22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ကိုယ့်အပေါ် သင်ကြားပြသပေးတဲ့ အစ်ကို၊ အစ်မတွေ စကားကို နားထောင်ရမယ်ဆိုတဲ့ အိချောပို

 
မေး - လတ်တလောအနုပညာနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးပါအုံး ................. ?
ဖြေ - အနုပညာနဲ့ ပတ်သက်ပြီးတော့ VCD တွေရိုက်နေပါတယ်။ အခုကတော့ ဦးမျိုးမင်း ရိုက်တဲ့ "အခြားမဲ့၌" ဆိုတဲ့ ရုပ်ရှင်ကားပါ။ ဇာတ်ကားနာမည် မသေချာသေးပါဘူး။ ပြောင်းလဲဖို့ရှိပါသေးတယ်။
မေး - ဒီဇာတ်ကားမှာ ဘယ်လို Character အနေနဲ့ သရုပ်ဆောင်ရတာလဲ ............. ?
ဖြေ - ဒီဇာတ်ကားမှာ Character (၂) မျိုးနဲ့ သရုပ်ဆောင်ရတာပါ။ ဘယ်လို Character လည်း ဆိုတော့ ပထမပိုင်းမှာ ကုမ္ပဏီပိုင်ရှင် အင်ဂျင်နီယာအနေနှင့်ပေါ့နော်။ သူက ခပ်ထက်ထက် မိန်းမပေါ့။ သီချင်းမကြိုက်၊ အနုပညာလည်း ၀ါသနာမပါတဲ့ မိန်းမတစ်ယောက်အဖြစ်နဲ့ပေါ့။ အဲ့ဒီကနေပြီး တိုက်ပေါ်ကနေ ပြုတ်ကျပြီးတော့ တစ်ဖက်က ယဉ်ကျေးပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက် အဖြစ်နဲ့ပေါ့နော်။
မေး - ပရိသတ်လက်ခံတဲ့ မင်းသမီးတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ ..... ?
ဖြေ - ကိုယ့်အပေါ်သင်ကြားပြသပေးတဲ့ အစ်ကိုတွေ၊ အစ်မတွေရဲ့ စကားကို လိုက်နာရမယ်။
မေး - သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်လဲ .......... ?
ဖြေ - ရုပ်ရှင်တွေကြည့်တယ်။ အားရင် စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။ ကိုယ့်ထက် Senior ကျတဲ့ သရုပ်ဆောင်တွေကို လေ့လာပါတယ်။ အတုယူစရာတွေကိုလည်း မှတ်ထားသားပါတယ်။ အခွေတွေလည်း ကြည့်ဖြစ်ပါတယ်။
မေး - ဘယ်လိုအခွေတွေကြည့်ဖြစ်လဲ .......... ?
ဖြေ - Action ကားတွေကြည့်ဖြစ်ပါတယ်။
မေး - မြန်မာမင်းသမီးတွေထဲက ဘယ်လိုမင်းသမီးတွေကို ကြည့်ဖြစ်လဲ .........?
ဖြေ - မကြီးစိုးတို့၊ မခိုင်ကြီးတို့၊ မအူဝဲတို့ရဲ့ အမူအရာလေးတွေဆို သဘာဝကျတယ်လေ။ သဘာဝကျတဲ့ကားတွေကို ကြည့်ဖြစ်ပါတယ်။
မေး - သူတို့ရဲ့ Character တွေကို လေ့လာပြီးတော့ အတုယူတာတွေရှိလား .......... ?
ဖြေ - ရှိပါတယ်။
မေး - ညီမကအခုကားတွေလည်း ရိုက်ခဲ့တယ်ဆိုတော့ ဘယ်လို Character တွေက ညီမနဲ့ လိုက်မယ်ထင်လဲ ........ ?
ဖြေ - အခုလက်တလော ရိုက်နေရတာကတော့ ခပ်သွက်သွက်လေးပဲ ရိုက်နေပါတယ်။ ညီမရိုက်ချင်တာကတော့ ခပ်သွက်သွက်လေးပဲပေါ့နော်။
မေး - သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး Control ပေးတဲ့ သူကောရှိလား ......... ?
ဖြေ - မရှိပါဘူး။
မေး - ညီမတို့ မျိုးရိုးထဲမှာ အနုပညာဝါသနာပါတဲ့ လူကောရှိလား ......?
ဖြေ - အင်း ......... အဲ့လိုတော့ ရှိပါတယ်။ ညီမလေးပေါ့။
မေး - ညီမက အရင်းလား ....... ?
ဖြေ - ဟုတ်ကဲ့ ....... အရင်းပါ။ ညီမလေးရဲ့ ကျောင်းနာမည်က မေသက်ခိုင်ပါ။ ညီမချောင်းသာသွားတုန်းက သူလည်းအဲ့ဒီကားမှာ ၀င်ရိုက်ခဲ့တယ်။ သီရိချိုမောင်နာမည်နဲ့လေ။
မေး - ညီမဒီကားရိုက်ပြီးရင် ကြော်ငြာရိုက်ဖို့ရှိတယ်။ ပြီးရင်လည်း ဗီဒီယို ရိုက်ဖို့လည်းရှိသေးတယ်နော် ....... ?
ဖြေ - ဟုတ်ပါတယ်။
မေး - ဒီနှစ် New Year ဘာလုပ်ဖို့စီစဉ်ထားလဲ ..........?
ဖြေ - New Year မှာတော့ အစ်ကိုတွေရယ်၊ အစ်ကိုတွေရဲ့ သူငယ်ချင်းတွေနဲ့ အိမ်မှာ ဘဲကင်တွေစားမယ်။ ပျော်ပျော်ပါးပါးနဲ့ပေါ့နော်။ ဒီနှစ်တော့ သိပ်မပျော်တော့ပါဘူး။ အလုပ်တွေလည်း လုပ်စရာရှိတယ်လေ။
မေး - ချစ်သူများနေ့အတွက် ရင်ခုန်စရာဘာရှိမလဲ .......... ?
ဖြေ - အလုပ်တွေလုပ်နေရတဲ့အတွက် အဲ့ဒီကိစ္စတွေကိုလည်း မစဉ်းစားသေးပါဘူး။ မစဉ်းစားသေးဘူးလို့ပဲပြောတာနော်။
မေး - ဒါဆိုရင် စဉ်းတော့စဉ်စားမှာပေါ့နော် ........ ?
ဖြေ - အင်း ........ (ရယ်လျှက်)။
မေး - အစ်မ အကယ်ဒမီပေးပွဲ တက်မှာလား .......... ??
ဖြေ - မသေချာသေးပါဘူး။
မေး - ပရိသတ်အတွက် စကားလက်ဆောင်လေး ပေးပါအုံး ......... ?
ဖြေ - ပရိသတ်ကြီးနှစ်သစ်မှာ လူသစ်၊ စိတ်သစ်နှင့် ပျော်ရွှင်နိုင်ကြပါစေလို့၊ ချစ်သူများနေ့ မှာလည်းပျော်ရွှင်နိုင်ပါစေ။ ညီမကို မသိသေးတဲ့ ပရိသတ်ကော၊ သိတဲ့ပရိသတ်ကော ညီမကို ဝေဖန်အကြံပေးပါလို့ ပေါ့နော် .....။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )