22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

ရှုံးပွဲမရှိ ချန်ပီယံအဖြစ် ရာသီ သိမ်းခဲ့သည့် ဂျူဗင်းတပ်စ်

အီတလီ စီးရီးအေ ဘောလုံး ရာသီတွင် ဂျူဗင်းတပ်စ် အသင်းသည် ကြိုတင် မျှော်လင့်ထားသည့်အတိုင်း တစ်ရာသီလုံး ရှုံးပွဲ မရှိဘဲ ဗိုလ်စွဲနိုင်ခဲ့ပြီ ဖြစ်သည်။

အသင်းအတွက် နှစ်ပေါင်း(၂၀)နီးပါး ပေးဆပ် မြှုပ်နှံခဲ့သည့် သက်တော်ရှည် ကစားသမားကြီး အလက်ဇန္ဒရို ဒယ်လ်ပီယာရိုဿည် ၎င်း၏ ဂျူဗင်းတပ်စ် ကစားသမား ဘ၀ နောက်ဆုံး ပွဲစဉ်တွင် ဂိုးသွင်းယူကာ ပရိသတ်အား နှုတ်ဆက်ခဲ့သည်။ တူရင်မြေရှိ ပရိသတ်များ ရှေ့တွင် ဂျူဗင်းတပ်စ်က အတ္တလန္တာအား (၃-၁)ဖြင့် အနိုင်ရခဲ့ပြီး ၀ါရင့် အီတလီ တိုက်စစ်မှူးကြီးက (၁)ဂိုး သွင်းယူသွားသည်။ ဂျူဗင်းတပ်စ်သည် ပွဲအစ (၉)မိနစ်ကတည်းက မာကို ဘော်ရယ်လီယို၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်

ဒယ်လ်ပီယာရိုသည် ဂျူဗင်းတပ်စ် အသင်းအတွက် (၁၉၉၃)ခုနှစ် ကတည်းက စတင်ကစားပြီး (၂၉၈)ဂိုး သွင်းယူပေးခဲ့သည်။ ဒယ်လ်ပီယာရိုသည် (၅၇)မိနစ်တွင် လူစားလဲခဲ့ရာ နှစ်ဖက်အသင်း ကစားသမားများရော၊ ပရိသတ်များကပါ ၎င်းကို ဂုဏ်ပြု လက်ခုပ်တီး နှုတ်ဆက်ခဲ့ကြသည်။ တူရင်မြို့ခံ အသင်းသည် ယခုပွဲ မတိုင်မီ ကတည်းက အီတလီ စီးရီးအေ ချန်ပီယံဆုကို ရရှိထားပြီး ဖြစ်ရာ ဆုလက်ခံယူသည့် ပွဲသို့ တပျော်တပါး စုရုံး တက်ရောက်လာကြသည်။ ဂျူဗင်းတပ်စ်သည် (၂၀၀၆)ခုနှစ်က လုပ်ပွဲ အရှုပ်တော် ပုံကြောင့် စီးရီးအေ ချန်ပီယံဆု (၂)ကြိမ် ရုတ်သိမ်း ခံရသလို တန်းပါ ဆင်းခဲ့ရသည်။

နည်းပြ အန်တိုနီယို ကွန်တီ ဦးဆောင်သော အသင်းသည် တစ်ရာသီလုံး ရှုံးပွဲမရှိ ဖြတ်သန်းခဲ့ပြီးနောက် အီတလီ ဘောလုံးလောကတွင် တတိယမြောက် ရှုံးပွဲမရှိဘဲ ရာသီသိမ်းသော အသင်း ဖြစ်လာသည်။ (၁၉၉၂)ခုနှစ်က မီလန်သည် ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်ခဲ့ဖူးသည်။ (၁၉၇၉)ခုနှစ်ကမူ ပီရူဂျီယာသည် ရှုံးပွဲမရှိဘဲ တစ်ရာသီ ဖြတ်သန်းခဲ့သော်လည်း ချန်ပီယံ မဖြစ်ခဲ့ဟု သိရှိရသည်။
Ref: Daily Mail
နည်းပြ အန်တိုနီယို ကွန်တီ ဦးဆောင်သော အသင်းသည် တစ်ရာသီလုံး ရှုံးပွဲမရှိ ဖြတ်သန်းခဲ့ပြီးနောက် အီတလီ ဘောလုံးလောကတွင် တတိယမြောက် ရှုံးပွဲမရှိဘဲ ရာသီသိမ်းသော အသင်း ဖြစ်လာ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )