22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံးခဲ့ခြင်း အတွက် ဘိုအာ့စ်လက်ထက် ရလဒ်များကို ဒီမက်တီယို အပြစ်တင်

ချန်ပီယံလိဂ် ၀င်ခွင့်အတွက် စတုတ္ထ နေရာ မျှော်လင့်ချက်ကို အပြီးတိုင် ဆုံးရှုံးသွားခြင်း အတွက် ယခင် မန်နေဂျာ အန်ဒရီဗီးလက်စ် ဘိုအာ့စ် လက်ထက်မှ ရလဒ်ဆိုးများအား ချယ်လ်ဆီး ယာယီ မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုက ပြစ်တင် ပြောကြားလိုက်သည်။

ချယ်လ်ဆီးတွင် လီဗာပူးလ်ကို (၄-၁)ဖြင့် အန်းဖီးလ်တွင် အရေး နိမ့်ခဲ့ပြီးနောက် အမှတ်ပေး ဇယား စတုတ္ထ နေရာကို လက်လွတ်ရန် သေချာသွားပြီ ဖြစ်သည်။ ဘောလုံး ရာသီဝက်တွင် ပေါ်တူဂီသား ဘိုအာ့စ်ထံမှ ချယ်လ်ဆီးကို လက်လွှဲ ကိုင်တွယ်ခဲ့သည့် ဒီမက်တီယိုက အမှတ်ပေး ဇယား ဆဋ္ဌမ နေရာထိ ဆင်းခဲ့ရခြင်းနှင့် ပတ်သက်၍ ယခု ရှုံးပွဲကို အပြစ် တင်နေ၍ မရနိုင်ဟု ထောက်ပြခဲ့သည်။ လီဗာပူးလ်ကို အရေး နိမ့်မှုသည် ယခုရာသီ ချယ်လ်ဆီး၏ ရလဒ် အပြတ်သားဆုံး ရှုံးပွဲလည်း ဖြစ်လာခဲ့သည်။ ယခုအခါ ချယ်လ်ဆီးသည် လာမည့်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ဘိုင်ယန်မြူးနစ်အား ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အနိုင် ကစားရန်သာ မျှော်လင့်ရတော့မည် ဖြစ်သည်။
ချန်ပီယံလိဂ် ၀င်ခွင့် မရခြင်ငး အပေါ် စိတ်ပျက်နေသည့် ဒီမက်တီယို

ဒီမက်တီယိုက "ကျွန်တော်တို့ ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံး ခဲ့ရတာဟာ ခုည တစ်ခုတည်းရဲ့ ရလဒ်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ အသင်းဟာ ရာသီ အစပိုင်းကတည်းက မပြုန်းတီးသင့်ဘဲ အမှတ်တွေ အများကြီး ဆုံးရှုံးသွားတယ်။ (၃၇)ပွဲ ကစား ပြီးချိန်မှာ ကျွန်တော်တို့ဟာ ရှိသင့်တဲ့ အနေအထားမှာ ရှိမနေဘူး။ ဒါဟာ အန်းဖီးလ်မှာ ရှုံးတဲ့ ပွဲနဲ့ပဲ တိုက်ရိုက် ဆိုင်နေတယ်လို့ မထင်ပါဘူး။ လီဗာပူးလ်ရဲ့ ကစားပုံက ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ထက်လည်း ပိုသာခဲ့တယ်။ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်သေးခင် ကျွန်တော်တို့ရဲ့ အားထုတ်မှု တစ်ခု တိုင်ထိသွားတာကတော့ ကံဆိုးတာပါပဲ" ဟု ပြောကြားခဲ့သည်။

၎င်းက ယခုပွဲတွင် အဓိက ကစားသမား အချို့အား အနားပေးခဲ့မှု အပေါ်တွင်လည်း ဖြေရှင်းခဲ့သည်။ "လွန်ခဲ့တဲ့ (၈)ပတ် ဆက်တိုက်လောက်မှာ ချယ်လ်ဆီးဟာ (၃)ရက်ကို (၁)ပွဲနှုန်းလောက် ကစားနေရတာပါ။ အသင်းအပေါ် တောင်းဆိုမှု အရမ်း မြင့်မားလာချိန်မှာ အလှည့်ကျ စနစ်ကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ဗိုလ်လုပွဲ နှစ်ခုကို ရောက်ခဲ့သလို ပရီးမီးယားလိဂ် ပြီးဆုံးဖို့ (၂)ပွဲပဲ ကျန်တဲ့ထိ စတုတ္ထနေရာကို မျှော်လင့်နိုင်ခဲ့တာပဲ မဟုတ်လား"ဟု ဒီမက်တီယိုက ပြောဆိုသွားသည်။
Ref: Daily Mail
ကျွန်တော်တို့ ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံး ခဲ့ရတာဟာ ခုည တစ်ခုတည်းရဲ့ ရလဒ်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ အသင်းဟာ ရာသီ အစပိုင်းကတည်းက မပြုန်းတီးသင့်ဘဲ အမှတ်တွေ အများကြီး ဆုံးရှုံးသွားတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )