22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ရွှေပြည်သာမြို့နယ် ၀န်ထမ်းကြီးများရပ်ကွက်က ပြဿနာ (ပေးစာ)




..................
သို့
ဦးသိန်းစိန်
သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံ။

အကြောင်းအရာ။ ။ မြေကွက်များရိုက်ပြီး မြေကြီးများဖို့နေခြင်းအား ကန့်ကွက်ခြင်း။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်းရှိ ၀န်ထမ်းကြီးများရပ်ကွက်၊ ရွှေပြည်သာ ကွေ့အနီး၊ အမှတ် (၄) လမ်းမကြီးနှင့် မြို့ပတ်လမ်းအကြားတွင်ရှိသော မြေကွက်လပ်အပေါ်တွင် အကွက်များရိုက်၍ မြေကြီးများဖို့နေကြ ပါသည်။

အမှတ် (၄) အဝေးပြေးလမ်းသည် ယခုအခါ (၂) လမ်းသွားအဆင့်သာတည်ရှိနေပါသည်။ နေ့စဉ်ကုန်တင်ကားကြီးများ၊ သစ်လုံးတင်ကား ကြီးများ၊ ရွှေပြည်သာမြို့အတွင်းမှ လိုင်းကားများ၊ လှော်ကားမှလိုင်းကားများ၊ ကွန်ပြူတာကျောင်းကြိုပို့ကားများ၊ မှော်ဘီကျောင်းကြိုပို့ ကားများ၊ ကိုယ်ပိုင်ကားများ နေ့စဉ်အသုံး

ပြုနေရသောလမ်း ဖြစ်သောကြောင့် မကြာခဏ လမ်းပိတ်ဆို့နေခြင်းများဖြစ်ပေါ်နေပါသဖြင့် နောင်တချိန်တွင် လမ်းတိုးချဲ့ရန် မလွဲမသွေလို အပ်သောလမ်းမကြီးလည်းဖြစ်ပါသည်။

အမှတ် (၄) အဝေးပြေးလမ်းမ၏လမ်းဝဲယာနှစ်ဖက်တွင် ရေနုပ်မြောင်းများမရှိခြင်းကြောင့် နှစ်စဉ် မိုးတွင်းအချိန်တွင် ရေပြည့် ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ယခင် ထိုမြေကွက်လပ်တွင် သစ်ပင်များစိုက်ပျိုးထားပါသည်။ ယခုအခါ ထိုမြေကွက်လပ်အပေါ်တွင် သစ်ပင်များခုတ်လှဲ၍ အကွက်ရိုက်ပြီး မြေကြီးများထပ်ဖို့နေခြင်းကြောင့် မိုးတွင်းအခါ အမှတ် (၄) လမ်းမရေမြှုပ်ပြီး လမ်းပျက်စီးမည်ဖြစ်သဖြင့် လမ်းပန်းဆက် သွယ်ရေး အခက်အခဲဖြစ်ပေါ်လာနိုင်ပါသည်။ အမှတ် (၄) လမ်းမသည် ရွှေပြည်သာမြို့နေ လုပ်သားပြည်သူများ နေ့စဉ် အလုပ်သွား၊ အ လုပ်ပြန်၊ ရုံးသွား ရုံးပြန်ရန် အဓိကအသုံးပြုရသော ပင်မလမ်းဖြစ်ပါသည်။

ထို.အပြင် ၀န်ထမ်းကြီးများရပ်ကွက်အတွင်းသို့ ရေများဝင်ရောက်လာပြီး ရေဘေးအန္တရာယ်ကြုံတွေ့လာနိုင်ပါသည်။ ၀န်ထမ်းကြီးများရပ် ကွက်သည် နိုင်ငံတော်ဌာနဆိုင်ရာအသီးသီးမှ နှစ်ပေါင်းများစွာအလုပ်လုပ်ပြီး ပင်စင်စားသက်ကြီးရွယ်အိုများ နေထိုင်ရာရပ်ကွက်ဖြစ်ပါသည်။ ယခုလိုလုပ်ဆောင်နေခြင်းများသည် အငြိမ်းစား ၀န်ထမ်းဟောင်းများအပေါ် မလေးစားခြင်း၊ တန်ဘိုးမထားခြင်းပင်ဖြစ်ပါသည်။

ထို့အပြင် ယင်းမြေကွက်တွင် ဂက်စ် (gas) ပိုက်လိုင်း နှစ်လိုင်းသွယ်တန်းထားပါသည်။ ရွှေပြည်သာဂွေ့တွင် ဓါတ်ငွေ့ဆိုင်တဆိုင်ရှိပါသည်။ မကြာခဏ ကားများဓါတ်ငွေ့ဖြည့်စဉ် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်စေပါသည်။ ဂက်စ် (gas) ပိုက်လိုင်းများသွယ်တန်းစဉ် မြေအောက် (၁) ပေ ခန့်သာမြှုပ်ထားခြင်း၊ သံချေးမတက်စေသည့် ဆေးများမသုတ်ထားခြင်း၊ ပိုက်လုံးများပေါ်နေခြင်း၊ မိုးတွင်း ရေများနှင့်ထိတွေမှုများခြင်း၊ သံ ချေး အလွယ်တကူတက်နိုင်ခြင်းတို့ကြောင့် အမှတ် (၄) အဝေးပြေးလမ်း၏ အရှေ့ဘက်လမ်းဘေးတွင် လှော်ကား ဂက်စ် (gas) ပိုက်လိုင်း တလိုင်း တည်ရှိပြီး (၈.၁၁.၂၀၁၀) နံနက် (၃း ၁၅) ခန့်တွင်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး လူ (၂) ဦးသေဆုံးခဲ့ပါသည်။ ထိုသို့ဖြစ်ပွားခဲ့ပြီးနောက် ရွှေပြည်သာဂွေ့အနီး၊ ရပ်ကွက်အတွင်းပေါ်နေသောပိုက်လိုင်းအား မီးဘေးအန္တရာယ်စိုးရိမ်ကြသဖြင့် ကိုယ်ထူကိုယ်ထ မြေကြီးများဖို့ခဲ့ကြရပါသည်။ယခုမြေဖို့နေသောအကွက်တွင်လည်း ဂက်စ် (gas) ပိုက်လိုင်း (၂) လိုင်းသည် မြေကြီးပေါ်တွင် ပေါ်နေလျှက်ရှိနေပါသည်။

ယင်းမြေကွက်လပ်သည် ကျောချင်းကပ် (၂ - ကွက်တွဲ) ၍ ဖော်ထုတ်မရနိုင်သောမြေအနေအထားဖြစ်သည်။ အရှေ့အရပ်တွင်ရှိသော အ မှတ် (၄) လမ်းမဘက်သို့ မျက်နှာမူ၍ အဆောက်အဦးဆောက်လုပ်ပါက မြို့ပတ်လမ်းတွင်ရှိသော၊ အရှေ့အရပ်သို့ မျက်နာမူဆောက်လုပ်ထားသောနေအိမ်များ ၏မျက်နှာစာသည် ယင်းအဆောက်အဦး၏နောက်ဖေး၊ အနောက်ဖက်ခြမ်းကို မျက်နှာမူနေမည်ဖြစ်ပါသည်။ ရွှေပြည် သာ မြို့အ၀င်နေရာဖြစ်သောကြောင့် မြို့၏အလှကိုပျက်စီးစေပါသည်။ မည်သည့်လူမျိုးဖြစ်ပါစေ ကိုယ်အိမ်ရှေ့သည် တခြားအိမ်၏ မိလ္လာ ကန်ထားရှိရာ အိမ်နောက်ဖေးအဖြစ်နဲ့ မည်သူမှ မနှစ်သက်ကြပါ။ မည်သူမှ မနေထိုင်ချင်ကြပါ။ ၀န်ထမ်းကြီးများရပ်ကွက် မြို့ပတ်လမ်းသည် နောက်ဖေးလမ်းကြားဖြစ်သွားပါမည်။

သို့ဖြစ်ပါ၍ လမ်းပမ်းဆက်သွယ်ရေးလွယ်ကူလျှင်မြန်စေရေးအတွက် အမှတ် (၄) လမ်းတိုးချဲ့ရန်လိုအပ်ခြင်း၊ ရေနုပ်မြောင်းမရှိခြင်း၊ အ ကွက်ရိုက် မြေကြီးများဖို့နေခြင်းကြောင့် လမ်းများပျက်စီးစေပြီး ရေဘေးအန္တရာယ်ကြုံတွေ့လာနိုင်ခြင်း၊ အဝေးပြေးလမ်းမနှင့်နီးကပ်စွာ အ ဆောက်အဦးများ တည်ဆောက်ရန်မသင့်ခြင်း၊ ယင်းမြေကွက်တွင် ဂက်စ် (gas) ပိုက်လိုင်းများသွယ်တန်းထားခြင်း၊ ဂက်စ် (gas) ပိုက်လိုင်း ပေါက်ကွဲ၍ မီးလောင်ခဲ့ခြင်းကြောင့် မီးဘေးအန္တရာယ် စိုးရိပ်သောကရောက်ရခြင်း၊ မည်သည့်လူမျိုးမှ မိမိတို့နေအိမ်၏ မျက်နှာစာသည် တခြားအိမ်၏နောက်ဖေးလမ်းကြားအဖြစ် မနှစ်သက်ခြင်း၊ စနစ်တကျတည်ဆောက်ထားသော မြို့အ၀င် မြို့ပတ်လမ်းသည် နောက်ဖေး လမ်းဖြစ်သွားလျှင် မြို့၏အလှကိုပျက်စီးစေခြင်းတို့ကြောင့် ရပ်ကွက်အတွင်းနေထိုင်ကြသော အငြိမ်းစားဝန်ထမ်းများ၊ မိသားစုများ၊ လုပ် သားပြည်သူများ၏ လူ့အခွင့်အရေးများကို ထိခိုက်နစ်နာစေသည့်အကြောင်းအရာများဖြစ်ခြင်းကြောင့် မည်သူမှ မနှစ်သက်ကြပါ။

ထို့ကြောင့် အမှတ် (၄) လမ်းမကြီးနှင့် မြို့ပတ်လမ်းအကြားတွင်ရှိသောမြေကွက်လပ်အပေါ်တွင် အကွက်များရိုက်၍ မြေကြီးများဖို့နေကြခြင်း များကို ပူးတွဲပါ အငြိမ်းစားဝန်ထမ်းကြီးများရပ်ကွက်အတွင်းနေထိုင်ကြသော မိသားစုများကိုယ်တိုင် လက်မှတ်ရေးထိုး၍ ကန့်ကွက်ကြောင်း ကို သက်ဆိုင်ရာတာဝန်ရှိသောလူကြီးများသိသာစေရန် လေးစားစွာအကြောင်းကြား တိုင်ကြားအပ်ပါသည်။

လေးစားစွာဖြင့်
ဝန်ထမ်းကြီးများရပ်ကွက် မိသားစုများ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )