22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ပျော်ရွှင်မှုတွေနဲ့ကြုံရင် ဘာကိုမှသတိမရတတ်တဲ့ ၀တ်မှုန်ရွှေရည်

မေး -ညီမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေးသိပါရစေ?
ဖြေ -အခုရိုက်နေတာကတော့ "၃၉ ဗိုက်ပူ" ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်နေပါတယ်။ ရိုက်နေတဲ့ကြားမှာ မြေသြဇာ ကြော်ငြာကို ကိုနေတိုးနဲ့ ရိုက်ဖြစ်တယ်ကြော်ငြာတွေ တော်တော်များများ ရိုက်ထားပါသေးတယ်။
မေး -အခုရိုက်နေတဲ့ ကားမှာ ဒါရိုက်တာက ဘယ်သူလဲ ....၊ ဇာတ်ညွှန်းဘယ်သူလဲဆိုတာ သိပါရစေ .......?
ဖြေ -ဒါရိုက်တာက ဦးညွှန့်မြန်မာညီညီအောင်ပါ။ တွဲဖက်ဒါရိုက်တာ 7 Day ပါ။
မေး -ရှေ့မှာကော ဘာကားတွေရိုက်ဖို့ရှိသေးလဲ ........?
ဖြေ -ဒီကားပြီးရင် ၁၁ ရက်ကနေ ၂၈ ထိပေးထားတယ်။ အဲပြီးတော့ ဒီကားပြီးတာနဲ့ ကြော်ငြာရိုက်မယ်။ Show ပွဲ လျှောက်မယ်။ ပြီးလို့ရှိရင် ဖူးခက် သွားမယ်။ ဖူးခက်မှာ "အလန်းဇယား(၂)" ရုပ်ရှင်ကားရိုက်မယ်။
မေး -ဟုတ်ကဲ့ ပျော်ရွှင်မှု့ဆိုတာကို ညီမဘယ်လိုနားလည်ထားလဲ .......?
ဖြေ -ပျော်ရွှင်မှု့နဲ့ဆို အလုပ်တွေကများလာတော့ ပျော်ရွှင်မှု့ဆိုတာရှားလာတာပေါ့။ ကိုယ်ကဒီနံနက်မိုးလင်း မျက်စိနှစ်လုံးပွင့်တာနဲ့ ညအိပ်တဲ့အချိန်ထိ ရှူတင်မှာ တောက်လျှောက်ရှိနေတယ်။ ဒီဟာလည်း ကိုယ့်အိမ်လိုပဲ ဖြစ်နေတယ်။ ဒါကိုယ့်အလုပ်လည်း ဖြစ်တယ်ဆိုတော့ ဒီမှာကိုယ့်စိတ်ကို ကိုယ်ပျော်အောင်နေတယ်။ အပြင်သက်သက်အနေနဲ့ ပျော်ဖို့ဆိုတာ ရှားသွားပြီ။ ကိုယ့်အလုပ်ခွင်ထဲမှာပဲ ပျော်အောင်နေတယ်။
မေး -ညီမပျော်ရွှင်မှု့တွေနဲ့ ကြုံလာတဲ့အခါ သတိရမိစရာရှိလား .......?
ဖြေ -ပျော်ရွှင်မှု့တွေရရင် ဘယ်သူ့မှသတိမရဘူး။ လွတ်လွတ်လပ်လပ်ပဲပျော်တယ်။
မေး -၀မ်းနည်းတဲ့အခါမှာကော ဘယ်သူ့ကို သတိရမိလဲ .......?
ဖြေ -၀မ်းနည်းမိပြီဆိုရင်တော့ ကိုယ့်ဘေးနားမှာ ကိုယ့်ကိုအားပေးမယ့်လူ၊ ကိုယ်အားကိုးမယ့်လူပေါ့ ဘယ်သူရယ်လို့တော့ မဟုတ်ဘူး။ တစ်ယောက်ယောက်လောက်တော့ရှိရင် ပိုကောင်းတာပေါ့။ ကိုယ့်ကိုအားပေးမယ့်လူရှိရင်ပိုကောင်းတာပေါ့။
မေး -စိတ်ညစ်တဲ့ အချိန်မှာ ဘာတွေလုပ်ဖြစ်လဲ သိပါရစေ ......?
ဖြေ -ဘာလုပ်လဲ ဆိုတော့ Game ကစားတယ်။ သီချင်းနားထောင်တယ်။ ပြီးတော့စကားပြောလိုက်တယ်။ ပြီးတော့ စိတ်ဖြေမယ့် သူငယ်ချင်းနဲ့သော်လည်းကောင်း၊ အစ်မတွေနဲ့သော်လည်းကောင်း စကားပြောလိုက်တယ်။ ပြီးရင် သူတို့တွေဆီက အကြံဥာဏ်တွေတောင်းတယ်။
မေး -စိတ်အလိုကိုလိုက်ခဲ့ဖူးလား ......?
ဖြေ -စိတ်အလိုလိုက်တာ သိပ်မရှိဘူး။ စိတ်ကိုထိန်းချုပ်တဲ့ အထဲမှာပါတယ်။ စိတ်ကိုလွှတ်ပြီး အလိုလိုက်တာမျိုးတော့ သိပ်မရှိတက်ဘူး။ တ်ာတော်များများကို စဉ်းစားပြီးမှ လုပ်တာမျိုးတွေရှိတယ်။ ဖြစ်သင့်ရင်လုပ်တယ်။ မဖြစ်သင့်ရင်မလုပ်ဘူး။ တစ်ခါတစ်လေကျရင် ချုပ်တည်းတာများတဲ့ အခါကျရင်လည်း ဘာကိုအလိုမကျလို့မကျမှန်းလည်း မသိဘူးကွာ။ တစ်ခါတစ်လေ ပေါက်ကွဲတာမျိုးတွေလည်း ဖြစ်တယ်လေ။ အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်။ ဘယ်ကိစ္စမျိုးရယ်လို့တော့ မပြောတက်ဘူးပေါ့။
မေး -မိမိကိုယ်ကို ပျော်ရွှင်အောင်နေတက်တဲ့လူတစ်ယောက်လို့ ထင်လား ........?
ဖြေ -ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဟာကိုပျော်အောင်လုပ်မှပဲလေ သိလား....။ Effect, Attention တွေရှိတဲ့ အခါကျတော့ ၀မ်းနည်းဖြစ်တာတွေရှိတယ်။ ကိုယ့်ဟာကို ပျော်အောင်နေမှပဲ ပျော်မှာပေါ့။ ကိုယ့်ဟာကို ဘယ်လိုနေရင်ပျော်ဖို့ကောင်းမလဲ ပေါ့နော်။ ဥပမာ - သီချင်းနားထောင်လို့ ပျော်သွားရင် သီချင်းနားထောင်တယ်။ သီချင်းတွေကြောင့် ကိုယ့်ကိုပျော်ရွှင်စေတယ်ထင်ရင် အဲ့ဒီသီချင်းလေးတွေပဲ နားထောင်လိုက်တယ်။
မေး -မှတ်မှတ်ရရ ပျော်ခဲ့ဖူးတာရှိရင် ပရိသတ်သိအောင်ပြောပြပေးပါအုံး .......?
ဖြေ -"ကစ်" အခုကျင်းပတဲ့ မွေးနေ့ပွဲက "ကစ်" အမှတ်တရနဲ့ မှတ်မှတ်ရရ ပျော်ရွှင်ခဲ့တာပါ။ ဘ၀တစ်ခုလုံးမှာ "ကစ်" အဲ့လို ပျော်ရွှင်မှု့တစ်ခါမှ မရခဲ့ဘူး။ ပရိသတ်နဲ့ ပတ်သက်ပြီးတော့ ပေါ့နော်။ အဲ့အချိန်တုန်းကလည်း အဲ့လိုပျော်ရွှင်တာမျိုးမရှိခဲ့ဖူးတော့ ဘ၀မှာအမှတ်တရကြီးလို့ ပြောလို့ရပါတယ်။
Wutt Hmone Shwe Yi
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )