22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

မတော်ရာကို ရည်ရွယ်ချက် ရှိရှိ ကန်ခဲ့သည့် ဇိုကိုရာအား အမ်မရီ ဝေဖန်

မိမိ၏ မတော်ရာကို ရည်ရွယ်ချက် ရှိရှိ ကန်ကျောက်ခဲ့သည့် ဒီဒီရာ ဇိုကိုရာအား အမ်မရီ ဘီလိုဇိုဂလူက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

တူရကီ ကွင်းလယ် ကစားသမား အမ်မရီသည် ၎င်း၏ ကလပ် ဖီနာဘာချီနှင့် ထရွန်ဇွန်စပေါ အသင်းတို့ ရင်ဆိုင် ကစားချိန်တွင် အိုင်ဗရီကို့စ် လက်ရွေးစင်၏ တိုက်ခိုက်မှုနှင့် ကြုံခဲ့ရသည်။ ထိုပွဲမကစားမီက အမ်မရီ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းမှုကိုလည်း ဇိုကိုရာက ငြင်းဆန်ထားသည်။ အမ်မရီသည် ဇိုကိုရာအား လူမျိုးရေး ခွဲခြား ပြောဆိုမှုတစ်ခု ပြုလုပ် ထားဖူးရာ ယင်းကို ထရွန်ဇွန်စပေါ အလယ်တန်း ကစားသမားက အခဲမကျေ ဖြစ်နေခဲ့သည်။ ဇိုကိုရာသည် အဆိုပါ် လုပ်ပုံအတွက် အ၀ါကတ်ပြား အပြခံခဲ့ရသည်။

အမ်မရီကမူ ဘ၀ ဆုံးသွား စေလောက်သည့် လုပ်ရပ်အပေါ် ယခုထက် ပြင်းပြင်းထန်ထန် အရေး ယူစေလိုကြောင်း ပြောကြားခဲ့သည်။ "ကျွန်တော် xxxxxကို တည့်တည့်ကြီး သူက ကန်တာဗျ။ ကျွန်တော့်မှာ ကလေးတစ်ယောက် ရှိနှင့်နေတဲ့ အတွက် အလ္လာကို ကျေးဇူး တင်ရမယ်။ မဟုတ်ရင် နောက်ဆို ကျွန်တော် ကလေး အဖေတောင် ဖြစ်နိုင်တော့မယ် မထင်ဘူး" ဟု အမ်မရီက Vatanသို့ မကျေမနပ်ဖြင့် ပြောဆိုသွားသည်။ ၎င်းက "ဇိုကိုရာရဲ့ ကန်ချက်က အနီကတ်ကို ဖြစ်သင့်တာပါ။ ပြီးတော့ နောက်ထပ် (၂)ပွဲလောက်တောင် ပွဲပယ် ခံရသင့်တယ်" ဟုလည်း ဝေဖန်ခဲ့သည်။

အမ်မရီသည် ဇိုကိုရာအပေါ် ရိုင်းစိုင်း ကြမ်းကြုတ်သော လူမျိုးရေး ခွဲခြား ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ထင်ရှားသည့်အတွက် မကြာသေးမီက တူရကီ ဘောလုံးအဖွဲ့ချုပ်၏ (၂)ပွဲပယ် ပြစ်ဒဏ်ကို ကျခံခဲ့ရသည်။
Ref: Goal
ကျွန်တော် xxxxxကို တည့်တည့်ကြီး သူက ကန်တာဗျ။ ကျွန်တော့်မှာ ကလေးတစ်ယောက် ရှိနှင့်နေတဲ့ အတွက် အလ္လာကို ကျေးဇူး တင်ရမယ်။ မဟုတ်ရင် နောက်ဆို ကျွန်တော် ကလေး အဖေတောင် ဖြစ်နိုင်တော့မယ် မထင်ဘူး...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )