22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသမှာ စိတ်အပန်းဖြေရတာ ကြိုက်နှစ်သက်တဲ့ စန္ဒီလတ်

 
မေး -လမကုန်ခင် အစ်မရဲ့ အနုပညာလှုပ်ရှားမှုလေးကို ပြောပြပေးပါဦး။
ဖြေ - အနုပညာလှုပ်ရှားမှုအနေနဲ့ အဓိကကတော့ ပွဲတွေဖိတ်တာ တက်ဖြစ်တယ်။ နယ်ဘက်တွေက ပွဲဖိတ်တာရော၊ တစ်ခြားရောပေါ့နော်။ ဟိုနေ့က ဖိတ်တာတွေလည်း သွားပေးဖြစ်တယ်။ ပြီးတော့ ဒီဘက် ရန်ကုန်ပြန်ရောက်ဖြစ်တဲ့အချိန်ကျတော့လည်း အလှဓာတ်ပုံတွေ ရိုက်တယ်။ ပြီးတော့ စာနယ်ဇင်းမီဒီယာကနေ လိုအပ်တဲ့ ဓာတ်ပုံလေးတွေ ရိုက်ပေးနေတယ်ပေါ့နော်။ သူငယ်ချင်းတစ်ယောက် promotion ပွဲတွေ တက်တယ်။
မေး - အစ်မ နယ်ပွဲတွေ ဖိတ်ရင် ဘယ်လိုပွဲမျိုးတွေ ဖိတ်ကြလဲဟင်။
ဖြေ - နယ်ပွဲတွေက ဘယ်လိုမျိုးတွေဖိတ်ကြလဲဆိုတော့ များသောအားဖြင့် မန္တလေးဆိုလို့ရှိရင် ကိုချန်လုံးက သူ့ရဲ့ Hair & Design ပွဲဆိုရင် ပွဲဖိတ်တော့ ပွဲတက်ပေးတယ်။ ပွဲတက်ပြီးတော့ ကူညီပေးတယ်ပေါ့။
မေး - အစ်မ၊ ဒီကုန်ခဲ့တဲ့ လပိုင်းမှာ ကားရိုက်တာ မရှိသေးဘူးပေါ့နော်။ ရိုက်ပြီးခဲ့တဲ့ (၁၀)ကားနဲ့တင် နားထားတယ်ပေါ့နော်။
ဖြေ - ရိုက်ပြီးတဲ့ကားက လောလောဆယ် (၁၀)ကားတော့ ရှိသွားပြီပေါ့နော်။ ဆက်ရိုက်ဖို့တော့ ရှိပါတယ်။ ပြောထားတာ ရှိတယ်။ လောလောဆယ် ခရီးတွေ သွားဖြစ်နေ တော့လေ ကြားထဲမှာ ခဏရပ်ထားတာပေါ့။ ဓာတ်ပုံတွေ ရိုက်ပေးရင်းနဲ့လေ။
မေး - အစ်မ ခရီးသွားဖြစ်နေတယ်ဆိုတော့ ဘယ်နေရာတွေ သွားဖြစ်နေလဲ။
ဖြေ - ဘယ်နေရာတွေ သွားဖြစ်လဲဆိုတော့ ပြီးခဲ့တဲ့လကုန်နီးလောက်ကတော့ ကျိုးတုံဘက်၊ မန္တလေး၊ ပြင်ဦးလွင်ဘက် သွားဖြစ်တယ်။ ပြီးတော့ ကျိုင်းတုံကနေတဆင့် မိုင်းလားဘက်တွေ သွားဖြစ်တယ်။ ကျိုင်းတုံကတော့ ကမ္ဘောဇဖလားအတွက်ပါ။
မေး - အစ်မ ခရီးသွားဖြစ်လို့ရှိရင် အနုပညာလုပ်ငန်းနဲ့ပတ်သက်ပြီး သွားဖြစ်တာများလား၊ ဒါမှမဟုတ် အပန်းဖြေတဲ့ ပုံစံမျိုး အလည်အပတ်သွားဖြစ်တာ များလား။
ဖြေ - တစ်ခါတစ်လေကျလို့ရှိရင် ပွဲဖိတ်တာတွေက ပေါ့ပါးတယ်လေ။ ပွဲတက်တာလောက်ပဲဆိုတော့ ပေါ့ပါးတဲ့အတွက် အပန်းလည်းဖြေရင်း၊ ပွဲလည်းတက်ရင်း ကိုယ်မမြင် ဖူးတဲ့ အရပ်ဒေသဆိုတော့ စိတ်လည်း အပန်းဖြေရင်း အားလုံးအစုံပေါ့။
မေး - အစ်မ ရှေ့လလောက်မှာ ခရီးသွားဖို့ရှိလား။
ဖြေ - နောက်တစ်ရက်နှစ်ရက်ကျရင်တော့ တောင်ကြီးဖက် ခဏသွားမယ်ပေါ့။
မေး - ဟုတ်ကဲ့ အစ်မ၊ အဲဒါကျတော့ အလည်အပတ်နဲ့ပဲပေါ့နော်။
ဖြေ - ဟုတ်ကဲ့၊ အလည်အပတ်ပါပဲ။
မေး -ခရီးကပြန်လာရင် ဘာတွေလုပ်ဖို့ရှိလဲဟင်။
ဖြေ - ခရီးကပြန်လာရင်တော့ တစ်ချို့မဂ္ဂဇင်းတွေအတွက် cover ရိုက်ပေးဖို့ရှိတယ်။ ပြီတော့ အင်္ကျီ Design တွေ၊ Fashion ကတ်တလော့တွေအတွက် ဓာတ်ပုံရိုက်ပေးဖို့ ရှိတယ်။
မေး - ဟုတ်ကဲ့ အစ်မ၊ ဇာတ်ကားတွေ အနေနဲ့ရော ဘယ်တော့လောက် ပြန်ရိုက်မယ်လို့ သိထားလဲ။
ဖြေ - ဘယ်တော့လောက် ပြန်ရိုက်မလဲဆိုတော့ လောလောဆယ် ခရီးတွေသွားနေတော့ ပြန်လာမှ အေးဆေးပေါ့။
မေး - ခရီးက ပြန်လာမှပဲ ပြန်ရိုက်မယ်ပေါ့။
ဖြေ - ဟုတ်ကဲ့။
မေး - အဲဒါဆို ရှေ့ဆက်ပြီးတော့ ဇာတ်ကားတွေ ရိုက်ဖို့ရှိတယ်ပေါ့နော်။
ဖြေ - ဟုတ်၊ အစ်မကတော့ ဇာတ်ကားတွေ ဆက်ရိုက်ဖို့ရှိတယ်။ အနုပညာအလုပ်တွေမှန်သမျှ အားလုံးကိုတော့ အစ်မက လုပ်သွားမှာပါ။
မေး - ဟုတ်ကဲ့ အစ်မ၊ အဲဒါဆိုရင် စကားလက်ဆောင်လေး ပြောပေးပါဦး။
ဖြေ - စကားလက်ဆောင်ကတော့ ဒီလိုပဲပေါ့။ 2011 အကုန် 2012 အစပိုင်းမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ စခဲ့သလိုမျိုးပေါ့။ တစ်နှစ်ပတ်လုံးလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ၊ အန္တရာယ်ကင်းကင်းနဲ့၊ ဘေးဒုက္ခကင်းကင်းနဲ့ အကုန်လုံးစိတ်ချမ်းမြေ့စွာနဲ့ တစ်နှစ်ပတ်လုံး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ် ကျေးဇူးတင်ပါတယ်ရှင် ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )