဲမယ်ဆိုတာပြောပြပေးပါဦး?
ဖြေ - ဟုတ် Plan အနေနဲ့ကတော့ ဘယ်လိုခေါ်မလဲ ဒီပရဟိတလုပ်တယ်ဆိုတာကတော့ ဒီတစ်ယောက်ထဲနဲ့ပဲ ရုန်းကန်လှုပ်ရှားလို့မရဘူးလေ ကိုယ့်ကိုပံ့ပိုးပေးမယ့်သူတွေ အဖွဲ့ဝင်တွေလည်းရှိရမယ် အကြံပေးတဲ့ သူတွေလည်းရှိရမယ် တစ်ယောက်ထဲတော့လုပ်လို့မရတဲ့အတွက်ကြောင့် Group လေးမျိုးနဲ့ ကိုယ့်ကိုလည်း သွန်သင်ဆုံးမပေးနိုင်မယ့်သူ လူကြီးတွေလည်းဖြစ်ရမယ် ပြီးတော့ ကိုယ်နဲ့ဘက်ပေါင်းဆုံအဆင်ပြေနိုင်မယ့်သူမျိုးလည်းဖြစ်ရမှာ ပေါ့ ဟုတ် အဲလိုလေးတော့ စဉ်းစားထားပါတယ်။
မေး - အစ်ကိုဒီ လုပ်ငန်းအကောင်ထည်ပေါ်ခဲ့ရင် ကိုသားငယ်ကိုတိုင်ပဲ ဦးဆောင်ပြီးတော့လုပ်မှာလား?
ဖြေ - အဲဒါကတော့ အခြေအနေအရလို့ပဲ ပြောလို့ရမှာပါ ကျွန်တော်ကိုယ်တိုင်ပဲ ဦးဆောင်ပြီးလုပ်ဖြစ်ရင်လည်း ဖြစ်မယ် ပြီးတော့ ကျွန်တော့ မိဘတွေလည်းရှိတယ်လေ ကျွန်တော့် မိဘခေါင်းစီးအောက်မှာပဲ ကျွန်တော်က Second Hero အနေနဲ့ ကျွန်တော်ပါရင်လည်း ပါမယ် ဒါမှမဟုတ် ကျွန်တော် လုံးဝ First hero အနေနဲ့ ကျွန်တော်လုပ်ဖြစ်ရင်လည်း လုပ်ဖြစ်ပါမယ် အဲနှစ်ခု ထဲက တစ်ခုခုတော့ ကြိမ်းသေပါတယ်။ မိဘတွေကလည်း သဘောတူပါတယ် ဟိုးနဂိုထဲကလည်း မိဘတွေစိတ်ကူးရှိပြီးသားပါ။
မေး - ကိုသားငယ်ရဲ့ ဆွေမျိုးထဲမှာ အနုပညာဝါသနာပါတဲ့ သူတွေကော ရှိသေးလား?
ဖြေ - ရှိပါတယ် ကျွန်တော့် ညီမတစ်ဝမ်းကွဲဆိုလို့ချင်ရင် အနုပညာကိုဝါသနာပါပါတယ်... အရမ်းဝါသနာပါပါတယ် ... အဲအတွက်ကြောင့်လည်း ကျွန်တော့် ကားတွေထဲမှာ သူ့ကိုထည့်ပြီးတော့ရိုက်ပေးဖြစ်ပါတယ်။ တတ်နိုင်သလောက်တော့ လက်တွဲပြီးခေါ်ပါတယ်။ ကျန်တာကတော့ သူရဲ့ ကြိုးစားမှုရယ် ကံရယ် စန်းရယ် ပေါ့ အဲဒါတွေလည်း လိုပါတယ်။ ညီမရဲ့ နာမည်ကတော့ မေမိမိဟိန်း ပါ အနုပညာနာမည်ကလည်း မေမိမိဟိန်းပါပဲ။
မေး - ကိုသားငယ် ရဲ့ ညီမ၀မ်းကွဲဖြစ်သူနဲ့ ဇာက်ကားဘယ်နှစ်ကားလောက်တွဲရိုက်ခဲ့ပါပြီလဲ?
ဖြေ - ကျွန်တော် ညီမလေးနဲ့ တွဲရိုက်ဖြစ်တာက (၄) (၅) ကားလောက်တော့ရှိမယ်ထင်ပါတယ်။ ကိုနေပိုင်၊ ဦးဇမ္ဗူထွန်းသက်လွင်တို့ နဲ့ရိုက်ပါတယ်။ ညီမနဲ့တူတူရိုက်တဲ့ ကားတွေပါ။
မေး - ကိုသားငယ်ဆွေးမျိုးထဲမှာ ဒီတစ်ယောက်ပဲလား တခြားကော?
ဖြေ - ဟုတ်တခြားရှိပါသေးတယ် သူလည်းကျွန်တော့်ညီမ၀မ်းကွဲပါပဲ သူလည်း အရမ်းဝါသနာပါပါတယ် ... ဒါပေမယ့် သူကတော့ လောလေဆယ်တော့ မလုပ်ဖြစ်သေးပါဘူး ၀ါသနာတော့ အရမ်းပါပါတယ်။ ညီမလေးနှစ်ယောက်တော့ ရှိပါတယ် ယောင်္ကျားလေး ကတော့ ကျွန်တော်သိသလောက်ကတော့ မရှိသေးပါဘူး။ ကျွန်တော်ရဲ့ ဆွေးမျိုးတွေကတော့ ဒီမှာပဲရှိကြပါတယ်။ တချို့ကြတော့ လည်းနိုင်ငံရပ်ခြားရောက်နေသူတွေရှိပါတယ်။
မေး - ဒီဇာက်ကားလေးရိုက်ပြီးရင် ခရီးထွက်ဖို့ရှိပါသလား ?
ဖြေ - မရှိပါဘူး ကျွန်တော်ဒီရန်ကုန်မှာပဲ ဇာက်ကားတွေရိုက်နေမှာပါ နယ်ထွက်ရိုက်ဖို့လည်း မရှိသေးပါဘူး။
မေး - ကိုသားငယ်ကို အကယ်ဒီမီဆုတွေနဲ့ မြင်ချင်ပါတယ် ဆိုတဲ့ ပရိသတ်တွေအတွက် စကားလေးက?
ဖြေ - ပရိသတ်ကြီးမြင်ချင်ပါတယ် ဆိုတဲ့ အကယ်ဒမီရုပ်နဲ့ မြင်နိုင်အောင် ကျွန်တော်ဒီအနုပညာ အလုပ်အပေါ်မှာ လုံးလ၀ရိယထားပြီးတော့ လုပ်နိုင်သလောက် ကြိုးစားပြီးတော့ လုပ်မှာ ပါ ကျန်တာကတော့ ကံရယ် တိုက်ဆိုင်မှုရယ်လိုတာပေါ့ ကျွန်တော်ကတော့ လူတစ်ယောက်အနေနဲ့ လူတစ်ယောက်လုပ်နိုင်သလောက်ကို အစွမ်းကုန်ကြိုးစားပြီးတော့ ဒီအနုပညာအလုပ်တွေကိုလုပ်သွားမှာပါ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )