22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

တပ်မတော်မှ ဘောလုံးသမား ကောင်းများ ပေါ်ထွက်စေရန် သင်တန်းများ ပို့ချ

မြန်မာ့ ဘောလုံးသမိုင်းတွင် အစဉ်အလာ ရှိခဲ့သည့် တပ်မတော်မှ ဘောလုံးသမား ကောင်းများ ပေါ်ထွက်လာစေရန် ရည်မှန်း၍ AFC နှင့် MFF တို့ ပူးပေါင်း၍ ကာကွယ်ရေး ၀န်ကြီးဌာန အတွက် သီးသန့် AFC (C) လိုင်စင် နည်းပြ သင်တန်းနှင့် ဒိုင်လူကြီး သင်တန်းအား ပို့ချပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ နည်းပြနှင့် ဒိုင်သင်တန်းသို့ ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိနှင့် တပ်သား စုစုပေါင်း (၆၄)ဦး တက်ရောက်မည် ဖြစ်ကာ သင်တန်းဖွင့်ပွဲ အခမ်းအနားအား မေလ (၁၄)ရက်နေ့ နံနက်ပိုင်းက ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် တင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးဘန်နီတင်အောင်နှင့် တာဝန်ရှိသူများ၊ ဒိုင်သင်တန်းအား ပို့ချပေးမည့် ထိုင်းမှ မစ္စတာ ပီရွန် အမ်ပရာဆတ်၊ ကမ္ဘောဒီးယားမှ မစ္စတာ ပရက်ခ် ဆိုဗန်နာရာနှင့် သင်တန်းသားများ၊ မီဒီယာများ တက်ရောက်ခဲ့ကြသည်။
သင်တန်းသားများနှင့် အမှတ်တရ ဓာတ်ပုံရိုက်စဉ်

အခမ်းအနားတွင် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး တစ်ချိန်က မြန်မာ့ဘောလုံး အဆင့်အတန်း အောင်မြင်မှုများ ရရှိခဲ့စဉ်က ဗဟာဒူး၊ တင်အောင်(ဂိုး)၊ ဘရီ အစရှိသည့် တပ်မတော်သား ကစားသမားများမှာ အဓိက အရေးပါခဲ့ကြောင်း၊ မြန်မာတွင် သာမက အာရှထိပင် နာမည်ကျော်ခဲ့ကြကြောင်း၊ ယခုသင်တန်းများမှလည်း ကစားသမား ကောင်းများနှင့် နည်းပြဆရာ ကောင်းများ ပေါ်ထွက်လာရန် ရည်မှန်း၍ ကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက ကာကွယ်ရေး ၀န်ကြီးဌာနအတွက် ဘောလုံး အလုံး (၃၀၀)အား ပေးအပ်လှူဒါန်း ခဲ့ကြောင်းလည်း သိရသည်။
Ref:myanmarnationleague.com
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )