22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

ခြေလှမ်းစိတ်စိတ်နဲ့ အနုပညာအလုပ်တွေကို လုပ်လာတဲ့ ဥပဒေကျောင်းသူလေး မေမြင့်မိုရ်

 
အသက် ၃နှစ်အရွယ်ကတည်းက အနုပညာဝါသနာပိုးကြီးခဲ့သူတစ်ယောက်ကတော့ ဥပဒေကျောင်းသူလေး မေမြင့်မိုရ်ဖြစ်ပါတယ်။ သူမ အသက် ၃ နှစ်အရွယ်လောက်မှာ မတင်မိုးလွင်ရဲ့မော်ဒယ်လ်အေဂျင်စီမှာ ကလေးမော်ဒယ်လ်တစ်ယောက်အဖြစ် သင်တန်းတက်ရောက်ခဲ့ပြီး အနုပညာအလုပ်တွေကို စတင်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
ပြီးတဲ့နောက် ပညာရေးဘက်ကို အလေးထား ဦးစားပေးကာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလောက်မှ မော်ဒယ်လ်လောကကို စတင်ပြီး ပြန်လည်လှုပ်ရှားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ “ပြိုင်ပွဲအနေနဲ့ Oramin-F နဲ့ Dr.Secret နှစ်ပွဲသာဝင်ပြိုင်ခဲ့ပြီး ဆုတွေကတော့ မရရှိသေးပါဘူး။ ပညာအရည်အချင်းကတော့ Victoria University College မှာ တက်ရောက်နေပြီး ဒဂုံတက္ကသိုလ်မှာ ဥပဒေအထူးပြုဘာသာရပ်ကို အဝေးသင်တက်ရောက်နေပါတယ်။ လက်ရှိ အနုပညာလှုပ်ရှားမှုကို ပြောရမယ်ဆိုရင်တော့ PMG ရေသန့်ကြော်ငြာနဲ့ ဂျာနယ်မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ကူးနေပါတယ်”လို့ သူမရဲ့အနုပညာခြေလှမ်းများကို ပြောပြပါတယ်။ သူမဟာ သိုင်းပညာကိုလည်း ငယ်စဉ်ကတည်းက လေ့လာခဲ့ပြီး တိုက်ကွမ်ဒိုကိုတော့ ခါးပတ်ရထားသည်အထိ လေ့ကျင့်သင်ကြားခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ကိုယ်ခန္ဓာထိန်းသိမ်းရန်အတွက် Gyn ကစားဖြစ်နေတယ်လို့ ပြောပြခဲ့ပါတယ်။
Ref : Future
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )