22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ဘွဲ့လက်မှတ်က ဘာလုပ်ဖို့လဲ


နည်းပြ/သရုပ်ပြခေါ်ယူခြင်း ကမောက်ကမ

၃၁-၃-၂ဝ၁၂ ကြေးမုံသတင်းစာ စာမျက်နှာ ၁၁ နှင့် ၄-၄-၂ဝ၁၂ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ၁၅ပါ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနများ အောက်ရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် နည်းပြ၊ သရုပ်ပြရာထူးများ လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာအရ နည်းပြ၊ သရုပ်ပြရာထူးအား လျှောက်ထားခဲ့ပါသည်။

အဆိုပါကြေငြာချက်တွင် နည်းပြ၊ သရုပ်ပြလျှောက်ထားသူများသည် မဟာဘွဲ့ရမည့်သူများ ဖြစ်ရမည်ဟုသာ ပါရှိပြီး ပထမရရှိထားသောဘွဲ့မှာ မည်သည့်ဘွဲ့သာ ဖြစ်ရမည်ဟု ပါဝင်ခြင်း မရှိပါ။

သို့သော်သွားရောက်လျှောက်ထားရာတွင်မဟာဝိဇ္ဇာဘွဲ့ရရှိထားသော်လည်း ပေါင်းကူးဘာသာရပ်ဖြစ်နေသဖြင့် လျှောက်လွှာတင်ခြင်းကို ငြင်းပယ်ခဲ့ပါသည်။

အကယ်၍ ပေါင်းကူးဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူများအား နည်းပြ/သရုပ်ပြရာထူးလက်ခံနိုင်ခြင်းမရှိပါက ကြေညာချက်တွင် ပေါင်းကူး ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူများ မပါဝင်ဟု တရားဝင်ရေးသင့်ကြောင်း ပြောကြားရာ အဆင့်မြင့်ပညာ ဦးစီးဌာန၊ အောက်မြန်မာပြည်၊ ညွှန်ချုပ်က ၎င်းစာကြောင်းတစ်ကြောင်းထည့်ပါက သတင်းစာတွင် ကော်လံ များသွားနိုင်ကြောင်း နှင့် ဝန်ကြီးက လက်မခံ ခိုင်းခြင်းဖြစ်ကြောင်းကိုသာ ပြန်လည်ဖြေကြားခဲ့သည့်အဖြေအပြင် မည်သည့် တရားဝင် အကြောင်းပြချက်ကိုမှ မရရှိခဲ့ပါ။

ပညာရေးဝန်ကြီးအနေဖြင့် ပေါင်းကူးဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိထားသူများအား နည်းပြ/သရုပ်ပြရာထူး လက်ခံခိုင်းခြင်း မရှိသည့် ညွှန်ကြားချက်ပေးထားပါက တရားဝင် အမိန့်စာထုတ်ပြန်ပြီး နိုင်ငံတော်ပိုင် သတင်းစာပါ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြသင့်သည်ဟု ထင်မြင်မိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနများအောက်ရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် နည်းပြ၊ သရုပ်ပြရာထူးများ လျှောက်လွှာခေါ်ယူခြင်း ကြေငြာချက်ကို ၃၁-၃-၂ဝ၁၂ရက်နေ့ထုတ် နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာတွင် စတင်ကြေညာခဲ့ပြီး ၄-၄-၂ဝ၁၂ရက်နေ့တွင် တစ်ကြိမ်ကြေညာခဲ့ပါသည်။

သို့ရာတွင် ၂၆-၄-၂ဝ၁၂ရက်နေ့ လျှောက်လွှာသွားတင်မှ ပေါင်းကူးဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူများအား နည်းပြ/သရုပ်ပြရာထူး လက်ခံခိုင်းခြင်းမရှိသည့် အကြောင်းကို သိရှိခဲ့ရသည်။ ၎င်း၂၆-၄-၂ဝ၁၂ရက်နေ့ မတိုင်မီ ပေါင်းကူး ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူများအခိျု့ လျှောက်လွှာတင်ခြင်းကို လက်ခံထားသည်ကို တွေ့ရှိခဲ့ရသည်။

ဒီပလိုမာ(ပေါင်းကူး)ဘာသာရပ်များသည် ပညာရေးဝန်ကြီးဌာနက နှစ် ၃၀ စီမံကိန်းအရ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ချက်ဖြင့် တရားဝင်သ တ်မှတ် ဖွင့်လှစ်ထားသော ဘာသာရပ်များဖြစ်ပါသည်။ ထိုမှတစ်ဆင့် မဟာဝိဇ္ဇာဘွဲ့အထိ ဆက်လက် ပညာသင်ကြားခွင့်ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံအသိအမှတ်ပြု တက္ကသိုလ်များမှ ပေးအပ်သော မဟာဘွဲ့များဖြစ်ပါသည်။

ယခုအခါ မဟာဝိဇ္ဇာဘွဲ့ကို ရရှိထားသော ပညာအရည်အချင်းအထောက်အထားဖြင့် နည်းပြ/သရုပ်ပြ ရာထူးကို လျှောက်ထားခဲ့သော်လည်း ပထမရရှိထားသောဘွဲ့သည် အခြားသော ဝိဇ္ဇာ/သိပ္ပံဘွဲ့များ ဖြစ်နေသောကြောင့် လျှောက်ထားခွင့် မရရှိခဲ့ပါ။ ပေါင်းကူးမှအောင်မြင်ပြီး ယခုလက်ရှိ တက္ကသိုလ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အခိျု့သောပါမောက္ခများနှင့် နည်းပြများကို သက်ဆိုင်ရာတက္ကသိုလ်များတွင် လက်ရှိ တာဝန်ထမ်းဆောင်နေကြခြင်းရှိသည်ကို တွေ့မြင်နိုင်ပါသည်။ တစ်ခိျု့မှာ မူရင်းဘာသာရပ်တွင် ဂုဏ်ထူးတန်းတက်ခွင့်မရရှိပဲ ဘာသာရပ်တူညီသော ပေါင်းကူးတန်းမှ တစ်ဆင့် မဟာတန်းကို တက်ခွင့်ရရှိသူများ ရှိပါသည်။

ယခုအခါ ပညာရေးဌာနမှ မူရင်းဘာသာနှင့် တိုက်ဆိုင် စစ်ဆေးသောအခါ တူညီနေသောကြောင့် ၄င်းတို့မှာ လျှောက်လွှာတင်ခွင့် ရရှိခဲ့ပါသည်။ ကျွန်တော်/မ တို့သည် ထိုသူတို့ကဲ့သို့ပင် အချိန်အား၊ လူအား စိုက်ထုတ်ခဲ့တာခြင်း တူညီသော်လည်း မူရင်းဘာသာမှာ မတူညီသောကြောင့် လျှောက်လွှာတင်ခွင့် ဆုံးရှုံးခဲ့ပါသည်။

ထို့ကြောင့် ထွန်းသစ်စ ဒီမိုကရေစီ နိုင်ငံတော်တွင် လူအခွင့်အရေး တန်းတူညီမျှခြင်းအရ နိုင်ငံသားတိုင်း တူညီသောအခွင့် အရေးအရ ကျွန်တော်/မတို့ အချိန်အား၊ လူအား၊ ငွေအား စိုက်ထုတ်ပြီး လေ့လာသင်ယူရရှိထားသော မဟာဘွဲ့လက်မှတ်သည် မင်္ဂလာဆောင်လျှင် (သို့) သေဆုံးလျှင်ထည့်ရန်၊ နေအိမ်ဧည့်ခန်းတွင်ချိတ်ရန် စာရွက်တစ်ရွက်အနေဖြင့်သာ ရှိနေသလားဟု စဉ်းစားစရာများဖြစ်နေပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )