22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

ရူးသွားလောက်သော ပွဲအဖြစ် QPR အား အနိုင် ရသည့်ပွဲကို မန်စီနီ ညွှန်းဆို

မန်ချက်စတာ စီးတီး အသင်း၏ မန်နေဂျာ ရောဘတ်တို မန်စီနီက ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် အဆုံးအဖြတ် ဖြစ်ခဲ့သော QPRနိုင်ပွဲသည် ရူးသွားလောက်သည့် အခြေအနေမျိုးဟု ၀န်ခံခဲ့သည်။

မန်စီးတီးသည် အိမ်ကွင်းတွင် (၁၀)ယောက်ကျန် QPRကို မိနစ်(၉၀)ထိ (၂-၁)ဖြင့် အရေး နိမ့်နေပြီးမှ (၂)ဂိုးဆက်တိုက် သွင်းယူကာ (၃-၂)ဖြင့် အနိုင်ရပြီး (၄၄)နှစ်ကြာ ဝေးကွာခဲ့သည့် အမှတ်ပေး ချန်ပီယံ ဆုကို သိမ်းပိုက်နိုင်ခဲ့သည်။ ဂျီဘရယ်လ် ဆစ်ဆေးနှင့် ဂျေမီမက်ကေးတို့၏ သွင်းဂိုးများသည် အပြာနုရောင် အိမ်ရှင် အသင်းကို ခြောက်လှန့် ခဲ့သေးသော်လည်း ပက်ဘလို ဇာဘလက်တာ၊ အီဒင်ဂျက်ကိုနှင့် ဆာဂျီယို အဂူရိုတို့၏ ဂိုးများကြောင့် မန်စီးတီးက မန်ချက်စတာ ယူနိုက်တက်အား ရမှတ်တူ၊ ဂိုးကွာခြားချက် အသာစီးဖြင့် ချန်ပီယံဘွဲ့ကို လက်လှမ်းနိုင်ခဲ့သည်။
ပျော်မြူးနေသည့် မန်စီနီ

အီတလီသား မန်နေဂျာကြီး မန်စီနီက "မယုံနိုင်လောက်အောင်ပဲ။ ကျွန်တော့် ချာတိတ်တွေ အတွက် ဒီအောင်ပွဲက ထိုက်တန်ပါတယ်။ ဒီလို အနေအထားမျိုးနဲ့ နိုင်မယ်ဆိုတာ ယုံဖို့ ခက်နေတုန်းပဲ။ ကျွန်တော်တို့ အသင်းဟာ အရှုံးနဲ့ မထိုက်တန်ခဲ့ပါဘူး။ တစ်ပွဲလုံး အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ (၄၄)နှစ်ကြာမှ ဆုဖလား ပြန်ရတဲ့ အတွက် အရမ်း ပျော်ရွှင်နေမိတယ်။ ဒီရာသီ တစ်ခုလုံးက အရူးလိုပါပဲ။ QPRနဲ့ပွဲ နောက်ဆုံး မိနစ်ပိုင်းတွေကတော့ ရူးသွားနိုင်လောက်တယ်" ဟု ပြောကြားသွားသည်။

ပရီးမီးယားလိဂ် ဖလားကို မန်စီးတီး ကစားသမား တစ်ဦး အနေဖြင့် ပထမဆုံး ကိုင်မြှောက်ခွင့် ရခဲ့သူ ဗင်းဆင့် ကွမ်ပနီက ယခုအောင်မြင်မှု အခိုက်အတန့်တိုင်းသည် ဘ၀တွင် စိုးတထိတ်ထိတ်နှင့် အမှတ်တရ ဖြစ်နေလိမ့်မည်ဟု ၀န်ခံသွားသည်။ "လူတွေကတော့ ကျွန်တော်တို့ အတွက် ပျော်စရာ အကောင်းဆုံး အချိန်လို့ ညွှန်းဆိုနေကြလိမ့်မယ်။ ကျွန်တော် ရိုးရိုးသားသားပဲ ပြောပါရစေ။ ဒါမျိုး ထပ်မကြုံ ပါရစေနဲ့တော့။ ကျွန်တော်တို့ဟာ ခြေစွမ်းကောင်းခဲ့ပေမယ့် အရမ်း ရုန်းကန် ခဲ့ရပါတယ်။ ဒါပေမဲ့ အသင်းအပေါ် ယုံကြည်စိတ်က ဘယ်တော့မှ မပျက်စီးသွားဘူး။ ဂျက်ကို ဂိုးသွင်းလိုက်တော့ ကျွန်တော်တို့ ဒီရာသီမှာ အများကြီး ရုန်းထွက်နိုင်ခဲ့တာတွေကို ပြန်သတိ ရလာတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်က ပိုခိုင်မာ သွားပါတယ်" ဟု ကွမ်ပနီက ပြောဆိုသွားခဲ့သည်။
Ref: Daily Mail
(၄၄)နှစ်ကြာမှ ဆုဖလား ပြန်ရတဲ့ အတွက် အရမ်း ပျော်ရွှင်နေမိတယ်။ ဒီရာသီ တစ်ခုလုံးက အရူးလိုပါပဲ။ QPRနဲ့ပွဲ နောက်ဆုံး မိနစ်ပိုင်းတွေကတော့ ရူးသွားနိုင်လောက်တယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )