အာဆင်နယ် အသင်း မန်နေဂျာ အာစင်ဝင်းဂါးသည် ဦးစားပေး ဂိုးသမား နေရာအတွက် ဝေါ့ဆစ်ခ်ျ ဆက်ဇနီကို ဖိအားပေး ယှဉ်ပြိုင်ရန် မိုက်ကယ်ဗွမ်းကို အလို ရှိနေကြောင်း သိရသည်။
တန်းတက် ဆွမ်ဆီး အသင်း၏ ယခုရာသီ ပရီးမီးယားလိဂ်တွင် ထည်ဝါစွာ ရပ်တည်ခဲ့မှုတွင် ဂိုးသမား ဗွမ်း၏ အခန်း ကဏ္ဍသည် ကြီးမားသော နေရာတစ်ခုတွင် ပါရှိခဲ့သည်။ အာဆင်နယ် အသင်း၏ ကစားသမားသစ် ရှာဖွေရေး ကင်းထောက်များသည် ပြီးခဲ့သည့် သီတင်းပတ်များ အတွင်း ဗွမ်း၏ လက်စွမ်းကို လေ့လာ နေခဲ့ကြောင်း သိရသည်။ ၀င်းဂါးသည် ငယ်ရွယ်သေးသော ဆက်ဇနီအား ဖိအားပေးမည့် ၀ါရင့်တစ်ဦးကို အလို ရှိနေရာ ဗွမ်းသည် ဦးစားပေး ပစ်မှတ်အဖြစ် ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။
ဆွမ်ဆီး ဂိုးသမား ဗွမ်း
အာဆင်နယ်မှ အသက်(၃၄)နှစ်အရွယ် စပိန်ဂိုးသမား မန်နျူရယ်လ် အယ်လ်မူနီယာသည်လည်း ယခုအခါ အသင်းမှ ထွက်ခွာတော့မည် ဖြစ်သည်။ ၀က်စ်ဟမ်း ယူနိုက်တက် အသင်းသည် အယ်လ်မူနီယာဘက်မှ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၆၀၀၀၀)ကို လျှော့ချပေးပါက ၎င်းကို ကမ်းလှမ်းဖွယ် ရှိနေသည်။ အာဆင်နယ် အသင်း၏ အရန်ဂိုးသမား တစ်ဦးဖြစ်သူ လူးကက်စ် ဖေဘီယန် စကီးသည်လည်း နွေရာသီတွင် အသင်းမှ ထွက်ခွာရန် ခွင့်ပြုချက် ရရှိလာနိုင်သည်။ ၀င်းဂါးသည် ဖေဘီယန်စကီးကို အသင်းတွင် ဆက်လက် ထားရှိလိုသော်လည်း ပိုလန် ဂိုးသမားက ပုံမှန် ပွဲထွက်ခွင့်ကို လိုလားနေရာ အသင်းပြောင်းရန် ဆန္ဒ ရှိနေခြင်း ဖြစ်သည်။
ဝင်းဂါးသည် နယ်သာလန် ဂိုးသမား ဗွမ်းကို ခေါ်ယူပြီး နောက်ထပ် လစ်လပ်လာမည့် တတိယ ဂိုးသမား နေရာအတွက် လူငယ် အသင်းမှ အသက်(၁၉)နှစ်အရွယ် ဒါမိန်းမာတီနက်ဇ်ကို နေရာ ပေးလာနိုင်ကြောင်း သိရှီရသည်။
Ref: Daily Mail
အာဆင်နယ် အသင်း၏ ကစားသမားသစ် ရှာဖွေရေး ကင်းထောက်များသည် ပြီးခဲ့သည့် သီတင်းပတ်များ အတွင်း ဗွမ်း၏ လက်စွမ်းကို လေ့လာ နေခဲ့...
12:52 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com