22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

နိုဗယ်ကျော်ကျော်နှင့် တွေ့ဆုံခြင်း

 
မေး - ညီမရဲ့နာမည်လေးနဲ့ အရင်မိတ်ဆက်ပေးပါဦး။
ဖြေ - နာမည်က နိုဗယ်ကျော်ကျော်ပါ။ မွေးကတည်းက ဒီနာမည်ပါ။
မေး - လက်ရှိအနုပညာလှုပ်ရှားမှုလေး ပြောပေးပါဦး။
ဖြေ - လက်ရှိဆိုရင်အခု ဒီ "မမမမ" ဆိုတဲ့ မလေးလုံးရုပ်ရှင်ကို အခုရိုက်နေတယ်ပေါ့နော်။ အဲ့ဒီကားမှာ ကိုရဲတိုက်ရယ်၊ သမီးရယ်၊ မျိုးစန္ဒီကျော်ရယ်၊ ယုသန္တာတင်ရယ်၊ နောက်ပြီးတော့ မေရယ် ဒီ (၄) ယောက်လုံးပါမှာပေါ့။
မေး - ဒါရိုက်တာက ဘယ်သူလဲ မသိဘူး။
ဖြေ - ဒါရိုက်တာက ဦးအောင်ဗပါဝါပါ။
မေး - ကြော်ငြာတွေရိုက်ထားတာရှိသေးမသိဘူး။
ဖြေ - လတ်တလောကြော်ငြာရိုက်ထားတာရှိတယ်။ ခုတော့ မလွှင့်သေးဘူးရှင့်။
မေး - နောက်ဗီဒီယိုဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းထားတာတွေကောရှိလားမသိဘူး။
ဖြေ - ဟုတ်ကဲ့ရှိပါတယ်။ ဒီကားပြီးရင် မန္တလေးမှာသွားရိုက်ရမှာပါ။ မန္တလေးမှာ (၂) ကားရိုက်မယ်။ ပြီးလို့ရှိရင် ပြန်လာရင်နောက်ထပ် နောက်ထပ် (၃) ကားရိုက်ဖို့စီစဉ်ထားပါတယ်ရှင့်။ ကားရိုက်ကတော့ ဒီ December နဲ့ January ကို ဆက်တိုက်ပဲစိပ်နေတယ်။
မေး - ညီမအရင်တုန်းက ဖြစ်ချင်ခဲ့တဲ့ဘ၀လေးပြောပြပေးပါဦး။
ဖြေ - ငယ်ငယ်တုန်းကဖြစ်ချင်ခဲ့တဲ့ဘ၀ဆိုရင် တက္ကသိုလ်မှာ ကျူတာအရမ်းဖြစ်ချင်တာ။ နိုဗယ်ကစာသင်တာအရမ်း ၀ါသနာပါတယ်။ ဒါပေမယ့် အခုဖြစ်သွားတာကြတော့ မင်းသမီးဖြစ်သွားတာပေါ့နော်။
မေး - အနုပညာလမ်းကြောင်းပေါ်ကို ညီမဘယ်လိုပုံစံမျိုးနဲ့ စတင်ဝင်ရောက်ခဲ့လဲ......?
ဖြေ - အနုပညာလမ်းကြောင်းပေါ်ကို သမီးရောက်ဖြစ်တာက ဆရာရဲ့ သံလွင်ဆီကြော်ငြာ ရိုက်တာကစပြီး ရောက်လာတာပါ။ အဲ့ဒီကြော်ငြာကစပြီး နိုဗယ်ကျော်ကျော်ရယ်လို့ ပရိသတ်က သိလာတယ်ပေါ့။ အဲ့ဒီနောက်ပိုင်း အနုပညာအလုပ်ကို ဆက်မလုပ်ဖြစ်ပဲ (၉) တန်း၊ (၁၀) တန်း ((၁၀) တန်းကို ၂၀၀၉ ခုနှစ်မှာ နှစ်ချင်းပေါက်အောင်အောင်လုပ်ပြီးတောမှ သမီးဗီဒီယိုကားတွေ စရိုက်ဖြစ်တာပေါ့နော်။ ဒီလိုနဲ့ သမီးအနုပညာလောထဲကို ရောက်ရှိလာတယ်ပေါ့နော်.။
မေး - ညီမ Email ကောသုံးဖြစ်လား........?
ဖြေ - သမီး Internet ကို မသုံးဖြစ်ပါဘူးရှင့်။
မေး - အပြင်သွားရင် Shopping ထွက်ရင် ဘာတွေများဝယ်ဖြစ်လဲ.......?
ဖြေ - Shopping ထွက်ရင် သမီးအများဆုံးဝယ်တာက ဖိနပ်ဝယ်တယ်၊ အ၀တ်အစားဝယ်တယ်၊ အ၀တ်အစားကသမီးမ၀ယ်ဘူး၊ အများဆုံးက အမေကြီး ၀ယ်ပေးတာများတယ်။ သမီးကဖိနပ်ဝယ်တယ်။ Electronic ပစ္စည်းတွေပါအများဆုံးဝယ်ဖြစ်ပါတယ်ရှင့်။
မေး - နိုဗယ်အနှစ်အသက်ဆုံး Style လေးတွေပြောပြပေးပါအုံး၊ Free Style လေးတွေပေါ့နော်.......?
ဖြေ - အနှစ်သက်ဆုံး Style ကလွတ်လပ်ပေါ့ပါးရမယ်။ ရှင်းရှင်းသန့်သန့်လေးနဲ့ ကိုယ့်ကိုလူတွေကြည့်လိုက်တာနဲ့ မျက်စိရှင်းနေတာမျိုးပေါ့နော်။ အဲ့ဒီ Style လေးကို ကြိုက်တယ်။
မေး - Beautifulmodelworld ပရိတ်သတ်အတွက် နိုဗယ်ရဲ့နှုတ်ဆက်စကားလေးပြောပြပေးပါဦး။
ဖြေ - နှုတ်ဆက်စကားဆိုလို့ရှိရင် အခုဒီကားလေးလည်းရိုက်နေတယ်ပေါ့နော်။ ကားတွေလည်းထွက်လာရှိရင် အားပေးပါဦး။ ပြီးတော့ သမီးရဲ့ ၂၀၁၁ မှာ တစ်ကိုယ်တော်အခွေအတွက်လည်း စီစဉ်နေတယ်ပေါ့နော်။ အခုဒီထဲကစပြီးတော့ ကိုယ်တိုင်ပဲသီချင်းတွေကိုသီချင်းတွေကို စိတ်တိုင်းကြ ရွေးချယ်နေတယ်ပေါ့နော်။ အဲ့ဒီကိစ္စလေးလည်းလုပ်နေပါတယ်။ ခွေထွက်လာရင်လည်း အားပေးပါဦးလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )