22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

ကာဂါဝါ၏ အနာဂတ်ကို တိတိကျကျ မဆုံးဖြတ် ရသေးဟု အေးဂျင့်ပြောကြား

ရှင်ဂျီကာဂါဝါ၏ အနာဂတ်ကို တိတိကျကျ ဆုံးဖြတ်ရသေးခြင်း မရှိဟု ကစားသမား၏ အေးဂျင့်က ထုတ်ဖော် ပြောဆိုလိုက်သည်။

ဂျပန် လက်ရွေးစင် ကွင်းလယ် ကစားသမားသည် ရာသီကုန်တွင် ဂျာမန် ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန်ကို စွန့်ခွာပြီး မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် သဘော တူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်။ သို့သော်လည်း အသက်(၂၃)နှစ်အရွယ် ကာဂါဝါသည် လာမည့် ဘောလုံးရာသီ မည်သို့ရွေးချယ် ဆုံးဖြတ်မည်ကို အတည် မပြု ရသေးကြောင်း အေးဂျင့်ဖြစ်သူ သောမတ်စ် ခရော့သ်က ပြောကြားခဲ့သည်။ အစောပိုင်းက ကာဂါဝါသည် ဘိုင်ယန်မြူးနစ်နှင့် ယှဉ်ပြိုင်ကစားမည့် ဂျာမန်ဖလား ဗိုလ်လုပွဲ အပြီးတွင် မန်ယူနှင့် လက်မှတ် ရေးထိုးမည်ဟု ပြောဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မန်ယူသို့ ရောက်ရှိဖွယ် ရှိသည့် ရှင်ဂျီကာဂါဝါ

ခရော့သ်က "သတင်းတွေကတော့ မျိုးစုံ ထွက်နေတာပါပဲ။ ကျွန်တော် ပြောနိုင်တာကတော့ ဘာမှ အတည်မပြုနိုင်သေးဘူး ဆိုတာပါ။ ကာဂါဝါဟာ ဘာတစ်ခုမှ ဆုံးဖြတ်ချက် မချရသေးပါဘူး" ဟု ပြောကြားသွားသည်။ ကာဂါဝါသည် ယခုနှစ် ဘောလုံး ရာသီတွင် ဒေါ့တ်မန်အသင်း ဂျာမန်ဘွန်းဒစ်လီဂါ၌ ဗိုလ်စွဲရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် ကစားခဲ့သည်။ ကာဂါဝါအား အသင်းက သက်တမ်းတိုးရန် လိုလား နေသလို မန်ယူ အသင်းကလည်း ရာသီကုန်တွင် ပေါင်စတာလင် (၇)သန်း ၀န်းကျင်ဖြင့် ခေါ်ယူရေး အတွက် ကြိုးပမ်းလျှက် ရှိသည်။
Ref:Goal
သတင်းတွေကတော့ မျိုးစုံ ထွက်နေတာပါပဲ။ ကျွန်တော် ပြောနိုင်တာကတော့ ဘာမှ အတည်မပြုနိုင်သေးဘူး ဆိုတာပါ။ ကာဂါဝါဟာ ဘာတစ်ခုမှ ဆုံးဖြတ်ချက် မချရသေးပါဘူး...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )