22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

လက်မထပ်မီ(၃)နာရီ ဇာတ်ကားရိုက်ကူးနေသော ပြေတီဦး

မေး - လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်းလေးပြောပေးပါအုံး........?
ဖြေ - အခုရိုက်နေတဲ့ကားကတော့ "လက်မထပ်မီ (၃) နာရီ" အဲကားလေးကိုတော့ အခုလက်ရှိရိုက်ကူးနေပါတယ်။ မင်းသမီးကတော့ မိုးဟေကိုရယ် ချောရတနာရယ်ပါ။ ဒါရိုက်တာကတော့ ကိုနေပိုင်ပါ။
မေး - ဒီကားလေးပြီးရင်ကော ဘာကားတွေဆက်ရိုက်ဖို့ ရှိပါသလဲ........?
ဖြေ - ဒီကားလေးပြီးရင်တော့ ဗီဒီယို (၂) ကား ရိုက်ဖို့ရှိမယ်။ ပြီးရင် ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ရှိတယ်။ ကားနာမည်တွေကတော့ မသိရသေးပါဘူး။
မေး - ကိုပြေ မကြာခင်မှာ ဖခင်တစ်ယောက်ဖြစ်တော့မှာ ဆိုတော့ ရင်ထဲကခံစားချက်လေး သိပါရစေ.......?
ဖြေ - အရမ်းဝမ်းသာပါတယ်။ ပျော်လည်းပျော်ပါတယ်။
မေး - ကိုပြေရဲ့ ရင်သွေးလေးကကော ဘယ်နှစ်လရနေပြီလဲခင်ဗျာ.......?
ဖြေ - (၇) လ ရှိပါပြီ။
မေး - အစ်ကိုက သမီးလေးလိုချင်တာလား... သားလေးလိုချင်တာလား.....?
ဖြေ - သမီးလေးပဲဖြစ်ဖြစ်၊ သားလေးပဲဖြစ်ဖြစ် အကုန်ချစ်ပါတယ်။
မေး - သမီးလေးရဲ့ နာမည်ကို ဘယ်လိုပေးမယ်လို့ စဉ်းစားထားပါသလဲ.....?
ဖြေ - အဲဒီ ကိစ္စကိုတော့ စဉ်းစားနေတုန်းပါပဲ။
မေး - သားသမီး ဘယ်နှစ်ယောက်လောက်ယူဖို့ ရှိပါသလဲ.....?
ဖြေ - လိုချင်တာကတော့ အနည်းဆုံး (၂) ယောက်လောက်တော့ လိုချင်တဲ့ ဆန္ဒရှိတာပေါ့လေ။ ဒါပေမယ့် ဘယ်လိုဖြစ်အုံးမလဲတော့ မသိသေးပါဘူး။
မေး - အစ်ကို့ ဇနီးမအုဝဲကိုကော ဘယ်လိုဂရုစိုက်မှုမျိုးတွေလုပ်ပေးပါသလဲ........?
ဖြေ - ဂရုစိုက်ပေးရတာပေါ့။ သွားတာလာတာနေတာထိုင်တာက အစအကုန်လုံးပေါ့နော်။ အစ်ကိုရှိတဲ့အချိန်တွေဆိုရင်တော့ ဘေးကနေပြီးတော့ ဂရုစိုက်ရတာပေါ့။
မေး - ရှူတင်ရောက်နေတဲ့ အချိန်မှာဆိုရင်ကော....?
ဖြေ - ဖုန်းလှမ်းဆက်တယ်။ ဖုန်းနဲ့လှမ်းမေးတယ်။ နေကောင်းရဲ့လား... ထမင်းစားပြီးပြီလားပေါ့။ အဲဒါမျိုးကိုတော့နေ့တိုင်းလုပ်တာပေါ့။
မေး - ခရီးသွားဖို့ရှိပါသလား....?
ဖြေ - လောလောဆယ်တော့ မရှိသေးပါဘူး။
မေး - ပရိသတ်အတွက် စကားလက်ဆောင်လေးလည်းပြောပေးပါအုံး........?
ဖြေ - ပရိသတ်အတွက် ကျွန်တော်အမြဲတမ်းကြိုးစားနေပါတယ်။
Pyay Ti Oo
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )